မင်းခေါင်ဘုရင်များ
မင်းခေါင်ဘုရင်များ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံသမိုင်းတွင် မင်းခေါင်အမည်ဖြင့်မင်းနှစ်ပါး ပေါ်ထွန်းခဲ့၏။ နှစ်ပါးလုံးပင် အင်းဝနန်းကို စိုးစံခဲ့ကြပေ သည်။
ပထမမင်းခေါင်(မြန်မာ ၇၆၃ - ၇၈၃)
[ပြင်ဆင်ရန်]ပထမမင်းခေါင်ဟူ၍လည်းကောင်း၊ မင်းခေါင်ကြီးဟူ၍ လည်းကောင်း ထင်ရှားသော ဤမင်းသည် အင်းဝရွှေနန်းကို သက္ကရာဇ် ၇၆၃ ခုနှစ်မှ ၇၈၃ ခုနှစ်အထိ စိုးစံသည်။ မင်းကြီး စွာစော်ကဲ၏ သားတော်ဖြစ်၍ ပုဂံ နရသီဟပတေ့ တရုတ်ပြေး မင်း၏ တီတော်ဖြစ်သည်။ ခမည်းတော် မင်းကြီးစွာစော်ကဲသည် သားတော်ကြီး ဆင်ဖြူရှင် တရဖျားအား အိမ်ရှေ့အရာနှင်းသော အခါ သားတော်ငယ်များဖြစ်သော မင်းဆွေနှင့် ရှင်သိဒ္ဓတ်တို့ အား နောင်တော်အိမ်ရှေ့မင်းသား မင်းဖြစ်သောအခါ နှိပ်စက် ညှဉ်းပန်းမည်စိုး၍ ငယ်စဉ်မျက်ကွယ်ရာ၌ သေသည်က ကောင်းတော့သည်ဟုယူဆကာ ထွန်တုံးပူတက်၊ တောင်တွင်းကျောက် စစ်၊ ပန်းထိမ်းမဘဲ အစရှိသော အရပ်တို့တွင် အထိန်းတော် ငခင်ညို၊ ငခင်ဘား၊ ထိုပြင် မင်းဥဒိန်တို့နှင့် ထား၏။ မင်းဆွေ ကား မင်းခေါင် ငယ်မည်ဖြစ်၏။ ထိုအခါ ငခင်ညိုကား ?င်း၊ ငခင်ဘားကား စည်းစုပ်ကို တီးမှုတ်၍ နတ်ကရာတိုင်းရသော လာဘ်သပ်ပကာတို့ဖြင့် မိမိတို့ အဆင်းရဲခံကာ မင်းဆွေနှင့် ရှင်သိဒ္ဓတ်တို့အား လုပ်ကျွေးမွေးမြူကြ၏။ မင်းဥဒိနန်မူကား ငခင်ညိုနှင့် ငခင်ဘားတို့လောက် အဆင်းရဲမခံနိုင်သဖြင့် ဦးရီး တော် တူရွင်းစား မင်းစောကျိုင်း၏ထံသို့ဝင်၍ အမှုထမ်းသည်။ မင်းဆွေ အသက် ၉ နှစ်၊ ရှင်သိဒ္ဓတ် အသက် ၇ နှစ် ရှိသောအခါ ခမည်းတော် မင်းကြီးစွာစော်ကဲသည် သားတော် နှစ်ပါး၏ ကံအတိုင်းပင်ဟု အောက်မေ့ပြန်ကာ ခြေတော်ရင်းသို့ ခေါ်တော်မူပြီးလျှင်၊ ပင်လယ်ကျေး သင်္ဃရာဇာ ဆရာတော်ထံ တွင်အပ်နှံ၍ စာပေပညာများသင်ကြားစေသည်။ ထိုသို့ ပညာ သင်ယူဆဲ အသက် ၁၂ နှစ်အရွယ်တွင် မင်းဆွေသည် မိမိ၏ အူများထွက်၍ အင်းဝမြို့အလုံးရစ်ပတ်သည်ဟု အိပ်မက်လေရာ၊ ဆရာတော်အား ညဉ့်သန်းခေါင်ကျော်အချိန်တွင် နှိုး၍ လျှောက် ထားလေလျှင်၊ ဆရာတော်က မင်းဆွေ မင်းဖြစ်မည်ဟု နိမိတ် ဖတ်၏။ နောက်များ မကြာမီပင် မင်းဆွေသည် မင်းသားတို့၏ အဆောင်အယောင်နှင့်တကွ ပြင်စည်မြို့ကိုစားရသည်။ မင်းဆွေ သည် မင်းသားတကာတို့ တတ်သင့်တတ်ထိုက်သော ဆင်၊ မြင်း၊ ကာ၊ လွှား၊ လေး၊ လှံ အတတ်၊ ရာဇဝင်ထုံးပုံနည်းနာ၊ ပြည်ထဲရေးရာ အဖြာဖြာ ခွဲဝေမှုတို့ကို တတ်မြောက်သည့်အပြင် ခမည်းတော်၏ ပညာရှိ စည်းတပြစ်အမတ်ကြီး (နောင်သော် ဘိုးရာဇာတွင်သည် ) ထံတွင်လည်း ဆည်းကပ်၍ ဆုံးမဩဝါဒ ခံယူခဲ့ပေသည်။
သက္ကရာဇ် ၇၆၂ ခုနှစ်တွင် မင်းကြီးစွာစော်ကဲ လွန်
လေသော် သားတော် ဆင်ဖြူရှင်တရဖျား ထီးနန်းဆက်ခံ၏။
ထိုနောက် အထိန်းတော် ငနောက်ဆံ လုပ်ကြံ၍ တရဖျား လွန်
လေသော် မှူးတော်မတ်တော်တို့သည် နန်းကိုသိမ်း၍ အခိုင်အလုံ
နေသော ငနောက်ဆံကို ညိ|နှိုင်းတိုင်ပင်လုပ်ကြံပြီးလျှင် မင်းဆွေ
အား မင်းပြုပါမည့်အကြောင်း လျှောက်ထားကြ၏။ အစသော်
မင်းဆွေသည် မိမိ၌ အင်အားအလုံးအရင်း မရှိသောကြောင့်
ဦးရီးတော် ရမည်းသင်းစား မဟာပြောက်အား မင်းပြုစေတော့
ဟူ၍ နန်းကိုလွှဲ၏။ ဤအကြောင်းကို ညီတော်ရှင်သိဒ္ဓတ် ကြား
သော် မကျေမနပ်ဖြစ်လျက်၊ မင်းပြုရမည်ဟူ၍ အလုံးအရင်း
နှင့်ချီလာကာ စကားအင်း တောင် ရန်အောင်မြင်အရပ်တွင်
တပ်ချနေသော ရမည်းသင်းစား မဟာပြောက်အား အမှတ်မဲ့
နေခိုက် အလုံးအရင်းဖြင့် တိုက်လေရာ ရမည်းသင်းစား မဟာ
ပြောက် ကြမ္မာကုန်၏။ ထိုအခါ မှူးမတ်တို့လည်း တစ်ဖန်
စုရုံးတိုင်ပင်ကြပြီးလျှင် ၇၆၃ ခုနှစ်တွင် မင်းဆွေအား မင်း
မြောက်ကြ၏။ ထိုသို့ အထွတ်အထိပ်သို့ ရောက်တော်မူပြီး
နောက်၊ ပုဂံ ရွှေစည်းခုံသို့ သွားရောက်ဖူးမြော်တော်မူရာ
ရွှေစည်းခုံဘုရား အရှေ့တောင်ထောင့်က ခြင်္သေ့ရုပ်သည် နားပါး
ဦးလည်ထောင်၍ အမြီးကိုချီလျက် မြူးစရုပ်ပြုသောဟူ၏။
ထိုညဉ့် စက်တော်ခေါ်သောအခါ မင်းခေါင်ဟူသော အမည်ကို
ခံလေဟူ၍ အိပ်မက်ပေးသောကြောင့် မင်းခေါင်ဟူသော အမည်
ကို ခံတော်မူသည်။
မင်းခေါင်သည် မင်းဖြစ်လာသောအခါ ဆင်းရဲစဉ်
ရောင်းရင်းဘက်တို့ကို ပြုစုချီးမြှင့်တော်မူသည်။ နန်းတက်ပြီး၍
မကြာမီပင် ရခိုင်တို့က ထိပါးလာသည်။ နောက် မွန်တို့က
လည်း အင်းဝသို့ စစ်ချီလာသည်။ ထိုစဉ် မွန်တို့ဘုရင်ကား
ရာဇာဓိရာဇ်တည်း။
မင်းခေါင်ဘုရင်၏ နန်းသက်တစ်လျှောက်လုံး ဆိုသလိုပင် မွန်နှင့် ရခိုင်၊ အထူး
သဖြင့် မွန်တို့နှင့် စစ်တိုက်နေခဲ့ရပေသည်။ မင်းနှစ်ပါးလုံး
ဘုန်းတန်ခိုးနှင့် ပြည့်စုံကာ၊ ၂ ဖက်လုံးတွင်လည်း သူရဲကောင်း
များ ရှိ၏။ မွန်တို့ဘက်မှ လဂွန်းအိမ်၊ သမိန်ဇိပ်ဗြဲ၊ သမိန်
ဖြတ်စ စသည့် သူရဲကောင်းများသည် လည်းကောင်း၊ မြန်မာ
တို့ဘက်မှ မိုးညှင်းသတိုး၊ သားတော် မင်းရဲကျော်စွာ၊ ဘယဂါ
မဏိ၊ ရာဇသင်္ကြံ စသည်တို့သည်လည်းကောင်း များစွာအားကိုး
ရသော သူရဲကောင်းတို့ ဖြစ်၏။ မင်းရဲကျော်စွာမှာ ရှေးဘဝက
ရာဇာဓိရာဇ်၏ သားတော် ဗောလောကျန်းတော ဆုတောင်း
အဓိဋ္ဌာန်ပြုချက်အရ မြန်မာမင်းတွင် လာရောက်ဝင်စားသော
ဟူ၏။ ဘုရင်မင်းခေါင်အား မင်းမှုရေးရာ အဖြာဖြာတွင် အကြံ
ဉာာဏ်ပေးသော အမတ်ပညာရှိမှာ အခြားသူမဟုတ် ဝန်စင်း
ဘိုးရာဇာပင် ဖြစ်၏။
ထိုပြင် ပင်းယ စကြိုသူမြတ်သည်လည်း ၇၆၆ ခုနှစ်တွင် မွန်ဘုရင်
ရာဇာဓိရာဇ် အင်းဝသို့ ချီတက်လာ၍ မြန်မာတို့ အကျပ်တွေ့နေစဉ် နှစ်ဦး
နှစ်ဖက်မှ ဓားမကျိုး၊ လှံမကျိုးစေရဘဲ နှုတ်ရေးဖြင့်သာ
ပြေငြိမ်းမှုရအောင် ဆောင်ရွက်ပေးခဲ့လေသည်။
သက္ကရာဇ် ၇၆၅ ခုနှစ်တွင် ရခိုင်ဘုရင် ထော်ရာကြီး
ထိပါးလာ၍ သားတော် မင်းရဲကျော်စွာ ရခိုင်သို့ချီတက် တိုက်
ခိုက်ပြီးလျှင် မင်းခေါင်ကြီး သမီးတော် စောပြည့်ချမ်းသာနှင့်
စုံဖက်သော အနော်ရထာစောကို နန်းတင်ခဲ့သည်။
ယင်းနှစ်တွင်ပင် အုန်းဘောင်စော်ဘွား သိုကြောင်ဘွား
နှင့် ရဲမက်အများ ထွန်တုံးပူတက် အရပ်တို့ကို ထိပါးလာ၏။ ဘုရင်မင်းခေါင်
သိတော်မူလျှင် မင်းရာဇာအစရှိသော ပညာရှိ
မှူးမတ်တို့ကို ခေါ်တော်မူပြီးလျှင် တိုင်ပင်တော်မူလေရာ
မင်းရာဇာ၏ လျှောက်ထားချက်အတိုင်း အုန်းဘောင်စော်ဘွားကို
အမြိတ်အစွန်တော်နှင့် သူကောင်းပြုသောအားဖြင့် ရန်မီးငြိမ်းစေ
ခဲ့သည်။
ခမည်းတော် မင်းကြီးစွာစော်ကဲလက်ထက်က စတင်ခဲ့
သော မွန်တို့နှင့်ဖြစ်ပွားသည့် အရေးအခင်းသည် မင်းခေါင်
လက်ထက်တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ပေသည်။ သက္ကရာဇ်
၇၆၆ ခုနှစ်တွင် ရာဇာဓိရာဇ်သည် လှေတပ် ကြီးစွာဖွဲ့၍ အင်းဝ
မြောက် ရွှေကြက်ယက်အထိ ဆန်တက်လာသည်။ မြန်မာတို့
လှေတပ် အားမတူသဖြင့် ထွက်မတိုက်ဝံ့၍ မြို့ပြအလုံပိတ်၍
သာ နေကြရသည်။ နောင် ပင်းယ စကြိုသူမြတ် ဟောပြောဆုံးမ
၍ ရာဇာဓိရာဇ် ဟံသာဝတီသို့ပြန်သည်။
သို့သော် ရန်မီးကား လုံးဝငြိမ်းအေးသွားသည်မရှိပေ။
မင်းခေါင်လက်ထက် ရာဇာဓိရာဇ်နှင့်တိုက်သော စစ်ပွဲများတွင်
မင်းခေါင်သည် သားတော်မင်းရဲကျော်စွာကို များစွာအားကိုးရပေ
သည်။ မင်းရဲကျော်စွာသည် ၇၇၈ ခုနှစ်တွင် သေစာသောက်
ကြူးလျက် ဗိုလ်မှူးတပ်မှူးတို့၏ စကားကို နားမထောင်ဘဲ
မွန်တို့ စစ်မြှူရာသို့ လိုက်လံတိုက်ခိုက်ရာတွင် ကျဆုံးရ၏။
မင်းခေါင်သည်လည်း သားတော်ကျဆုံးသည်တွင် များစွာ စိတ်
ထိခိုက်ခဲ့ရလေသည်။
မင်းကြီးစွာစော်ကဲ လက်ထက်တွင်လည်းကောင်း၊
မင်းခေါင်လက်ထက်တွင်လည်းကောင်း ရာဇာဓိရာဇ်နှင့် တိုက်ရ
သောစစ်ပွဲများတွင် မြန်မာတို့က ပဲခူးကိုရသည်ဟူ၍ မရှိ
သော်လည်း မွန်ပြည်တွင်း၌ တိုက်ခိုက်ခဲ့သည်သာ များသည်။
မြန်မာတို့က အုန်းဘောင်၊ ညောင်ရွှေ၊ ကလေး၊ မိုးည|င်း၊
ရှမ်းပြည်တို့ကို အစိုးရသဖြင့် ရှမ်းတပ်များပါဝင်သည်။ စစ်ချီရာ
လမ်းမှာ (၁)ဧရာဝတီကြောင်းချီပြီးလျှင် ပြည်မြို့ကို စခန်းမကြီး
ပြုလျက် လှိုင်မြစ်ကြောင်းဖြင့် ဒဂုံသို့ချီသော တစ်လမ်း၊ (၂)
စစ်တောင်းမြစ်ဝှမ်းကို လျှောက်၍ တောင်ငူသို့ချီသောတစ်လမ်း
ဖြစ်လေသည်။
စစ်တိုက်ခိုက်ရာ၌ ခြေခင်းလက်ခင်း သာသည့်အခါ၌
သာ တိုက်ခိုက်ကြသည်။ မိုးကျလျှင် ပြန်ကြပြန်သည်။ တိုက်
ခိုက်ကြပုံမှာလည်း မြန်မာနှင့် ယိုးဒယား၊ မြန်မာနှင့် တရုတ်
တို့ကဲ့သို့ စစ်မျက်နှာဖြန့်လျက် အကြီးအကျယ်ခင်းကျင်း တိုက်
ခိုက်ခြင်း နည်းသည်။ တစ်တပ်က မြို့တွင်းကခံ၊ တစ်တပ်က
အပြင်ကတိုက်၊ သို့မဟုတ် တပ်ချီလာသည်ကို တစ်တပ်က
ပုန်းကြို၍တိုက်၊ မင်းချင်း၊ ဗိုလ်မှူးချင်း၊ ဆင်စီးလျက် မြင်း
စီးလျက်တိုက်၊ ဆင် ဦးလှည့်၍ပြေးလျှင် စစ်ရှုံး၊ ဤသို့သာ
များကြသည်။ စစ်ဖြစ်လွယ်သည်။ စစ်ပွဲအတွင်း တစ်ဖက်နှင့်
တစ်ဖက် သွားလာကျွေးမွေး ခေါ်ငင်ကြသည်လည်း ရှိသည်။
ထိုစစ်အတွင်း အရှင်၏သစ္စာကို မှန်ကန်စွာစောင့်ထိန်း ၍ အမှုထမ်းသော သူရဲကောင်းတို့လည်းရှိသည်။ တစ်ဖက်မှ တစ်ဖက်သို့ ဝင်စားကြသည်လည်း ရှိသည်။ သူရသတ္တိပြည့်စုံစွာ တိုက်ခိုက်ကြသည် ရှိသော်လည်း မင်းရဲကျော်စွာက လဂွန်းအိမ် ကို လှည့်ဖြားသကဲ့သို့ ဥပါယ်တံမျဉ်ဖြင့် လှည့်ပတ်၍ တိုက် ခိုက်ကြသည်လည်း ရှိလေသည်။ ၇၇၄ ခုနှစ်၌ သိန္နီစော်ဘွား ထိပါးလာ၏။ သို့သော် မင်းရဲကျော်စွာ တိုက်ခိုက်သဖြင့် မြန်မာတို့ အနိုင်ရသည်။ ၇၇၅ ခုနှစ်ကလည်း မြေဒူးမြို့ကို မော်တုံမော်ကယ်စား ရှမ်းညီနောင် တို့ ထိပါးလာသော်လည်း မင်းရဲကျော်စွာပင် တိုက်ခိုက်နှိမ်နင်း ခဲ့သည်။ ၇၇၆ ခုနှစ်တွင် တရုတ်တို့ တပ်ကြီးချီလာရာ မွန် သူရဲကောင်းသမိန်ဗရမ်း အင်းဝတွင်ရှိ၍ တရုတ်သူရဲကာမဏိ ကို သမိန်ဗရမ်း စီးချင်းတိုက်၍ နိုင်သည်တွင် တရုတ်တို့ ပြန်လေသည်။
မင်းခေါင်ကြီးသည် ၇၈၃ ခုနှစ်တွင် အနိစ္စရောက်
သည်။ မင်းခေါင်ကြီးသည် စစ်ပွဲများတွင် ကိုယ်တိုင် ဝင်ရောက်
တိုက်ခိုက်လျက် လက်ရုံးရည်ဖြင့် ပြည့်ဝသကဲ့သို့ပင် နှလုံးရည်
ပြည့်ဝသူလည်းဖြစ်၏။ နန္ဒဝန်လျှင်၊ အလွန်စည်ပင်၊ ကျင်
လည်ဇာတိ၊ မွေးကျိုးရှိ၍ ချီသော ကျေးစေရတုတစ်ပုဒ်ကို
ကိုယ်တော်တိုင် စပ်ဆိုခဲ့သည်။ မြန်မာမှုကို များစွာအားပေးခဲ့
သည်။
ဒုတိယ မင်းခေါင် (မြန်မာ ၈၄၂-၈၆၃)
[ပြင်ဆင်ရန်]ဒုတိယ မင်းခေါင်သည် မင်ခေါင်ကြီး၏နောက် နှစ် ပေါင်း ၅၉ နှစ်အလွန် ၈၄၂ ခုနှစ်တွင် အင်းဝနန်းကိုစံမြန်း သည်။ ဒုတိယမင်းခေါင်သည် မိုးည|င်းမင်းတရား၏ သားတော် အငယ် နရပတိ၏ သားတော် ပြည်စုံမင်းခေါ် သီဟသူ၏ သား တော်ဖြစ်၏။ ဒုတိယမင်းခေါင် လက်ထက်တွင် ညီတော် စလင်း မင်း၊ ရမည်းသင်းမင်း၊ ဘထွေးတော် ပြည်မင်းတို့ ခြားနားကြ သည်။ မြောက်ဘက်၌ မြေဒူး၊ ငရနဲကို ရှမ်းတို့ အထိအပါး များသည်။ သားတော်ကို သီဟသူအမည်နှင့် မင်းမြေ|ာက်သည်။ နန်းတစ်ခုတည်းပေါ်တွင် မင်း ၂ ပါး ထီးဖြူဆောင်း၍ မင်ပြိုင် အုပ်စိုးသည်။ သီဟသူသည် သက္ကရာဇ် ၈၆၂ ခုနှစ်တွင် အနိစ္စရောက်သည်။ ဒုတိယမင်းခေါင်သည် တောင်ငူမင်းကြီးညိုအား မဟာ သီရိဇေယျသူဘွဲ့နှင့် ထီးဖြူဆောင်းစေသည်။ ဒုတိယ မင်းခေါင်သည် ပညာရှိတို့ကို မြတ်နိုး၍ ချီးမြေ|ာက်တော်မူသည်။ ဤမင်းလက်ထက်တွင် ရှင်မဟာ သီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်ဥတ္တမကျော်၊ ရှင်အဂ္ဂသမာဓိ စသော ပုဂ္ဂိုလ်ကျော်များ ပေါ်ပေါက်ကာ ပျို့၊ လင်္ကာကဗျာများ အထူးတလည်စည်ပင်တိုးပွားသည်။ ဒုတိယ မင်းခေါင်သည် စာသဘင်များ ကျင်းပကာ ရှင်မဟာ သီလဝံသနှင့် ရှင်မဟာ ရဋ္ဌသာရတို့၏ ပျို့၊ လင်္ကာများကို ယှဉ်ပြိုင်ကြားနာသည်ဟူ၏။ ဆရာတော်နှစ်ပါးကို များစွာကြည်ညိုလျက် မင်းဆရာအဖြစ် ချီးမြေ|ာက်လေသည်။ ဒုတိယ မင်းခေါင်သည် မင်းသားတို့ တတ်အပ်သော အတတ်များကို ကောင်းစွာတတ်မြောက်ကာ အထူးသဖြင့် မြင်းစီးခြင်းအတတ်၊ လေးအတတ်တို့တွင် ကျွမ်းကျင်သည် ဆို၏။ ဒုတိယ မင်းခေါင်သည် သက္ကရာဇ် ၈၆၃ ခုနှစ်တွင် လွန်တော်မူသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)