ဗလာဒီမီယာ ဗီဗော့ဒ်စကီး
ပုံပန်းသွင်ပြင်
ဤဆောင်းပါးကို အင်္ဂလိပ် ဝီကီပီးဒီးယား ရှိ Vladimir Voevodsky အား တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ မှီငြမ်း၍ မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
ဗလာဒီမီယာ ဗီဗော့ဒ်စကီး | |
---|---|
မွေးဖွား | en:Moscow, en:Soviet Union | ဇွန် ၄၊ ၁၉၆၆
နိုင်ငံလူမျိုး | en:Russian |
နယ်ပယ် | en:Mathematics |
အဖွဲ့အစည်းဌာန | en:Institute for Advanced Study |
မိခင်ကျောင်း | en:Moscow State University en:Harvard University |
ပါရဂူဘွဲ့ ကြီးကြပ်သူ | en:David Kazhdan |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | ၂၀၀၂ ဖီး ဆုတံဆိပ် (Fields Medal) |
ဗလာဒီမီယာ အလက်ဇန်းဒရိုးဗစ်ချ် ဗီဗော့ဒ်စကီး (ရုရှား: Влади́мир Алекса́ндрович Воево́дский; အင်္ဂလိပ်: Vladimir Alexandrovich Voevodsky) ( ဇွန် ၄၊ ၁၉၆၆ ဖွား) သည် ရုရှ-အမေရိကန် သင်္ချာပညာရှင်တစ်ဦး ဖြစ်ပြီး၊ အက္ခရာသင်္ချာ ဗရိုင်ရတီများ[မှတ်စု ၁] (algebraic varieties) အတွက် ဟိုမိုတော်ပီ သီအိုရီ (homotopy theory) ကို ဖော်ထုတ်နိုင်ခြင်းကြောင့် လည်းကောင်း၊ မိုးတစ်များ[မှတ်စု ၂] ဆိုင်ရာ ကိုဟိုမော်လော်ဂျီ[မှတ်စု ၃] (motivic cohomology) ကို တွက်ထုတ်နိုင်ခြင်းအတွက် လည်းကောင်း ကျော်ကြားသူဖြစ်သည်။
မှတ်စု
[ပြင်ဆင်ရန်]- ↑ အက္ခရာသင်္ချာ ဗရိုင်ရတီများမှာ ပိုလီနိုမီရယ်ညီမျှခြင်းစနစ်၏ အဖြေစုများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
- ↑ မိုးတစ် (motive ခေါ် motif) တစ်ခုသည် အက္ခရာသင်္ချာ ဗရိုင်ရတီတစ်ခု၏ အခရာကျသည့် အပိုင်းများကို စုစည်းသတ်မှတ်ထားခြင်းဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
- ↑ ကိုဟိုမော်လော်ဂျီ (cohomology) ဆိုသည်မှာ တိုပေါ်လော်ဂျီ ဟင်းလင်းပြင်တစ်ခုနှင့် ဆက်စပ်သက်ဆိုင်သည့် အာဘဲလီယန် အုပ်စု (Abelian group) ခေါ် ပတ်လည်ညီ အုပ်စုများပါ ကိန်းစဉ်တန်းတစ်ခုနှင့် ပတ်သက်သည့် ယေဘုယျဝေါဟာရတစ်ခု ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
ဤ သင်္ချာပညာရှင်တစ်ဦးအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |