ဖွေးဖွေး
ဖွေးဖွေး | |
---|---|
မွေးဖွား | ရွှေရည်ကိုဦး ၉ ဩဂုတ်၊ ၁၉၈၈ မိုးကုတ်၊ မြန်မာနိုင်ငံ |
နိုင်ငံလူမျိုး | မြန်မာ-ရှမ်း |
မိခင်ကျောင်း | အ.ထ.က(၂)ကမာရွတ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၇–လက်ရှိ |
မိဘ(များ) | ဦးမောင်ဦး ဒေါ်သိင်္ဂီ |
ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၈) |
ဖွေးဖွေး သည် မြန်မာနိုင်ငံမှ ကြော်ငြာနှင့် ရုပ်ရှင်မင်းသမီးတလက်ဖြစ်သည်။ [၁] သူသည် မြန်မာ့ရုပ်ရှင်လောက၌ လူသိများသော မင်းသမီးဖြစ်သည်။ ဝတ်မှုန်ရွှေရည် နှင့် အစ်မဝမ်းကွဲတော်စပ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၈၈-ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ရွှေရည်ကိုဦး ဖြစ်သည်။ သူ၏အသားအရည်ကြောင့် မိဘများက သူ့အား ဖွေးဖွေး(အသားဖြူဖွေးခြင်း)ဟု အမည်ပြောင်မှည့်ခေါ်ခဲ့သည်။ သူ၏မိဘများမှာ မိုးကုတ်ကဖြစ်သောကြောင့် သူ့တွင် ရှမ်းသွေးအနည်းငယ်ပါဝင်နေသည်။ ၂၀၀၄-ခုနှစ်တွင် စိန်ဩဂတ်စတင်း အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ကိုရီးယားမေဂျာဖြင့် တက္ကသိုလ်ဘွဲ့ ရခဲ့သည်။
အနုပညာလမ်းကြောင်း
[ပြင်ဆင်ရန်]ဖွေးဖွေးသည် ငယ်စဉ်ကပင် အဆိုတော်ဖြစ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သူ၏ စိတ်ဝင်စားမှုကြောင့် သူသည် သူငယ်ချင်းများနှင့် စုပေါင်း၍ "Art of Depression" တီးဝိုင်းတည်ထောင်ကာ အဆိုတော်အဖြစ်ပါဝင်ခဲ့သည်။ ကြီးပြင်းလာသည်နှင့်အမျှ စိတ်ဝင်စားမှုသည်လည်း မော်ဒယ်နှင့် သရုပ်ဆောင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အနုပညာ သရုပ်ဆောင်လောကသို့ မက်စ်ပြက္ခဒိန်တွင် မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ [၂] နောက်ပိုင်းတွင် သူ့အား တီဗီကြော်ငြာနှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။ ၂၀၀၇-ခုနှစ်မှ လက်ရှိအချိန်ထိ သူမသည် ဗီဒီယို ၃၀ကျော်နှင့် မဂ္ဂဇင်းအဖုံးကာဗာများစွာတွင် ပါဝင်ခဲ့ပြီးဖြစ်သည်။ ဗီဒီယိုနှင့် အတူ သူ၏ပထမဆုံး တကိုယ်တော် အယ်လ်ဘမ်ကို အနာဂတ်တွင် ဖြန့်ချိနိုင်ရန် ကြိုးစားနေသည်။
လူမှုဘဝ
[ပြင်ဆင်ရန်]သရုပ်ဆောင်ခြင်း၊ သီချင်းဆိုခြင်း၊ မော်ဒယ်လုပ်ခြင်းတို့ အပြင် ဖွေးဖွေးသည် ဖက်ရှင်ဒီဇိုင်းပြုလုပ်ရာတွင်လည်း ဝါသနာပါသည်။[၃] သူသည် မြန်မာရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ ဝတ်မှုန်ရွှေရည်၏ ညီအစ်မတစ်ဝမ်းကွဲ တော်စပ်သည်။သူသည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခြင်းအပေါ် လက်မခံသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။[၄] အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဧပြီ ၃ရက် နေ့တွင် ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရပြီး တစ်မိသားစုလုံးထွက်ပြေးခဲ့ရကာ အနုပညာလောက မှ ခဏပျောက်ကွယ်သွားသည်။[၅] ၂၀၂၃ ခုနှစ် ဩဂုတ်လပိုင်းမှ လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာပြီး အနုပညာအလုပ်များ ပုံမှန် ဆက်လက် လုပ်ကိုင်လျှက်ရှိသည်။
ရုပ်ရှင်ထူးချွန်ဆု ဆန်ကာတင်နှင့် ဆွတ်ခူးရရှိမှု
[ပြင်ဆင်ရန်]ရရှိသောနှစ် | ဆုအမျိုးအစား | ရရှိသောဇာတ်ကား |
---|---|---|
၂၀၁၂ | အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [၆] | လက်ပံ |
၂၀၁၅ | အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု [၇] | ကျွန်မက နှင်းဆီပါမောင် |
၂၀၁၈ | အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု | ရွှေကြာ [၈] |
Filmography
[ပြင်ဆင်ရန်]ခုနှစ် | အမည် | ဒါရိုက်တာ | တွဲဖက်သရုပ်ဆောင် |
---|---|---|---|
၂၀၀၉ | နတ်သမီးလေးများရဲ့ကိုယ်ရံတော် | သိန်းဟန် | ကျော်ရဲအောင်၊ မေကဗျာ၊ ပုလဲဝင်း၊ သဇင် |
၂၀၀၉ | အပြာရောင်မုသား | မျိုးမင်း | ကျော်ကျော်ဗို၊နေဆန်း၊ မို့မို့မြင့်အောင် |
၂၀၁၀ | အလင်းပျို့ချိန် | မျိုးမင်း | ရဲတိုက်၊ မို့မို့မြင့်အောင် |
၂၀၁၀ | မြတ်သောကျေးဇူး | ကြည်ဖြူသျှင် | ရဲအောင်၊ အောင်ရဲလင်း၊ မျိုးစန္ဒီထွန်း၊ လှအဉ္ဇလီတင့် |
၂၀၁၀ | ၂၄နာရီ တစ်ရက် | နေမိုင် | အောင်ရဲလင်း၊ မေကဗျာ |
၂၀၁၀ | ကော်ဖီချစ်သူ | ဇော်ကိုကို | နေတိုး၊ ရဲအောင် |
၂၀၁၀ | တစ်ခါက | မီးပွား | မြင့်မြတ်၊ အေသင်ချိုဆွေ |
၂၀၁၀ | ရင်ခုန်သံ | ဝိုင်း | ပြေတီဦး |
၂၀၁၀ | မောင်ရှေ့ကိုတည့်တည့်လျှောက်မယ်လေ | ဥက္ကာဘို | မင်းမော်ကွန်း၊ ရဲအောင်၊ ဖိုးကျော် |
၂၀၁၀ | ကန့်ကော်တစ်ပွင့်ကောက်ရထားသည်။ | မျိုးမင်း | မင်းခန့် |
၂၀၁၀ | အဖြူရောင်မာယာ | ထူးသာ | နေတိုး (ရုပ်ရှင်သရုပ်ဆောင်)၊ ရဲအောင်၊ ဆုပန်ထွာ |
၂၀၁၁ | သုံး | ရဲဇော် | ရဲတိုက်၊ မိုးမိုး |
၂၀၁၁ | ဟန်ဆောင်ကာမူပို | ကျော်ဇောလင်း | အောင်ရဲလင်း |
၂၀၁၁ | အငြိတစ်ချက်မှာအသက်ပါသွားတယ် | မျိုးမင်း | ခန့်စည်သူ၊ ခိုင်သင်းကြည် |
၂၀၁၁ | ရင်တွင်းအရှုပ်တော်ပုံ | ကျော်ဇောလင်း | ပြေတီဦး၊ မိုးယုစံ |
၂၀၁၁ | ပင်လယ်မင်းသား | ကြည်ဖြူသျှင် | အောင်ရဲလင်း |
၂၀၁၁ | ချစ်သူ | အောင်ဘပါဝါ | ရဲတိုက် |
၂၀၁၁ | ကျွန်တော်၏ ဓာတ်တိုင် | သားကြီး | မင်းမော်ကွန်း၊ ပန်းဖြူ |
၂၀၁၁ | ချွေတာရကောင်းမှန်းမသိအောင်ချစ်တဲ့ကောင်မလေး | မျိုးမင်း | ကောင်းခန့်၊ မင်းထိန်၊ ဝါဆိုမိုးဦး၊ ဆုပြည့် |
၂၀၁၁ | လူညိုချောရဲ့ အတ္ထုပတ္တိ | ဝိုင်း | နေမင်း၊ နေဆန်း၊ သူရလင်း၊ လင်းဇာနည်ဇော်၊ ဖူးဖူး၊ ဝါဆိုမိုးဦး၊ အင်ဂျင်း |
၂၀၁၁ | မျက်ရည်အဘိဓာန် | ဝိုင်း | အောင်ရဲလင်း၊မေကဗျာ |
၂၀၁၁ | ကံကြမ္မာကိုရောင်းစားကြသူများ | ကိုပေါက် | မြင့်မြတ် |
၂၀၁၁ | ဆိုက်ကိုဆော့ဖ်ဝဲလ် | ဝိုင်း | အောင်ရဲလင်း |
၂၀၁၂ | လက်ပံ | ဝိုင်း | ပြေတီဦး |
၂၀၁၄ | ကျွန်မကနှင်းဆီပါမောင် | ဝိုင်း | နေတိုး |
ရုပ်ရှင်ဇာတ်ကားများ
[ပြင်ဆင်ရန်]ခုနှစ် | ဇာတ်ကားအမည် | ဒါရိုက်တာ | တွဲဖက်သရုပ်ဆောင် |
---|---|---|---|
၂၀၁၈ | မုန်းစွဲ | ဩရသ | နေတိုး၊ မင်းသွေး |
၂၀၁၈ | သတို့သမီး | ဝိုင်း | အလင်းရောင်၊ မေ |
၂၀၁၉ | ကြာတော့သည်လည်း မောင့်စကား | မီးပွား | စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း |
၂၀၁၉ | သူစိမ်းအိမ် | ထူးပိုင်ဇော်ဦး | လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ် |
၂၀၁၉ | ပပဝတီစီရင်ခန်း | ဝိုင်း | မိုးဟေကို |
၂၀၁၉ | လှပ်၍လွင့်သော | ဝိုင်း | မို့မို့မြင့်အောင်၊ ခင်ဝင့်ဝါ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ [၁],
- ↑ mymclub.net။ 8 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2012 တွင် ပြန်စစ်ပြီး။
- ↑ Yangoods နဲ့ ဖွေးဖွေး ပူးပေါင်းပြီး ထုတ်လုပ်မယ့် “ဖွေး Collection”။ The Irrawaddy (၁၄ ဇွန် ၂၀၁၈)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ “ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်သူ အားလုံးက အာဇာနည်တွေပါပဲ။ The Irrawaddy (၂၀ ဇူလိုင် ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင် ၆၀ ခန့် ရှိလာ။ The Irrawaddy (၅ ဧပြီ ၂၀၂၁)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
- ↑ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စာရင်း
- ↑ တတိယမြောက် အကယ်ဒမီဆု ရရှိသွားတဲ့ ဖွေးဖွေး။ Duwn (၂၀၁၉)။ ၉ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- အိုင်အမ်ဒီဘီပေါ်ရှိ ဖွေးဖွေး