မာတိကာသို့ ခုန်သွားရန်

ဖလောရင့် နိုက်တင်ဂေးဆု

ဝီကီပီးဒီးယား မှ
ဖလောရင့် နိုက်တင်ဂေး ဆုတံဆိပ်
(အင်္ဂလိပ်: Florence Nightingale Medal)
Obverse of the medal. (Gold and silver medallion with the inscription 'Ad memoriam Florence Nightingale 1820–1910' suspended from a red cross encircled by green laurel.)
ဆုချီးမြှင့်ရခြင်း"Exceptional courage and devotion to the wounded, sick or disabled or to civilian victims of a conflict or disaster" or "exemplary services or a creative and pioneering spirit in the areas of public health or nursing education".[]
ဖော်ပြချက်အကျဉ်းပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဒဏ်ရာရသူများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများ သို့မဟုတ် အရပ်သားပြည်သူများအား ထူးခြားသည့် သတ္တိနှင့် စေတနာထား၍ ပြုစုစောင့်ရှောက်ပေးသူများ" သို့မဟုတ် "ပြည်သူ့ကျန်းမာရေး သို့မဟုတ် သူနာပြုပညာရေးနယ်ပယ်များတွင် စံနမူနာပြကောင်းမွန်စွာ ဆောင်ရွက်ခဲ့သူများ သို့မဟုတ် တီထွင်ဖန်တီးမှုနှင့် ရှေ့ဆောင်လမ်းပြစိတ်ဓာတ်ရှိသူများ
နေ့ရက်၁၉၁၂
ဆုတံဆိပ်ပေးအပ်သူနိုင်ငံအလိုက် ကြက်ခြေနီအဖွဲ့ချုပ်များ
Post-nominalsFNM
ဆုကြေး(များ)အပြည်ပြည်ဆိုင်ရာ သူနာပြု ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် (စစ်ဘက်၊ အရပ်ဘက် နှစ်ရပ်လုံး)
စတင်တည်ထောင်၁၉၁၂
ပထမဆုံးချီးမြှင့်မှု၁၉၂၀
ချီးမြှင့်ခံရမှုစုစုပေါင်း1,512
Total awarded posthumously2
Ribbon bar of the medal

ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုတံဆိပ် (Florence Nightingale Medal) သည် သူနာပြုပညာတွင် ထူးချွန်သူများအား ပေးအပ်သည့် နိုင်ငံတကာဆုတစ်ခုဖြစ်ပြီး ဗြိတိသျှသူနာပြု Florence Nightingale အား ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်သည်။

ဤဆုတံဆိပ်ကို ၁၉၀၇ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သော အဌမအကြိမ်မြောက် နိုင်ငံတကာ ကြက်ခြေနီအသင်းများ ညီလာခံအပြီးတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ၁၉၁၂ ခုနှစ်၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူနာပြုတစ်ဦး ရရှိနိုင်သည့် အမြင့်ဆုံးသော နိုင်ငံတကာဂုဏ်ထူးဆောင်ဆု ဖြစ်သည်။

ဤဆုကို "ပဋိပက္ခ သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခုကြောင့် ဒဏ်ရာရသူများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများ သို့မဟုတ် အရပ်သားပြည်သူများအား ထူးခြားသည့် သတ္တိနှင့် စေတနာထား၍ ပြုစုစောင့်ရှောက်ပေးသူများ" သို့မဟုတ် "ပြည်သူ့ကျန်းမာရေး သို့မဟုတ် သူနာပြုပညာရေးနယ်ပယ်များတွင် စံနမူနာပြကောင်းမွန်စွာ ဆောင်ရွက်ခဲ့သူများ သို့မဟုတ် တီထွင်ဖန်တီးမှုနှင့် ရှေ့ဆောင်လမ်းပြစိတ်ဓာတ်ရှိသူများ" အား ပေးအပ်သည်။[]

Florence Nightingale Medal Commission (ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုတံဆိပ်ကော်မရှင်) တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ အချို့သော သူနာပြုပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ သူနာပြုချုပ်နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီမှ ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သည်။

ယင်းဆုကို ၂ နှစ်လျှင် တကြိမ် ၃၆ ဦးထက် မပိုဘဲ ရွေးချယ်ခဲ့ပြီး ဖလော်ရင့်(စ)နိုက်တင်ဂေးလ် ၏ မွေးနေ့ဖြစ်သော မေလ ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(I.C.R.C.) က ထုတ်ပြန် ကြေညာလေ့ရှိသည်။

မြန်မာနိုင်ငံမှ ဆုရရှိသူများ

[ပြင်ဆင်ရန်]
စဉ် ပုံ ဆုရှင်[] ရရှိသည့်နှစ်
၁။ ဒေါ်ခင်အုန်းမြ ၁၉၆၃
၂။ ဒေါ်အမ်ယောနမ် ၁၉၉၃
၃။ ဒေါ်သိန်းရီ ၂၀၀၁
၄။ စနိုင်နိုင်ထွန်း[] ၂၀၁၅

ဆက်စပ် ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Florence Nightingale Medal International Committee of the Red Cross (2003)။ 1 July 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2010 တွင် ပြန်စစ်ပြီး။
  2. Medals and Badges: Florence Nightingale Medal British Red Cross 3 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 October 2010 တွင် ပြန်စစ်ပြီး။
  3. Recipients of the Florence Nightingale Medal, 1920-2025 ICRC။ 27 August 2025 တွင် ပြန်စစ်ပြီး။
  4. ကရင်အမျိုးသား သူနာပြုတစ်ဦး ဖလောရင့်နိုက်တင်ဂေးလ်ဆု ရွေးချယ်ချီးမြှင့်ခံရ BNI။ 27 August 2025 တွင် ပြန်စစ်ပြီး။