မာတိကာသို့ ခုန်သွားရန်

မင်းနောင် (ဝန်ကြီး)

ဝီကီပီးဒီးယား မှ

မင်းနောင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်အစိုးရ
သမ္မတမင်းအောင်လှိုင်
လက်ထောက်-
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃  ၁၀ ဧပြီ ၂၀၂၆
သမ္မတ
ခေါင်းဆောင်
ယခင်လူလှမိုး
ဆက်ခံသူကိုယ်တိုင်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ
အတွင်းရေးမှူး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၃၁ ဇန်နဝါရီ ၂၀၂၃
ယခင်လူကိုယ်တိုင်
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်
တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၊အဖွဲ့ဝင်
တာဝန်သက်တမ်း
၉ နိုဝင်ဘာ ၂၀၂၀  ၃၁ ဇန်နဝါရီ ၂၀၂၃
အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
ဇူလိုင် ၂၀၁၉  ၉ နိုဝင်ဘာ ၂၀၂၀
တပ်မတော်စစ်ဆေးရေး အရာရှိချုပ်
တာဝန်သက်တမ်း
၂၀၁၈  ၂၀၁၉
အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး
တာဝန်သက်တမ်း
၂၀၁၅  ၂၀၁၈
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး)
ဆုတံဆိပ်များ
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဒုတိယဗိုလ်ချုပ်ကြီး(ကြည်း ၁၈၂၈၀)

ဦးမင်းနောင် သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[] ၂၀၂၆ ခုနှစ် ဧပြီ ၁၀ရက်တွင် ထိုရာထူး စတင်ခန့်အပ်ခဲ့သည်။ ယခင်က ထိုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊မြန်မာ့တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။

စစ်မှုထမ်းခြင်း

[ပြင်ဆင်ရန်]

ဦးမင်းနောင်သည် ရန်ကုန်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သည့်အပြင် ရန်ကုန်တက္ကသိုလ်မှ တက္ကသိုလ်အရန်တပ်ဖွဲ့(ယူတီစီ) တပ်ဖွဲ့ဝင်ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်သည်။[] ဘွဲ့ရပြီးနောက် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ အပတ်စဉ်(၆၆)သို့တက်ရောက်သည်။ ရာထူးအဆင့်ဆင့်တိုးပြီး ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မ ၅၅ တွင် နည်းဗျူဟာမှူး၊၂၀၁၀ ဩဂုတ်လတွင် အမှတ် ၁၀၁ တပ်မမှူး အဖြစ်တာဝန်ထမ်းဆောင်သည်။

၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးတိုးခဲ့ကာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ဩဂုတ်လတွင် အမှတ်-၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။[][] ၂၀၁၆ မတ်လ နောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်ရာထူးတိုးကာ ၂၀၁၈ ခုနှစ်တွင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် နှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမှတ်- ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ၂၀၂၀ နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်အရန်အင်အားဖြင့် []

ထိုရာထူးတာဝန်များမှနေ၍ အနားယူကာ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဝင် အဖြစ်တာဝန်ထမ်းဆောင်သည်။[][] [] ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် တွင် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဝင်အဖြစ် ဆက်လက်တာဝန်ပေးခံရပြီးနောက်ပိုင်း [] ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ တွင် အတွင်းရေးမှူးတာဝန်ပါ ထမ်းဆောင်ခဲ့သည်။[၁၀][၁၁]

ဝန်ကြီးဘဝ

[ပြင်ဆင်ရန်]

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ပေးခံရသည်။[၁၂]

၂၀၂၆ခုနှစ် ဧပြီ ၇ရက်တွင် ဦးမင်းအောင်လှိုင်အစိုးရက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် အဆိုပြုခဲ့သည်။[၁၃]လွှတ်တော်က သဘောတူလက်ခံသည့်အတွက် ဧပြီ ၁၀ရက်တွင် ထိုတာဝန်စတင်ထမ်းဆောင်သည်။

အပ်နှင်းခံရသည့် ဘွဲ့များ

[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဇေယျကျော်ထင်ဘွဲ့ [၁၄] ၊ ၂၀၂၂ နိုဝင်ဘာ ၁၇ တွင် စည်သူဘွဲ့[၁၅] များအပ်နှင်းခံရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သော သရေစည်သူဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၁၆]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂဝန်ဆောင်မှုရုံး (UNOPS Myanmar) ၏ Country Director ကို လက်ခံတွေ့ဆုံ MOAIL Myanmar (၂၅ ဖေဖော်ဝါရီ ၂၀၂၃)။ 28 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၂) Myanmar Digital News (၃ ဒီဇင်ဘာ ၂၀၂၀)။ 28 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နယ်ခြားစောင့်တပ်နှင့် တပ်မတော် နှစ်ရက်ကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားလျက်ရှိရာမှ Without Car ၁၈၄ စီး အပ်နှင်းပြီးနောက် နှစ်ဖက်တာဝန်ရှိသူများညှိနှိုင်းချက်အရ ပြေလည်မှုရရှိ Eleven Media Group (၂၆ မတ် ၂၀၁၈)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဒုတိယဗိုလ်ချုပ်ကြီးတချို့အငြိမ်းစားယူခွင့်ပြု BBC Burmese (၁၀ ဩဂုတ် ၂၀၁၅)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ ဧရာဝတီ (၂၀ ဒီဇင်ဘာ ၂၀၂၀)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ ဖွဲ့စည်း DVB (၉ နိုဝင်ဘာ ၂၀၂၀)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း ဧရာဝတီ (၁၁ နိုဝင်ဘာ ၂၀၂၀)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအသစ်ကို ဘာလို့ ဖွဲ့တာလဲ BBC Burmese (၁၀ နိုဝင်ဘာ၂၀၂၀)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် (၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်) (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) CINCDS Myanmar (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ ဆွေးနွေး Eleven Media Group (၂၄ စက်တင်ဘာ ၂၀၂၂)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. NSPNC Secretary Lt-Gen Min Naung Receives Head of the Office of the Special Envoy of the ASEAN Chair Myanmar Information Sheet (၂၄ စက်တင်ဘာ ၂၀၂၂)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  12. ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ (in my)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  13. ဧရာဝတီ (2026-04-07)။ စစ်ခေါင်းဆောင်ရဲ့ အစိုးရသစ် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်းရံ (in en-US)။ 2026-04-08 တွင် ပြန်စစ်ပြီး။
  14. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၆ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များအပ်နှင်းခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း အမှတ်၁၈၊ အတွဲ၆၉ (၂၂ ဧပြီ ၂၀၁၆)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း ၊ အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂ ၊ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၂၈ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။