မာတိကာသို့ ခုန်သွားရန်

ဗဟုလောက

ဝီကီပီးဒီးယား မှ

ဗဟုလောက (ခေါ်) တစ်ခု-မက လောကများ (အင်္ဂလိပ်: Multiverses) ဟူသည်တွင် - စိုင်းယန့်စ် နှင့် သင်္ချာ အားဖြင့် အဆိုပြုသော သီအိုလျာအဖြစ် ရှိထားသမျှ လောက(Universe)များ အားလုံး အကျုံးဝင်၏။[၁][မှတ်စု ၁] ခြုံကြည့်ပြန်လျှင် ရှိရှိနိုင်သမျှသော ဆိုင်ရာ နေရာရပ်ဝန်း (အာကာသ)အချိန်ဒြပ်သားစွမ်းအင်အကြောင်းအချက်၊ (ဆိုင်ရာ ရူပဗေဒသုံး-ကိန်းသေတို့နှင့် ပေါ်လွင်သဘောထင်းသည့်) ရူပဗေဒ နိယာမများ၊ ဤသည်တို့က ဆိုင်ရာ လောက(Universe) အသီးသီးအဖြစ် စုဖွဲ့ဖြစ်ပေါ်ကွဲပြားနေသည်ဟု ယူဆခြင်းမျိုး ဖြစ်ပါ၏။ အတွေ့များသော အလွတ်ယူဆချက် တစ်ခုအရ တစ်ခု-မက လောကများ (the Multiverse) သည် "ဤသည် ဤသည်သော နိယာမသဘောတရားများအတိုင်း တည်ရှိသော သီးခြားလောကများ အစုအအုံ"[၁] သဘော ဟူသည်မျိုး ဖြစ်၏။

ရှေးဂရိ ဒဿနိကဗေဒ အပါအဝင် သမိုင်းတလျှောက်၌ တစ်ခုမက-လောကများ (Multiple Universes) ကို လူတို့ စိတ်ကူးခဲ့ကြ၏။ ခေတ်အဆက်ဆက်တွင်လည်း လောကဗေဒ (Cosmology)ရူပဗေဒ (Physics)၊ ဒဿနိကဗေဒ (Philosophy) စသည့် နယ်ပယ်ကဏ္ဍ အဖုံဖုံ၌ အတွေးအမြင်များ ပြောင်းလဲငြင်းခုံလျက် ရှိတော့၏။ အခြားလောကများမှာ သက်ရောက်မှုအားဖြင့် မကြုံတွေ့ မတိုင်းတာနိုင်ခြင်းကြောင့် စိုင်းယန့်စ်တန်းဝင် သီအိုလျာ (hypothesis) များ မမြောက်ဘဲ ဒဿနိကပိုင်း တွေးခေါ်ချက်များသာ မည်ပေမည်ဟု အချို့ ရူပဗေဒပညာရှင်များက ဆို၏။ ရူပဗေဒအသိုင်းအဝိုင်းအတွင်း အချို့ကလည်း တစ်ခုမကသော လောကများ ရှိမည်ဟု ခန့်မှန်းယုံကြည်၏။ အထောက်အထား၊ အရိပ်အမြွက်များကို စိုင်းယန့်စ်ပညာရှင်တို့ လိုက်လံလေ့လာဖူးသော်လည်း ခိုင်မာသော ထောက်ထားအရိပ်အမြွက် ယနေ့တိုင် မပေါ်သေးပါ။

အမျိုးခွဲခြားကြည့်ခြင်း[ပြင်ဆင်ရန်]

မက်စ် တက်မာ့ခ် (Max Tegmark) နှင့် ဘရိုင်ယန် ဂရီးန် (Brian Greene) ဟူသော ရူပဗေဒပညာရှင် ၂ဦးက တစ်ခုမကသော လောကများ အဆင့်၊ အမျိုးအစား ဖြစ်နိုင်ရာ ခွဲခြားသတ်မှတ်ကြည့်ပုံများကို အဆိုပြုထားကြသည်။

မက်စ် တက်မာ့ခ်၏ တိုင်းဝန်းတာအဆင့် ၄ ဆင့်[ပြင်ဆင်ရန်]

သက်ရောက် လောကဝန်း (Observable Universe) ထက် ကျော်လွန်ကျယ်ရှိနိုင်သည့် လောကအမျိုးမျိုး (Universes) သတ်မှတ်ကြည့်နိုင်ပုံ တိုင်းဝန်းတာ(scale) အဆင့် ၄မျိုးကို လောကဗေဒပညာရှင် မက်စ် တက်မာ့ခ် က ဤသို့ အဆိုပြုပြဆိုထား၏။[၂][၃] သူ၏ သတ်မှတ်ပုံတွင်၊ နောက်တစ်ဆင့်သော တိုင်းဝန်းတာ (scale) ထဲတွင် ရှေ့အဆင့်တိုင်းဝန်းတာက တစိတ်တပိုင်းအဖြစ် ပါဝင်နေမည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. In some models, such as those of brane cosmology, many parallel structures may exist within the same universe.
  1. Swain၊ Frank (2017)။ The Universe Next Door: A Journey Through 55 Alternative Realities, Parallel Worlds and Possible Futures။ London: New Scientist။ p. 12။ ISBN 9781473658677
  2. Tegmark, Max (May 2003). "Parallel Universes". Scientific American 288 (5): 40–51. doi:10.1038/scientificamerican0503-40. PMID 12701329. Bibcode2003SciAm.288e..40T. 
  3. Tegmark၊ Max (23 January 2003)။ Parallel Universes (PDF)7 February 2006 တွင် ပြန်စစ်ပြီး