ဗိုလ်တထောင် သတင်းစာ

ဝီကီပီးဒီးယား မှ
(ဗိုလ်တစ်ထောင် သတင်းစာ မှ ပြန်ညွှန်းထားသည်)
ဗိုလ်တထောင် သတင်းစာ
အင်္ဂလိပ်:  The Botataung
အမျိုးအစားနေ့စဉ် သတင်းစာ
ပုံစံအချိုးအစားTabloid
တည်ထောင်ခြင်း၁၉၅၈
ဘာသာစကားမြန်မာဘာသာ
ထုတ်ဝေမှုရပ်ဆိုင်းခြင်း၁၉၉၃?
ဌာနချုပ်များဗိုလ်တထောင်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ

ဗိုလ်တထောင် သတင်းစာသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ အခြေတည်၍ မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာတစ်စောင် ဖြစ်သည်။ ထိုသတင်းစာအား သိန်းဖေမြင့်မှ ထူထောင်ခဲ့ပြီး မည်သို့ပင်ဆိုစေကာမူ ဗိုလ်ချုပ် နေဝင်း အစိုးရမှ ပြည်သူပိုင်းသိမ်းသည့်ကာလမရောက်ခင်ရှေ့ပိုင်းတွင်တော့ လက်ဝဲယိမ်း သတင်းစာတစ်စောင် ဖြစ်ခဲ့သည်။ ဗိုလ်တစ်ထောင်သတင်းစာသည် ၁၉၇၀၊ ၁၉၈၀ ခုနှစ်များတွင် ထုတ်ဝေခွင့်ရသော သတင်းစာလေးစောင်အနက်မှ တစ်စောင်ဖြစ်ခဲ့သည်။ သို့သော် စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် ဆက်လက်ထုတ်ဝေနိုင်ခဲ့ခြင်း မရှိတောချေ။

ဗိုလ်တထောင်ဟုသောအမည်မှာ ၎င်းတို့၏ ရုံးချုပ်တည်ရှိရာ ဗိုလ်တထောင်မြို့နယ်၏ အမည်ကို ယူထားခြင်းဖြစ်သည်။