ဘုရင့်နောင်တံတား အမှတ် (၂)
| ဘုရင့်နောင်တံတား အမှတ် (၂) | |
|---|---|
| သယ်ဆောင်မှု | လေးလမ်းသွားကားလမ်း၊ လူသွားလမ်း |
| ဖြတ်သန်းမှု | လှိုင်မြစ် |
| တည်နေရာ | ရန်ကုန်မြို့ |
| အမည် | ဘုရင့်နောင်တံတား အမှတ် (၂) |
| ပြုပြင်ထိန်းသိမ်းသူ | ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း |
| အချက်အလက်များ | |
| တံတားဒီဇိုင်း | သံမဏိ သံပေါင်တံတား |
| အသုံးပြုပစ္စည်း | သံမဏိ၊ ကွန်ကရစ် |
| စုစုပေါင်းအရှည် | ၄၁၀၃.၅၃ ပေ |
| အကျယ် | လေးလမ်းသွား ၄၈ ပေ၊ လူသွားလမ်း တစ်ဘက်လျှင် ၆ ပေ စီ |
| ရေလမ်း ကင်းလွတ်အမြင့် | ၃၆ ပေ |
| သမိုင်းကြောင်း | |
| ဆောက်လုပ်သူ | ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း |
| စတင်ဆောက်လုပ်ချိန် | ၆ ဇွန် ၂၀၁၃ |
| လုပ်ငန်းပြီးဆုံးချိန် | အောက်တိုဘာ ၂၀၁၄ |
| ဖွင့်လှစ်သည့်နေ့ | ၉ နိုဝင်ဘာ ၂၀၁၄[၁] |
ဘုရင့်နောင်တံတား အမှတ် (၂) သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် နှင့် အင်းစိန်ခရိုင်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ကို ဆက်သွယ်သော လှိုင်မြစ် ကို ဖြတ်ကျော်တည်ဆောက်ထားသော တံတားဖြစ်သည်။ တံတားအမျိုးအစားမှာ ပင်မတံတား အောက်ထည် Bored Pile အုတ်မြစ်နှင့် အပေါ်ထည် သံမဏိ သံပေါင်၊ ချဉ်းကပ်တံတား အောက်ထည် Bored Pile အုတ်မြစ်နှင့် အပေါ်ထည် Steel Plate Girder/ P.C Girder + သံကူကွန်ကရစ် တို့ဖြင့် တည်ဆောက်ထားပြီး ပင်မတံတားအရှည် ၁,၆၂၈.၀၃ ပေ (၄၉၆.၂၂ မီတာ)၊ ချဉ်းကပ်တံတား အရှည်မှာ ဘုရင့်နောင်ဘက်ကမ်း ၈၁၉.၃၆၂ ပေ (၂၄၉.၇၄၂ မီတာ)၊ လှိုင်သာယာ ဘက်ကမ်း ၁,၆၅၇.၁၃၄ ပေ (၅၀၅.၀၉၄ မီတာ) ရှိပြီး စုစုပေါင်း တံတားအရှည် ၄,၁၀၃.၅၃ ပေ (၁,၂၅၀.၇၆ မီတာ)၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား ၄၈ ပေ၊ လူသွားလမ်း တစ်ဘက်လျှင် ၆ ပေ စီ ပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၃၇၀ ပေ၊ အမြင့် ၃၆ ပေရှိ၍ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် ၇၅ တန် ဖြစ်သည်။[၂]
တည်ဆောက်မှု
[ပြင်ဆင်ရန်]ဘုရင့်နောင်တံတား အမှတ် (၂) ကိုတည်ဆောက်ရခြင်းမှာ ဘုရင့်နောင်တံတား အမှတ် ( ၁ ) ယာဉ်ကြောရှုပ်ထွေးကြောင့်ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဘုရင့်နောင်တံတား အမှတ်(၂) ဖွင့်လှစ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန (11 November 2014)။
- ↑ ဘုရင့်နောင်တံတား အမှတ်(၂) တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး။ ဆောက်လုပ်ရေး ဝန်ကြီးဌာန (27 October 2014)။