မာတိကာသို့ ခုန်သွားရန်

ဗန္ဓုဇီဝက၊ ဗန္ဓုဇီဝကဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဗန္ဓုဇီဝကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ အရှင်ဗန္ဓုဇီဝကထေရ်သည် ဈာန်ဝင်စားတော်မူနေသည့် မြတ်စွာဘုရားကို တော၌ မြင်၏။ ထိုအခါ အရှင်ဗန္ဓုဇီဝကထေရ်သည် ခေါင်ရန်းပန်းကို ချည်ဖြင့် သီကုံး၍ မြတ်စွာဘုရားအား လှူခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ ကမ္ဘာသုံးဆယ်ထက်တွင် ခေါင်ရန်းပန်းကို လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ခုနစ်ခုမြောက်ကမ္ဘာထက်တွင် "သမန္တစက္ခု" အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဗန္ဓုဇီဝကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်