အာတိတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အာတိတ်ဒေသ

အာတိတ်ဒေသသည် မြောက်ဝင်ရိုးစွန်းတွင် ရှိသည့် ကမ္ဘာ့အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၄င်း၏ ဆန့်ကျင်ဘက်အရပ်သည် တောင်ဝင်ရိုးစွန်းတွင်ရှိသည့် အန္တာတိက ဖြစ်သည်။ ကမ္ဘာ၏ အလယ်ဗဟိုကို ဖြတ်သန်းလျက်ရှိသည်ဟု မှန်းဆထားအပ်သော အီကွေတာ မျဉ်းကြောင်းမှ မြောက်လတ္တီဒ် ၆၆°၊ ၃၃″တွင် အာတိတ်စက်ဝိုင်းခေါ် စိတ်မှန်းမျဉ်းကြောင်းရှိ၏။ မြောက်ဝင်ရိုးစွန်းမှ ထိုအာတိတ် စက်ဝိုင်းမျဉ်းကြောင်းအတွင်းရှိ ၂၃°၊ ၂၇″ ကျယ်ဝန်းသော နေရာကို အာတိတ်ဒေသဟု ခေါ်ကြသည်။ အာတိတ်စက်ဝိုင်းမျဉ်းကြောင်းသည် အာရှတိုက်၊ အမေရိကတိုက်၊ ဥရောပတိုက်တို့၏ အစွန်းအဖျားများကို ဖြတ်သန်းသွားသည်။ အာတိတ်ဒေသ၏ ကျန်စတုရန်းမိုင် ၈ဝဝဝဝဝဝ ကျော် ကျယ်ပြန့်သော အစိတ်အပိုင်းကြီးမှာ စတုရန်းမိုင် ၅၄ဝဝဝဝဝ ခန့်ကျယ်ဝန်းသော အာတိတ်သမုဒ္ဒရာနှင့် ထိုသမုဒ္ဒရာအတွင်းရှိ ကျွန်းပေါင်း မြောက်မြားစွာတို့ ဖြစ်သည်။အာတိတ်ဒေသတွင် အာတိတ်သမုဒ္ဒရာ ၊ ကနေဒါ ၊ ဂရင်းလန်ကျွန်း ၊ ရုရှ ၊ အမေရိကန် (အလာစကာ) ၊ အိုက်စ်လန် ၊ နော်ဝေ ၊ ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့မှ အစိတ်အပိုင်းများ ပါဝင်ကြသည်။

ဝေါဟာရရင်းမြစ်[ပြင်​ဆင်​ရန်​]

အာတိတ် ဟူသော စကားလုံးသည် ဂရိဘာသာရှိ ἀρκτικός (arktikos) ဟူသော စကားလုံးမှ ဆင်းသက်လာပြီး "ဝက်ဝံကြီးအနား၊ မြောက်ပိုင်း" ဟုအဓိပ္ပါယ်ရသည်။[၁] ထို့ပြင် ἄρκτος (arktos) ဟူသော စကားလုံးသည် "ဝက်ဝံ"ဟု အဓိပ္ပါယ်ရသည်။[၂]

နေ့နှင့်ည[ပြင်​ဆင်​ရန်​]

အာတိတ်စက်ဝိုင်းကြီးအတွင်း၌ အနည်းဆုံးအားဖြင့် တစ်နှစ်လျှင်တစ်ရက် နေကို လုံးလုံးမမြင်ရချေ။ဤသို့ မမြင်ရခြင်းမှာ နေကို မိုးသားတိမ်တိုက်တို့ ဖုံးအုပ်နေသောကြောင့် မဟုတ်ပဲ နေသည် မိုးကုပ်စက်ဝိုင်းအထက်သို့ တက်၍မလာသောကြောင့် ဖြစ်လေသည်။ အာတိတ်စက်ဝိုင်း မျဉ်းကြောင်းမှ ဝင်ရိုးစွန်းဘက်သို့ တိုးတက်၍သွားလေလေ၊ နေကိုလုံးဝ မမြင်ရသောရက်သည်ပို၍ များလာလေလေဖြစ်ရာ ကမ္ဘာ၏ထိပ်ဖျား ဝင်ရိုးစွန်း အရပ်သို့ ရောက်သောအခါ တစ်နှစ်တွင် ခြောက်လလုံးလုံး နေကိုမမြင်ရဘဲ ရှိလေသည်။ အပြန်အလှန်အားဖြင့်လည်း အာတိတ်စက်ဝိုင်း မျဉ်းတစ်လျှောက်တွင် နေ့ရောညဉ့်ပါ တစ်ရက်လုံး နေမပျောက်သောနေ့ တစ်နေ့ရှိပြန်၍ ဝင်ရိုးစွန်း ရောက်အောင် တဖြည်းဖြည်း တိုးတက်သွားလျှင် တစ်နှစ်တွင် ခြောက်လတိုင်တိုင် နေမဝင်သည်ကို တွေ့ရပေသည်။ဤသို့ ဖြစ်ရခြင်းမှာ ကမ္ဘာမြေကြီး၏ ဝင်ရိုးသည်ယင်း၏ လှည့်ပြင်ညီ (ကမ္ဘာမြေကြီးသည် နေကို လှည့်ပတ်သွားစဉ် ဖြစ်ပေါ်လာသောပြင်ညီ)နှင့် ထောင့်မတ်မကျပဲ ၂၃°၁/၂ မျှ စောင်းငိုက်နေသောကြောင့် ဖြစ်၏။ မြောက်ဝင်ရိုးစွန်းသည် နေဘက်သို့ တိမ်းစောင်းနေသည့်အခါ နေနှင့်နီး၍ နေ့တာရှည် ပြီးလျှင် အပြန်အလှန်အားဖြင့်လည်း နေနှင့် ဝေးသွားသည့် အလှည့်နှင့် ကြုံပြန်သောအခါ ညဉ့်တာရှည်လာပြန်လေသည်။[၃]

ပန်းမန်နှင့် တိရစ္ဆာန်များ[ပြင်​ဆင်​ရန်​]

သဘာဝအရင်းအမြစ်များ[ပြင်​ဆင်​ရန်​]

မကြာမီကမှ ဤဒေသတွင် တွင်းထွက် ဓာတ်သတ္တုများကို တွေ့ရ၍ ယခုအခါ စနစ်တကျ တူးဖော် လုပ်ကိုင်လျက်ရှိလေပြီ။ စပစ်ဗါဂျင်ကျွန်းတွင် ကျောက်မီးသွေးများကိုလည်းကောင်း၊ လက်ပလန်ဒေသတွင် သံရိုင်းများ ကိုလည်းကောင်း တွေ့ရှိရ၍ ဝိတိုရိယကျွန်းတွင် ကြေးနီများကို တွေ့ရလေသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Henry George Liddell and Robert Scott. "Arktikos." A Greek-English Lexicon. Perseus Digital Library.
  2. Henry George Liddell and Robert Scott. "Arktos." A Greek-English Lexicon. Perseus Digital Library.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)