ဘလူးဂါ ဝေလငါး

ဝီကီပီးဒီးယား မှ
Beluga whale[၁]
Temporal range: Quaternary–Recent
A beluga whale
At City of Arts and Sciences, Spain
ပျမ်းမျှလူသားတယောက်နှင့် အရွယ်အစား နှိုင်းယှဉ်ထားပုံ
ပျမ်းမျှလူသားတယောက်နှင့် အရွယ်အစား နှိုင်းယှဉ်ထားပုံ
CITES နောက်ဆက်တွဲ - ၂ (CITES)[၃]
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
Infraorder: Cetacea
မျိုးရင်း: Monodontidae
မျိုးရင်းသေး: Delphinapterinae
မျိုးစု: Delphinapterus
Lacépède, 1804
မျိုးစိတ်:
D. leucas
ဒွိနာမ
Delphinapterus leucas
(Pallas, 1776)
Beluga range

ဘလူးဂါ ဝေလငါး (Delphinapterus leucas) သည် အာတိတ်ဒေသတွင် နေထိုင်ကျက်စားသော စီတက်ဆီယာတမျိုးဖြစ်သည်။ ယင်းသည် Delphinapterus မျိုးစု၏ တခုတည်းသော အဖွဲ့ဝင်ဖြစ်ပြီး မျိုးရင်း Monodontidae တွင် narwhal ဆိုသော ဝေလငါးတမျိုးနှင့် အဖွဲ့ဝင်အတူတူဖြစ်သည်။ ဘလူးဂါ ဝေလငါး၏ တမူထူးခြားသော အဖြူရောင်ကြောင့် ဝေလငါးဖြူ ဟုလည်း လူသိများကြသည်။

ဘလူးဂါ ဝေလငါးသည် အခြားသော စီတက်ဆီယာများနှင့် ခန္ဓာဗေဒနှင့် ဇီဝကမ္မဆိုင်ရာ သွင်ပြင်လက္ခာအရ ကွဲပြားပြီး အာတိတ်ဒေသတွင် လိုက်လျောညီထွေ ကျင်လည်ကျက်စားတတ်သည်။ ထူးခြားချက်များထဲတွင် တကိုယ်လုံး အဖြူရောင်ဖြစ်ခြင်းနှင့် ကျောတောင်ပံ (dorsal fin) မပါရှိခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကျောတောင်ပံ မပါရှိခြင်းသည် ဘလူးဂါ ဝေလငါးများကို ရေခဲအောက်တွင် အလွယ်တကူ ကူးခတ်သွားလာနိုင်စေလေသည်။[၄] ဘလူးဂါ ဝေလငါး၏ အရွယ်အစားသည် လင်းပိုင်နှင့် ဝေလငါးတို့ကြား၌ ရှိသည်။ အထီးသည် အရှည် ၅.၅ m (၁၈ ft) နှင့် အလေးချိန် ၁,၆၀၀ kg (၃,၅၃၀ lb) အထိ ကြီးထွားသည်။ ဘလူးဂါ ဝေလငါး၏ အကြားအာရုံသည် အလွန်ကောင်းပြီး ပဲတင်ထပ်သံကိုအသုံးပြု၍ ရေခဲချပ်ပြားကြားရှိ လေရှူစရာ အခေါင်းပေါက်များကို ရှာဖွေစေနိုင်သည်။ ပျမ်းမျှ အကောင် ၁၀ ခန့် အုပ်စုဖွဲ့နေတတ်ပြီး နွေရာသီတွင် အကောင် ၁၀၀ နှင့် ထောင်ချီသည့်အထိလည်း အုပ်စုဖွဲ့တတ်ကြသည်။ အများစုသည် အာတိတ် သမုဒ္ဒရာနှင့် ပင်လယ်များ၌ နေထိုင်ကြပြီး တကမ္ဘာလုံးရှိ အကောင်ရေမှာ ၂၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။[၅][၆] ရေကူးရာတွင် နှေးကွေးကြသော်လည်း ၇၀၀ m (၂,၃၀၀ ft) အထိ ရေအောက်သို့ ဆင်းနိုင်သည်။

ဘလူးဂါ ဝေလငါးကို မြောက်အမေရိက၊ ဥရောပနှင့် အာရှရှိ ငါးပြတိုက်များ၊ လင်းပိုင်လှောင်ကန်များတွင် အများဆုံး လှောင်ပိတ်ခံရသည့် စီတက်ဆီယမ်များအဖြစ် မြင်တွေ့ရသည်။ ဘလူးဂါ ဝေလငါးများ၏ ပြုံးရွှင်သောမျက်နှာပုံစံနှင့် ဆက်သွယ်သော အလေ့အထများကြောင့် နှစ်လိုဖွယ်ကောင်းသော တိရစ္ဆာန်ဟု ယူဆကြသည်။[၇][၈]



ကိုးကား[ပြင်ဆင်ရန်]

  1. Mead၊ J.G.; Brownell၊ R. L. Jr. (2005)။ "Order Cetacea"။ in Wilson၊ D.E.; Reeder၊ D.M (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ p. 735။ ISBN 978-0-8018-8221-0OCLC 62265494
  2. Lowry, L. (2017). "Delphinapterus leucas". IUCN Red List of Threatened Species 2017. IUCN. doi:10.2305/IUCN.UK.2017-3.RLTS.T6335A50352346.en. 
  3. Appendices | CITES။ 2022-01-14 တွင် ပြန်စစ်ပြီး။
  4. Facts About Beluga Whales (20 July 2016)။ 2019-06-12 တွင် ပြန်စစ်ပြီး။
  5. Global Review of the Conservation Status of Monodontid Stocks | Scientific Publications Office။ 2021-01-02 တွင် ပြန်စစ်ပြီး။
  6. "First abundance estimate for white whales Delphinapterus leucas in Svalbard, Norway" (in en) (2020-02-27). Endangered Species Research 41: 253–263. doi:10.3354/esr01016. ISSN 1863-5407. 
  7. Baby Beluga, Smithsonian Ocean (in en)။ 2021-01-20 တွင် ပြန်စစ်ပြီး။
  8. Gibbons၊ Whit (2012-05-27)။ Ecoview | BELUGA WHALES ARE COOL။ 2021-01-20 တွင် ပြန်စစ်ပြီး။