ဘင်းမ်စတက်
| ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) | |
|---|---|
|
အလံတော် | |
BIMSTEC အဖွဲ့ဝင်နိုင်ငံများ | |
| အဖွဲ့ဝင် | |
| ဦးဆောင်သူများ | |
• ဥက္ကဋ္ဌ | (၂၀၁၄ မတ်လ မှ) |
| တည်ထောင် | ဇွန် ၆၊ ၁၉၉၇ |
ဝက်ဘ်ဆိုဒ် bimstec.org | |
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် [၁] (အင်္ဂလိပ်: Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation အတိုကောက် BIMSTEC, ဘင်းမ်စတက်) သည် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ဘင်းစတက်တွင် အောက်ပါ နိုင်ငံများ ပါဝင် ကြသည် -
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဘင်းမ်စတက် (BIMSTEC) ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဘန်ကောက်မြို့၌ BIST-EC (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက်၊ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဘန်ကောက်၌ ကျင်းပသော အထူးဝန်ကြီးအဆင့် အစည်းအဝေး၌ မြန်မာနိုင်ငံ ပါဝင်လာပြီးနောက် အဖွဲ့အမည်ကို BIMST-EC (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု) ဟု ပြောင်းလဲခဲ့သည်။
၁၉၉၈ ခုနှစ်တွင် နီပေါနိုင်ငံက လေ့လာသူအဖြစ် ပါဝင်ခဲ့ပြီး၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် နီပေါနှင့် ဘူတန်နိုင်ငံတို့ အပြည့်အဝ အဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။ နောက်ဆုံးအနေဖြင့်၊ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမဆုံး ထိပ်သီးအစည်းအဝေးတွင် အဖွဲ့၏အမည်ကို BIMSTEC သို့မဟုတ် "ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်" (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) ဟု ပြန်လည်သတ်မှတ်ခဲ့သည်။
ရည်မှန်းချက်များ
[ပြင်ဆင်ရန်]ဘင်းမ်စတက်အဖွဲ့၏မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များအားယင်းအဖွဲ့တည်ထောင်သည့်ဘန်ကောက်ကြေညာစာတမ်းတွင်အတိအလင်းဖော်ညွှန်းထားသည်။
- ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့်ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးစီမံချက်များ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးမှုရရှိစေရေးအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးရန်။၊
- တန်းတူရည်တူစိတ်ဓာတ်ဖြင့် ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန် မြင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။
- အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် အကျိုးရှိမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန်အကူအညီပေးရန်။
- ပညာရေးနှင့်နည်းပညာကဏ္ဍများမှာ သင်တန်းနှင့်သုတေသန အကူအညီပေးခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီပံ့ပိုးကြရန်။
- ပြည်သူတို့၏ လူနေမှုအဆင့်မြင့်တင်ရေးကို လက်တွေ့အကျိုးပြုစေမည့် အမျိုးသားစီမံကိန်းများကို အထောက်အကူပြုစေနိုင်သော ကြိုးပမ်းမှုများတွင် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်။
- ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်းတူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများတွင် အကျိုးရှိစွာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန်။
- ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုတွင်း ရရှိနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန်စသည်တို့ ဖြစ်သည်။

BIMST-EC ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍ (၆) ရပ်
[ပြင်ဆင်ရန်]| စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
| ၁ | ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ | ဘင်္ဂလားဒေ့ရှ် |
| ၂ | နည်းပညာကဏ္ဍ | သီရိလင်္ကာနိုင်ငံ |
| ၃ | ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ | အိန္ဒိယနိုင်ငံ |
| ၄ | စွမ်းအင်ကဏ္ဍ | မြန်မာနိုင်ငံ |
| ၅ | ခရီးသွားကဏ္ဍ | အိန္ဒိယနိုင်ငံ |
| ၆ | ငါးလုပ်ငန်းကဏ္ဍ | ထိုင်းနိုင်ငံ |
BIMST-EC ၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အောက်တွင် သတ်မှတ်ထားသည့် ကဏ္ဍခွဲများ
[ပြင်ဆင်ရန်]ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအောက်တွင်အောက်ပါအတိုင်းကဏ္ဍခွဲ များအပေါ်အဖွဲ့ဝင်နိုင်ငံအသီးသီးမှဦးဆောင်နိုင်ငံအဖြစ်ဆောင်ရွက် ရန်သတ်မှတ်ထားခြင်းကို နောက်ဆက်တွဲဖြင့်ဖော်ပြထားသည်။
| စဉ် | ကဏ္ဍခွဲ | ဦးဆောင်နိုင်ငံ |
| က | ချည်မျှင်နှင့်အထည်လုပ်ငန်း | သီရိလင်္ကာနိုင်ငံ |
| ခ | ဆေးနှင့်ဆေးဝါးဆိုင်ရာလုပ်ငန်း | ထိုင်းနိုင်ငံ |
| ဂ | ကျောက်မျက်ရတနာနှင့်လက်ဝတ်လက်စား | ထိုင်းနိုင်ငံ |
| ဃ | သစ်သီးဝလံနှင့်ပန်းမာန် | ဘင်္ဂလားဒေ့ရှ် |
| င | မွမ်းမံထားသောအစားအစာ | ထိုင်းနိုင်ငံ |
| စ | အလိုအလျောက်ရွေ ့လျားနိုင်သော စက်ယန္တရားနှင့်အပိုပစ္စည်း | အိန္ဒိယနိုင်ငံ |
| ဆ | ရာဘာ၊ကော်ဖီနှင့်လက်ဖက် | ဘင်္ဂလားဒေ့ရှ် |
| ဇ | အုန်းသီးနှင့်ဟင်းခတ်အမွှေးအကြိုင် | အိန္ဒိယနိုင်ငံ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်မှု (၂၈) နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ပေးပို့သည့်သဝဏ်လွှာ။ MOI။ 2025-6-7 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-7 တွင် ပြန်စစ်ပြီး။
