ဖက်ဒရီကို ဖယ်လိနီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဖက်ဒရီကို ဖယ်လီနီ
မွေးဖွား (1920-01-20)၂၀ ဇန်နဝါရီ၊ ၁၉၂၀
ရီမီနီ၊ အီတလီ
ကွယ်လွန် ၃၁ အောက်တိုဘာ၊ ၁၉၉၃(1993-10-31) (အသက် ၇၃)
ရောမအီတလီ
သေဆုံးရခြင်း အကြောင်းရင်း လေဖြတ်
အလုပ်အကိုင် ရုပ်ရှင်ဒါရိုက်တာ နှင့် ဇာတ်ညွှန်းရေးသားသူ
တက်ကြွလှုပ်ရှားနှစ်များ ၁၉၄၅–၁၉၉၂
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများ
  • La Strada
  • Nights of Cabiria
  • La Dolce Vita
  • Fellini Satyricon
ကိုးကွယ်ယုံကြည်မှု ရိုမန်ကက်တလစ် ခရစ်ယာန်ဘာသာဝင်
အိမ်ထောင်ဖက် ဂွေလတ္တာ မာဆီနာ
(m. 1943)

ဖက်ဒရီကို ဖယ်လီနီ (အီတလီ: [fedeˈriːko felˈliːni]; ၁၉၂၀ ဇန်နဝါရီ ၂၀ – ၁၉၉၃ အောက်တိုဘာ ၃၁) သည် အီတာလျံလူမျိုး ရုပ်ရှင်ဒါရိုက်တာ နှင့် ဇာတ်ညွှန်းရေးသားသူတစ်ယောက် ဖြစ်သည်။ သူ၏ တမူထူးခြားသော Baroque စတိုလ်ခပ်ကြမ်းကြမ်းပုံရိပ်များနှင့် စိတ်ကူးကို ပေါင်းစပ်ဖန်တီးမှုများကြောင့် လူသိများသည်။ သူ့အား သမိုင်းတစ်လျောက် ဩဇာအရှိဆုံး ရုပ်ရှင်ဒါရိုက်တာ များအနက်မှ တစ်ယောက်အဖြစ် အသိအမှတ်ပြုကြသည်။[၁][၂][၃] Cahiers du cinéma နှင့် Sight & Sound ကဲ့သို့သော စစ်တမ်းများတွင် သူ့ ရုပ်ရှင်ကားအချို့အား သမိုင်းတစ်လျောက် အကောင်းဆုံး ဇာတ်ကားများအဖြစ်ထည့်သွင်း သတ်မှတ်ကြသည်။ ၁၉၆၃ ခုနှစ်က သူ့ဇာတ်ကား သည် Sight & Soundတွင် သမိုင်းတစ်လျောက် ဒဿမမြောက်အကောင်းဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ခြင်းခံရသည်။

ဒါရိုက်တာအဖြစ် အနှစ်ငါးဆယ်ဖြတ်သန်းခဲ့ရာတွင် ဖယ်လီနီ သည် La Dolce Vitaဇာတ်ကားအတွက် Palme d'Orဆုကို ရရှိခဲ့ပြီး အကယ်ဒမီဆုများ စကာတင်စာရင်းတွင် ဆယ့်နှစ်ကြိမ်တိတိ ရွေးချယ်ခံခဲ့ရသည်။ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု အော်စကာဆုရ ရုပ်ရှင်လေးကားကို ရိုက်ကူးခဲ့သည်။ ၁၉၉၃ ခုနှစ် လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပသော ခြောက်ဆယ့်ငါးကြိမ်မြောက် အကယ်ဒမီဆုပေးပွဲတွင် သူ့အား တစ်သက်တာ ဂုဏ်ထူးဆောင် အော်စကာဆုကို ချီးမြင့်ခဲ့သည်။[၄]

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ရီမီနီ (၁၉၂၀–၁၉၃၈)[ပြင်ဆင်ရန်]

ဖယ်လီနီကို ၁၉၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အလယ်လတ်တန်းစားမိဘနှစ်ပါးမှ အေဒရီယာတိတ် ပင်လယ် အနီးရှိ မြို့ငယ်လေးတစ်မြို့ဖြစ်သော ရီမီနီမြို့တွင် မွေးဖွားခဲ့သည်။ သူ၏အဖေဖြစ်သူ အာဘာနို ဖယ်လီနီ(၁၈၉၄–၁၉၅၆)သည် ဂမ်ဘတ်တိုလာ မှ မြေပိုင်ရှင်ငယ်လေးများဖြစ်သော ရိုမန်ဂိုး အနွယ် လယ်သမားမိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး ၁၉၁၅ ခုတွင် ရောမမြို့ သို့ ရောက်လာပြီး ပန်တာနယ်လာ ပတ်စတာစက်ရုံတွင် အလုပ်သင် မုန့်ဖုတ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

သူ့အမေ အီဒါ ဘာဘီယန်နီ(၁၈၉၆-၁၉၈၄)သည် ရောမကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ ဖယ်လိနီ၏ သားချင်းနှစ်ယောက်မှာ ရစ်ကာဒို(၁၉၂၁-၁၉၉၁)(RAI ရုပ်မြင်သံကြားမှ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ)နှင့် မာရီယာ မဒ္ဒလီနာ(၁၉၂၉-၂၀၀၂)တို့ ဖြစ်ကြသည်။

၁၉၂၄ခုနှစ်တွင် ဖယ်လိနီသည် ရီမီနီတွင်ပင်ရှိသော ဆန် ဗင်းဆင်ဇို၏ သီလရှင်များဦးစီးသည့် ကျောင်း၌ မူလတန်းပညာ စတင်သင်ကြားသည်။ နောက်နှစ်နှစ်အကြာတွင် ကာလို တိုနီကိုယ်ပိုင်ကျောင်းသို့ ပြောင်းသည်။ အာရုံစိုက်သော ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်များတွင် ပုံဆွဲနေခြင်း၊ ရုပ်သေးပြဇာတ်လုပ်တမ်းဆော့ခြင်းနှင့် Il corriere dei piccoli အမည်ရှိ အမေရိကန်ကာတွန်းများကို ပြန်ထုတ်သော ကလေးမဂ္ဂဇင်းကို ဖတ်နေခြင်းများဖြင့် အချိန်ကုန်ဆုံးစေသူဖြစ်သည်။ ၁၉၂၆ တွင် ဂွီဒို ဘရဂ်ျနိုနီ၏ Maciste all’Infernoရုပ်ရှင်ကို သူ၏ပထမဆုံးအဖြစ် စကြည့်ရှုမိပြီး ဒန်တေနှင့် ရုပ်ရှင်များကို စတင်စိတ်ဝင်စားသွားသည်။[၅]

၁၉၂၉ တွင် ဂျင်နာဆီယို ဂွီလီယို ဆက်ဆာရီ၌ အလုပ်လျောက်ရင်း လူဝီဂျီ 'တစ်တာ' ဘန်ဇီ(နောင်တွင် သူ့ရုပ်ရှင်ကား "Amarcord"မှ လူငယ်ဇာတ်ကောင် တစ်တာအဖြစ် သူနမူနာယူဖန်တီးမည့်သူ)နှင့် မိတ်ဆွေစဖြစ်သည်။ မူဆိုလီနီခေတ် အီတလီတွင် ဖယ်လိနီနှင့် ရစ်ကာဒိုတို့သည် တင်းကျပ်သော အီတာလျံဖက်ဆစ်လူငယ် ယောက်ျားလေးများအုပ်စုဖြစ်သည့် "Avanguardistaအဖွဲ့ဝင်များ ဖြစ်လာကြသည်။

ဖယ်လိနီသည် သူ၏ငယ်ဘဝမှ အဓိကဖြစ်ရပ်များကို မှီငြမ်းကာ "I Vitelloni (၁၉၅၄), 8½" (၁၉၆၃) နှင့် Amarcord (၁၉၇၃)ကဲ့သို့သော သူ၏ရုပ်ရှင်များကို ဖန်တီးခဲ့သော်လည်း ထိုငယ်ဘဝအမှတ်ရမှုများမှာ ဖန်တီးထားခြင်းသာဖြစ်ကြောင်း သူကငြင်းဆိုခဲ့သည်။

ကျွန်တော့်ရုပ်ရှင်တွေကို လွှမ်းမိုးနေတာ ငယ်ဘဝက မှတ်ဉာဏ်တွေ မဟုတ်ရပါဘူး။ ကျွန်တော့်ရုပ်ရှင်တွေဟာ ကျွန်တော့်အတ္ထုပ္ပတ္တိတစ်ပိုင်းဆန်တယ်ဆိုပြီး ပြောဆိုဝေဖန်ဖို့ဆိုတာဟာ ကသိုက်ကရိုက် ခွဲခြားသတ်မှတ်လိုက်တာဘဲ။ အလွန်အမင်းကြီးကို အပေါ်ယံ ပြောလိုက်တာဘဲဖြစ်တယ်။ ကလေးဘဝ၊ ဇာတ်ကောင်စရိုက်၊ အိပ်မက်တွေ၊ မှတ်ဉာဏ်တွေ၊ အတိတ်ကို တသလွှမ်းဆွှတ်တာတွေ။ ဒါတွေအားလုံးဟာ တကယ်တော့ ကျွန်တော်ထွင်ထားတာချည်းဘဲ။[၆]

၁၉၃၇တွင် ဖယ်လိနီသည် ရီမီနီ၌ ဖီဘိုဟူသော ပုံတူအရောင်းဆိုင်ကို ပန်းချီဆရာ ဒေမို့(စ) ဘိုနီနီနှင့် ပူးပေါင်း၍ ဖွင့်သည်။ သူ၏ ပထမဆုံး ဟာသဆောင်းပါးသည် မီလန်မှ "Domenica del Corriere၏ "ကျွန်ုပ်တို့ စာဖတ်သူများထံသို့ ပို့(စ)ကတ်များ"တွင် ပါရှိခဲ့သည်။ ၁၉၃၈တွင် ဖယ်လိနီသည် ရုပ်ပြောင်ကာတွန်းရေးသူနှင့် ဟာသများရေးသူအဖြစ် အသက်မွေးရန် ဆုံးဖြတ်ပြီး ဖလောရင့်သို့ ထွက်လာခဲ့သည်။ ဖလောရင့်တွင် သူ၏ ပထမဆုံးကာတွန်းကို ထုတ်ဝေခဲ့သည်။ စာမေးပွဲနှစ်ကြိမ်ပြန်ဖြေပြီးမှ ၁၉၃၈ခုနှစ်တွင် အထက်တန်းအောင်မြင်သည်။

ရောမ (၁၉၃၉)[ပြင်ဆင်ရန်]

၁၉၃၉ခု စက်တင်ဘာတွင် ဖယ်လိနီသည် သူ့မိဘများစိတ်ကျေနပ်စေရန် ရောမတက္ကသိုလ်ရှိ ဥပဒေကျောင်း၌ ဝင်ခွင့်လျောက်ထားခဲ့သည်။ အတ္ထုပ္ပတ္တိဆရာ ဟိုလစ် အဲလ်ပတ်က ဖယ်လိနီသည် ကျောင်းဝင်ခွင့်လျောက်ထားခဲ့သော်လည်း အတန်းတစ်ခါမှ သွားမတက်ခဲ့ဟု ဆိုသည်။[၇] မိဘလုပ်စာထိုင်စားရင်းက သူ့ဘဝတွင် ရည်ရှည်သူငယ်ချင်းဖြစ်လာမည့် ပန်းချီဆရာ ရီနယ်ဒို ဂျယ်လန်နှင့် စတင်တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်သည် ဆင်းရဲနေ၍ စားသောက်ဆိုင်များ၊ ကဖေးများ၏ ပုံကြမ်းများကို ရဲအဖွဲ့အတွက်ဆွဲပေးကြသည်။ ဖယ်လိနီသည် ဒေသတွင်း နေ့စဉ်ထုတ်သတင်းစာများဖြစ်သည့် "Il Piccolo နှင့်Il Popolo di Roma တို့တွင် သတင်းထောက်အဖြစ်အလုပ်ရခဲ့သော်လည်း ငြီးငွေ့သောကြောင့် သိပ်မကြာခင်မှာပင် အလုပ်ထွက်လိုက်သည်။

ဩဇာရှိသော တစ်ပါတ်နှစ်ကြိမ်ထုတ် ဟာသမဂ္ဂဇင်း Marc’Aurelioတွင် သူ၏ ပထမဆုံးဆောင်းပါးကို ဖော်ပြခံရပြီး လေးလအကြာတွင် သူသည် ထိုမဂ္ဂဇင်း၌ အယ်ဒီတာအဖွဲ့ဝင်ဖြစ်လာပြီး "နို့...ခင်ဗျားနားထောင်နေရဲ့လား?"အမည်ဖြင့် ပုံမှန် ကော်လံစားဖြစ်လာသည်။[၈] ထိုမဂ္ဂဇင်းသည် သူ့အား ၁၉၃၉မှ ၁၉၄၂ထိ ပုံမှန် အလုပ်ပေးထားနိုင်ခဲ့သည်။ ထိုမဂ္ဂဇင်းတွင် လုပ်ကိုင်နေရင်းမှပင် စာရေးဆရာများ၊ ဇာတ်ညွှန်းဆရာများ၊ ဟာသဆရာများနှင့် ရင်းနှီးဆက်ဆံမှုများ ရှိလာခဲ့သည်။ ဤသည်ကပင် သူ့အား ရုပ်ရှင်လောက၊ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်၍ အခွင့်အလမ်းများ ရလာစေခဲ့သည်။ ထိုစဉ်က သူနှင့်အတူ အယ်ဒီတာအဖွဲ့တွင် လုပ်ဖော်ကိုင်ဖက်များမှာ နောင်တွင် ဖယ်လိနီ၏ ဇာတ်ညွှန်းရေးဆရာဖြစ်လာမည့် ဘာနာဒီယို ဇက်ပိုနီ၊ ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်လာမည့် အက်တိုရီ စကိုလာနှင့် Marxist အယူအဆရေးရာသမားနှင့် ဇာတ်ညွှန်းဆရာဖြစ်လာမည့် ဆက်ဆာရီ ဇေဝတီနီတို့ဖြစ်သည်။

သက်မွေးဝမ်းကြောင်းအလုပ်နှင့် နှောင်းပိုင်းဘဝ[ပြင်ဆင်ရန်]

အစောပိုင်း ဇာတ်ညွှန်းများ (၁၉၄၀–၁၉၄၃)[ပြင်ဆင်ရန်]

၁၉၅၀ ဝန်းကျင်မှ ဖက်ဒရီကို ဖယ်လိနီပုံ

ရီမီနီရှိ စီးပွားရေးလုပ်ငန်းကို ထိန်းသိမ်းနေရ၍ အာဘာနိုသည် သူ့မိန်းမနှင့် မိသားစုကို သားဖြစ်သူ ဖယ်လိနီရှိသည့် ရောမသို့ သွားရောက်နေထိုင်စေသည်။ ဖယ်လီနီသည် "Marc’Aurelioတွင် အလုပ်လုပ်ဆဲဖြစ်ပြီး ရေဒီယို အသံလွင့်ရန် စာကြမ်းများနှင့် ရုပ်ရှင်များအတွက် ပြက်လုံးများ စတင်ရေးနေပြီဖြစ်သည်။

အသက်နှစ်ဆယ်မပြည့်သေးမီအရွယ်မှာပင် ဖက်ဘရီဇီ၏ အကူအညီဖြင့် ဟာသစာရေးဆရာအဖြစ် ရုပ်ရှင်တစ်ခုတွင် စတင်ဖော်ပြခံရပြီဖြစ်သည်။ ရုပ်ရှင်အများအပြားတွင် ဆက်တိုက်ဆိုသလို ပါဝင်ခွင့်များရလာသည်။ ၁၉၄၀ ဇွန်လ ၁၀ရက်တွင် မူဆိုလီနီက ပြင်သစ်နှင့် အင်္ဂလန်ကို စစ်ကြေငြာလိုက်သည့်ကာလတွင် ဖယ်လိနီသည် ကာ့(ဖ)ကာအသွင်ပြောင်းလည်းခြင်း၊ ဂိုဂေါလ်၊ ဂျွန် စတိန်းဘက်နှင့် ဝီလျံ ဖော့ခနာအပြင် ပြင်သစ်ရုပ်ရှင်များကို စတင်တွေ့ရှိနေပြီဖြစ်သည်။[၉] ၁၉၄၁ တွင် သူသည် နှစ်ကိုယ့်တစ်စိတ် ပတ်စကွယ်လီနို၏ ကို့ယို့ကားယား စွန့်စားခန်းဇာတ်လမ်း စာမျက်နှာ ၇၄မျက်နှာပါသည့် စာအုပ်ငယ် "Il mio amico Pasqualinoကို ရေးသားထုတ်ဝေသည်။[၁၀]

၁၉၄၂ နိုဝင်ဘာလတွင် ဖယ်လိနီအား စစ်ထဲအတင်းဝင်စေ၍ အော်စဗယ်ဒို ဗယ်လန်တီနှင့် ဂီနို တယ်လားမိုတို့ ရိုက်ကူးသော "ကန္တာရသူရဲကောင်းများ"( I cavalieri del deserto )ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးပေးရန် ဖက်ဆစ်အီတလီက သိမ်းပိုက်ထားသည့် လစ်ဗျားသို့ စေလွှတ်ခြင်းခံရသည်။[၁၁] အရေးပေါ် ဇာတ်ညွှန်းပြန်ရေးရ၍ သူသည် ရုပ်ရှင်၏ အစောပိုင်းအခန်းများကိုပင် ကိုယ်တိုင်ရိုက်ကူးခဲ့ရသည်။ထရီပိုလီမြို့အား ဗြိတိသျှတပ်များက သိမ်းပိုက်သောအခါ သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် ဂျာမန်စစ်လေယာဉ်ငယ်လေးတစ်စင်းဖြင့် စစ္စလီကျွန်းသို့ ထွက်ပြေးနိုင်ခဲ့သည်။ သူ၏ အာဖရိကတိုက်မှ စွန့်စားမှုများကို နောက်ပိုင်းတွင် Marc’Aurelio ၌ "ပထမဆုံး လေကြောင်းခရီး"ဟူ၍ ပြန်လည်ရေးသားခဲ့သည်။ ထို ဆောင်းပါးတွင် "ဖယ်လိနီအသစ်မွေးဖွားခြင်း၊ စားပွဲတွင်ထိုင်၍ ကောက်ကြောင်းခြစ် အလုပ်လုပ်နေသည့် ဇာတ်ညွှန်းရေးဆရာမဟုတ်တော့၊ လက်တွေ့ ကွင်းဆင်း ရိုက်ကူးနေသည့် ရုပ်ရှင်ဖန်တီးသူတစ်ဦး"ဆိုပြီး မှတ်ချက်ရေးခဲ့သည်။[၁၂]

အစဉ်သဖြင့် နိုင်ငံရေးဖြင့် ကင်းလိုသော ဖယ်လိနီသည် မဟာမိတ်တပ်များက ဘိုလော့ဂ်နာကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်စဉ်တွင် သူ၏ဆေးမှတ်တမ်းများ ပျက်ဆီးပျောက်ဆုံးသွား၍ တပ်မှထွက်ခွင့်ရပြီး လွတ်လပ်သွားခဲ့သည်။ ဖယ်လိနီတို့ လင်မယားသည် မယားဖြစ်သူ၏ အဒေါ်တစ်ဦးအိမ်တွင် မူဆိုလီနီ ကျဆုံးသည့် ၁၉၄၃ ဇူလိုင် ၂၅ ရက်မတိုင်မီထိ ပုန်းအောင်းနေထိုင်ကြရသည်။ လများစွာကြာပြီးနောက် မာဆီနာသည် ကိုယ်ဝန်ကြီးဖြင့် လှေကားမှ ချော်ကျသည်။ ၁၉၄၅ မတ်လ ၂၂ တွင် သားဦး ပီယာဖက်ဒရီကို ကိုဖွားမြင်သည်။ သို့သော်လည်း ကလေးမှာ တစ်လသာအသက်ရှင်ပြီး ကွယ်လွန်သွားရှာသည်။[၁၃]

Neorealist အလုပ်သင်ကာလ (၁၉၄၄–၁၉၄၉)[ပြင်ဆင်ရန်]

၁၉၄၄ ဇွန်လ ၄ရက်တွင် မဟာမိတ်တပ်များက ရောမကို သိမ်းပိုက်နိုင်လိုက်ပြီးနောက် ဖယ်လိနီနှင့် အန်ရစ်ကို ဒီ ဆီတာတို့သည် ရယ်စရာကောင်းသော မျက်နှာဆိုင်ဟူ၍ ဖွင့်လှစ်ပြီး အမေရိကန်စစ်သားများကို ပုံတူကာတွန်းရုပ်ပြောင်များ ဆွဲပေးခြင်းဖြင့် အသက်မွေးကြသည်။ ရော်ဘတ်တို ရိုဆယ်လိနီသည် "ပြီးခဲ့သောနှစ်မှ ဇာတ်လမ်းများ"(နောင်တွင် "ရောမ၊ ဖွင့်ထားသောမြို့"ဖြစ်လာမည့်)ကို ဖန်တီးနေစဉ် ဖယ်လိနီနှင့် ဆုံတွေ့ခဲ့ပြီး ဖယ်လိနီက ဇာတ်ညွှန်းအတွက် ဒိုင်ယာလော့ဂ်များ၊ ပြက်လုံးများ ရေးပေးမည်ဟု ကမ်းလှမ်းခဲ့ရာမှ ဖယ်လိနီသည်လည်း Italian Neorealismတွင် ပါဝင် ပတ်သက်လာသည်။[၁၄]

၁၉၄၇ တွင် ဖယ်လိနီနှင့် ဆာဂျီယို အေမီဒေတို့သည် ထိုဇာတ်ကားအတွက် အော်စကာဆု စကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

၁၉၄၆တွင် ရိုဆယ်လိနီ၏ "ပိုင်ဆန်"ရုပ်ရှင်အား ဇာတ်ညွှန်းရေးဆရာအဖြစ်အပြင် လက်ထောက်ဒါရိုက်တာအဖြစ်ပါ ဝင်ရောက်ရိုက်ကူးနေရင်းမှ ဖယ်လိနီသည် မိုင်အိုရီတွင် စစ္စလီယန်ရိုက်ကွင်းများရိုက်ရန် စိတ်ပါလာသည်။ ၁၉၄၈ ဖေဖော်ဝါရီတွင် သူ့အား မာဆယ်လို မတ်(စ)ထရိုအီယန်နီဟူသည့် သရုပ်ဆောင်လူငယ်လေးနှင့် မိတ်ဆက်ပေးခြင်းခံရသည်။[၁၅] အဲလ်ဘတ်တို လတ္တူဒါနှင့်အတူ တွဲလုပ်ရင်းမှ ၎င်းအတွက် Senza pietà"(အသနားမဲ့) နှင့် "Il mulino del"(ပိုပေါ်မှ ကြိတ်ခွဲစက်)ရုပ်ရှင်များအတွက် ဇာတ်ညွှန်းများကို ပူးတွဲရေးသားခဲ့သည်။

အစောပိုင်း ရုပ်ရှင်များ (၁၉၅၀–၁၉၅၃)[ပြင်ဆင်ရန်]

ဖယ်လိနီ၊ မာဆီနာ၊ ကာလာ ဒယ်လ် ပေါ့ဂျီယိုနှင့် လတ္တူဒါ၊ ၁၉၅၂

၁၉၅၀တွင် ဖယ်လိနီသည် ဒါရိုက်တာအဖြစ် သူ ပထမဆုံးရိုက်ကူးသောရုပ်ရှင်အဖြစ် "အပြားပြားသော အလင်းများ"(Luci del varietà)ရုပ်ရှင်ကို အဲလ်ဘတ်တို လတ္တူဒါနှင့်ပူးတွဲရိုက်ကူး၊ ပူးတွဲထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်ရေးကုမ္ပဏီမှာ အရှုံးပေါ်ခဲ့ပြီး ဖယ်လိနီနှင့် လတ္တူဒါတို့သည်လည်း ဆယ်စုနှစ်တစ်ခုစာ အကြွေးများနှင့် ကျန်ရစ်သည်။[၁၆] ၁၉၅၀ ဖေဖော်ဝါရီတွင် "ပိုင်ဆန်"ရုပ်ရှင် ဇာတ်ညွှန်းအတွက် ရိုဆယ်လိနီ၊ ဆာဂျီယိုနှင့် ဖယ်လိနီတို့ကို အော်စကာဆု စကာတင်စာရင်းအတွက် ရွေးချယ်ခြင်းခံရသည်။

"Europa '51"အတွက် ရိုဆယ်လိနီနှင့်အတူ ပါရီတွင် ဇာတ်ညွှန်းညီလာခံကို တက်ရောက်ပြီးနောက် ဖယ်လိနီသည် ၁၉၅၁ စက်တင်ဘာတွင် "အာရပ် စော်ဘွားဖြူ"ကို ထုတ်လုပ်ရန်ပြင်သည်။ ထိုရုပ်ရှင်အား ကိန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရွေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။

၁၉၅၃ တွင် သူ၏ I Vitelloni ရုပ်ရှင်သည် ပရိတ်သတ်များနှင့် ဝေဖန်ရေးဆရာများကို နှစ်ခြိုက်စေခဲ့သည်။ ဗင်းနစ်တွင် ငွေခြင်္သေ့ဆုဆွှတ်ခူးခဲ့သည်။

Neorealism အလွန်ကာလ (၁၉၅၄–၁၉၆၀)[ပြင်ဆင်ရန်]

၁၉၅၂ တွင် ပင်နဲလ်လီ၊ ဖလေရီယာနိုတို့နှင့် တွဲဖက်ရေးသားသော ဇာတ်ညွှန်းကို "La Strada ရုပ်ရှင်အဖြစ် ရိုက်ကူးသည်။ ရိုက်ကူးရေးကာလနောက်ဆုံးသုံးပါတ်တွင် ဖယ်လိနီသည် ပထမဆုံးအကြိမ်အဖြစ် စိတ်ကျရောဂါခံစားရလာသည်။[၁၇] သူ့ဇနီးသည်၏ အကူအညီဖြင့် စိတ်ပညာရှင် အီမီလီယို ဆာဗာဒီယို ထံတွင် ကုသမှု ခံယူခဲ့သည်။[၁၇]

ဖယ်လိနီ၏ စိတ်ကြိုက် စတူဒီယို[၁၈]

Nights of Cabiria ကို ရိုက်ကူးရန် ပြင်ဆင်နေစဉ် ၁၉၅၆ နွေဦးတွင် ဖယ်လိနီ၏ ဖခင်ဖြစ်သူသည် အသက် ခြောက်ဆယ့်နှစ်နှစ်အရွယ်၌ နှလုံးခုန်ရပ်ပြီး ဆုံးသွားရှာသည်။ Nights of Cabiria မှာ အကြိမ်သုံးဆယ်မြောက် အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆု အကယ်ဒမီကို ဆွှတ်ခူးခဲ့သည်။ သရုပ်ဆောင်ဖြစ်သူ မာဆီနာမှာ ကိန်းရုပ်ရှင်ပွဲတော်တွင် ဤ ရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

၁၉၆၀တွင် သူ၏ La Dolce Vita ရုပ်ရှင်သည် စံချိန်တင်ဝင်ငွေဖြင့် အောင်မြင်ခဲ့သည်။ မှောင်ခိုသမားများက လက်မှတ်တစ်စောင်ကို ၁၀၀၀လီယာဖြင့် ရောင်းကြလင့်ကစား လူအုပ်ကြီးမှာ "အကျင့်ပျက်ရုပ်ရှင်"ဟု သတ်မှတ်ထားသည့် ရုပ်ရှင်ကားကို ဆင်ဆာမပိတ်မှီ ကြည့်ရှုဖို့ နာရီနှင့်ချီပြီး တန်းစီကြရသည်။[၁၉] ၁၉၆၀ ဖေဖော်ဝါရီလ ၅ရက်တွင် မီလန်၌ ပြသသော အထူးပွဲတွင် လူအုပ်ကြီးသည် အော်ဟစ်ဆဲရေးနေကြပြီး ဖယ်လိနီ၏ မျက်နှာကို လူတစ်ယောက်က တံတွေးနှင့် လှမ်းထွေးသည်ပင် ခံရသည်။ ပါလီမန်တွင် ရှေးရိုးစွဲ လက်ယာဝါဒီများက ထိုရုပ်ရှင်ကို ထုတ်ဖော်ရှုတ်ချခဲ့ပြီး ခရစ်ယာန် ဒီမိုကရက်မှ ပါလီမန်အတွင်းဝန်လေး ဒိုမန်နီကိုက ရုပ်ရှင်၏ အငြင်းပွားဖွယ်အကြောင်းအရာကို ငြင်းပယ် လက်မခံရန် တောင်းဆိုခဲ့သည်ထိပင်။ [၂၀] ဗာတီကန်၏ တရားဝင် ကိုယ်စားပြုသတင်းစာဖြစ်သော l'Osservatore Romano" က ဆင်ဆာတည်းဖြတ်ပစ်ရန် ဆွယ်သတင်းဆောင်းပါးများရေးခဲ့သည်။ ရိုမန်အသင်းတော်ဝင် ဘုန်းတော်ကြီးများအဖွဲ့နှင့် အီတလီတော်ဝင်မျိုးရိုးစဉ်ဆက်အဖွဲ့ကလည်း ရုပ်ရှင်ကို တိုက်ခိုက်ပြောဆိုခဲ့ကြသည်။[၂၁] မည်သို့ပင်ဆိုစေ ဤ ရုပ်ရှင်မှာ ကိန်းရုပ်ရှင်ပွဲတော်တွင် "Palme d'Or"ဆု ချီးမြင့်ခံရလေသည်။[၂၂]

နိုင်ငံရေး အမြင်များ[ပြင်ဆင်ရန်]

အခြားသော အီတာလျံနာမည်ကျော်အများစုမှာ အီတာလျံ ကွန်မြူနစ် ပါတီကို ထောက်ခံကြသော်လည်း လက်ဝဲမယိမ်းသည့် ဖယ်လိနီသည် ခရစ်ယာန် ဒီမိုကရေစီ (DC)ကို ထောက်ခံအားပေးခဲ့ပြီး[၂၃] ၁၉၆၈ခုနှစ် ဆန္ဒပြပွဲကို ဆန့်ကျင်ကာ ဂူလီယို အန်ဒရီရော့တီနှင့် မိတ်ဖွဲ့ခဲ့သည်။[၂၄] "Ginger and Fredတွင် ဆေလ်ဗီယို ဘာလူစကိုနီနှင့် ခေတ်ရေစီးကြောင်းလိုက်သော ရုပ်မြင်သံကြားများကို သရော်လှောင်ပြောင်ခြင်းမှအပ[၂၅] ဖယ်လိနီသည် သူ၏ နိုင်ငံရေးအမြင်ကို လူသိအောင်ချပြလေ့မရှိသည့်အပြင် နိုင်ငံရေးနှင့် ပတ်သက်သောရုပ်ရှင်လည်း တစ်ကားမှမရိုက်ကူးခဲ့ပေ။ ၁၉၉၀ တွင်တော့ DC နှင့် အီတာလျံ ရီပတ်ဘလီကန် ပါတီ(PRI)တို့အတွက် ရုပ်မြင်သံကြား ရွေးကောက်ပွဲ ကြော်ငြာနှစ်ခုကို ရိုက်ကူးပေးခဲ့သည်။[၂၆] သူ၏ ဆောင်ပုဒ် "Non si interrompe un'emozione" (စိတ်ခံစားမှုတစ်ခုကို အဆက်မပြတ်စေနဲ့")အား ရုပ်မြင်သံကြားတွင် ကြော်ငြာများအလွန်အကျွံသုံးစွဲမှုကို ဆန့်ကျင်၍ ရိုက်ကူးခဲ့သည်။ ထိုဆောင်ပုဒ်အား ၁၉၉၅ အီတာလျံ လူထုဆန္ဒခံယူပွဲတွင် လက်ဝဲ ဒီမိုကရက်တစ် ပါတီက အသုံးပြုခဲ့သေးသည်။

လွှမ်းမိုးမှုနှင့် အမွေဆက်ခံသူ[ပြင်ဆင်ရန်]

ဖယ်လိနီအား ညွှန်းဆိုဂုဏ်ပြု ချိတ်ဆွဲထားသော ရောမရှိပလိတ်ပြား

လူ့အဖွဲ့အစည်း၏ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ထူးခြားသော အမြင်များအရ ဖယ်လိနီ၏ ရုပ်ရှင်များသည် အတိတ်မှတ်ဉာဏ်များ၊ အိပ်မက်များ၊ ဆန္ဒများ၊ စိတ်ကူးအတွေးများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုဖြစ်သည်။

ခေတ်ပေါ် ရုပ်ရှင်ဖန်တီးသူများဖြစ်သည့် တင် ဘာတန်[၂၇] တယ်ရီ ဂီလီယမ်[၂၈] အီမီယာ ကတ်စတာရီကာ[၂၉] နှင့် ဒေးဗစ် လင့်(ချ)[၃၀] တို့ကဲ့သို့သော ရုပ်ရှင်ဒါရိုက်တာများ၏ လက်ရာရုပ်ရှင်များတွင် ဖယ်လိနီ၏ ဩဇာလွှမ်းမိုးမှုကို တွေ့ရသည်။

ဖယ်လိနီ၏ I Vitelloni ရုပ်ရှင်သည် ဥရောပဒါရိုက်တာများဖြစ်သော ဟွမ် အန်တိုနီယို ဘာဒမ်နှင့် မာကို ဖာရာရီတို့အပေါ်၊ မာတင် စကော့ဆေးဆေးMean Streets"ရုပ်ရှင် (၁၉၇၃)၊ ဂျော့ လူးကပ်စ် American Graffiti"ရုပ်ရှင် (၁၉၇၄)၊ ဂျိုဝယ် ရှူမာချာ၏"St. Elmo's Fire ရုပ်ရှင် (၁၉၈၅)နှင့် ဘယ်ရီ လစ်ဗင်ဆင်၏ Diner ရုပ်ရှင် (၁၉၈၇)တို့အပေါ် လွှမ်းမိုးခဲ့သည်။[၃၁] ၁၉၆၃တွင် အမေရိကန်မဂ္ဂဇင်း Cinema က စတန်လေ ကူးဘရစ် အား သူ၏ အကြိုက်ဆုံးရုပ်ရှင်များကိုမေးရာအကြိုက်ဆုံးရုပ်ရှင် ဆယ်ကားရွေးချယ်ခဲ့ရာတွင် ပထမအကြိုက်ဆုံးကားမှာ I Vitelloni ဖြစ်သည်။[၃၂]

ဖယ်လိနီ၏ ရုပ်ရှင်ဆိုင်ရာအပြင် ပုဂ္ဂလိဆိုင်ရာ စာရွက်စာတမ်းများကို ဝက်စလီယန် တက္ကသိုလ်တွင် ထိန်းသိမ်းထားသည်။[၃၃]

ဖန်တီးခဲ့သမျှ လက်ရာများ[ပြင်ဆင်ရန်]

စာရေးဆရာနှင့် ဒါရိုက်တာအဖြစ်[ပြင်ဆင်ရန်]

  • အပြားပြားသော အလင်းများ (၁၉၅၀) (အဲလ်ဘတ်တို လတ္တူဒါနှင့် တွဲဖက်၍)
  • "အာရပ် စော်ဘွားဖြူ"(၁၉၅၂)
  • I vitelloni (၁၉၅၃)
  • L'amore in città (၁၉၅၃)
  • La strada (၁၉၅၄)
  • Il bidone (၁၉၅၅)
  • Le notti di Cabiria (၁၉၅၇)
  • La Dolce Vita (၁၉၆၀)
  • Boccaccio '70 (၁၉၆၂)
  • (၁၉၆၃)
  • Giulietta degli spiriti (၁၉၆၅)
  • Histoires extraordinaires (၁၉၆၈)
  • Fellini: A Director's Notebook (၁၉၆၉)
  • Fellini Satyricon (၁၉၆၉)
  • I clowns (၁၉၇၀)
  • ရောမ (၁၉၇၂)
  • Amarcord (၁၉၇၃)
  • Fellini's Casanova|Il Casanova di Federico Fellini (၁၉၇၆)
  • Prova d'orchestra (၁၉၇၈)
  • La città delle donne (၁၉၈၀)
  • And the Ship Sails On|E la nave va (၁၉၈၃)
  • Ginger e Fred (၁၉၈၆)
  • Intervista (၁၉၈၇)
  • La voce della luna (၁၉၉၀)

ဇာတ်ညွှန်း[ပြင်ဆင်ရန်]

  • ကန္တာရသူရဲကောင်းများ (၁၉၄၂)
  • Before the Postman (၁၉၄၂)
  • The Peddler and the Lady (၁၉၄၃)
  • L'ultima carrozzella (၁၉၄၃) ပူးတွဲ
  • Roma, città aperta (၁၉၄၅) ပူးတွဲ
  • ပိုင်ဆန် (၁၉၄၆) ပူးတွဲ
  • Black Eagle (၁၉၄၆) ပူးတွဲ
  • Il delitto di Giovanni Episcopo (၁၉၄၇) ပူးတွဲ
  • Senza pietà" (၁၉၄၈) ပူးတွဲ
  • L'Amore (film)|Il miracolo (၁၉၄၈) ပူးတွဲ
  • Il mulino del Po (၁၉၄၉) ပူးတွဲ
  • Francesco, giullare di Dio (၁၉၅၀) ပူးတွဲ
  • Il Cammino della speranza (၁၉၅၀) ပူးတွဲ
  • La città si difende (၁၉၅၁) ပူးတွဲ
  • Persiane chiuse (၁၉၅၁) ပူးတွဲ
  • Il brigante di Tacca del Lupo (၁၉၅၂) ပူးတွဲ
  • Fortunella (၁၉၇၉) ပူးတွဲ
  • Lovers and Liars (၁၉၇၉) ဖယ်လိနီနာမည်မဖော်ပြ

ရုပ်သံကြော်ငြာများ[ပြင်ဆင်ရန်]

  • Campari Soda (၁၉၈၄)
  • Barilla pasta (၁၉၈၄)
  • Banca di Roma (၁၉၉၂)

ဖယ်လိနီအကြောင်း မှတ်တမ်းရုပ်ရှင်များ[ပြင်ဆင်ရန်]

  • Ciao Federico (1969). Dir. Gideon Bachmann. (60')
  • Federico Fellini - un autoritratto ritrovato (2000). Dir. Paquito Del Bosco. (RAI TV, 68')
  • Fellini: I'm a Born Liar (2002). Dir. Damian Pettigrew. Feature documentary. (ARTE, Eurimages, Scottish Screen, 102')
  • How Strange to Be Named Federico (2013). Dir. Ettore Scola.

အကိုးအကား[ပြင်ဆင်ရန်]

မှတ်စုများ[ပြင်ဆင်ရန်]

  1. The 25 Most Influential Directors of All TimeMovieMaker Magazine
  2. 10 Most Influential Directors Of All TimeWhatCulture.com
  3. Burke and Waller, 12
  4. [၁]
  5. Burke and Waller, 5–13
  6. ဖယ်လိနီနှင့် တွေ့ဆုံမေးမြန်းခြင်း (၁၉၈၀ ဇန်နဝါရီ ၁၄)။ ဇာတ်ညွှန်းဆရာ တူလီယို ပီနဲလီ၊ ဘာနာဒီယို ဇက်ပိုနီ၊ ရုပ်ရှင်ဓါတ်ပုံဒါရိုက်တာ ဂူဆစ်ပီ ရိုတန်နိုနှင့် ရိုက်ကွင်း ဒီဇိုင်နာ ဒန်တေ ဖာရက်တီတို့ကလည်း ဖယ်လိနီသည် သူ၏ ငယ်ဘဝမှတ်ဉာဏ်ဟူပြီး စိတ်ကူးယဉ်ဖန်တီးလေ့ရှိသည်ဟု တင်ပြထားကြသည်။
  7. Alpert, 33
  8. Kezich, 31
  9. Alpert, 42
  10. Kezich, 35
  11. Kezich, 70
  12. Kezich, 71
  13. Kezich, 74
  14. Kezich, 78
  15. Kezich, 404
  16. Kezich, 114
  17. ၁၇.၀ ၁၇.၁ Kezich, 158
  18. Our flexible giant.။ Cinecittà Studios။ 20 September 2013 တွင် ပြန်စစ်ပြီး။
  19. Kezich, 208
  20. Kezich, 209
  21. Kezich, 210
  22. Alpert, 145
  23. Franco Bianchini။ "Il Fellini che non vi raccontano: votava Dc, rifiutava il cinema impegnato ed era contro il ’68" (in Italian)၊ October 31, 2013။ 
  24. Jacopo Iacoboni။ "Caro Andreotti, caro Fellini l'amicizia tra due arcitaliani" (in Italian)၊ March 28, 2012။ 
  25. Kezich, 367
  26. Unknown။ "Con DC e PRI, Federico Fellini sponsor di due nemicicon DC e PRI, Federico Fellini sponsor di due nemici" (in Italian)၊ March 18, 1992။ 
  27. Tim Burton Collective. Accessed Sept 17 2008
  28. Gilliam at Senses of Cinema. Accessed Sept 17 2008
  29. Kusturica Interview at BNET. Accessed Sept 17 2008
  30. City of Absurdity Quote Collection. Accessed Sept 17 2008
  31. Kezich, 137
  32. Ciment, Michel. "Kubrick: Biographical Notes" Accessed Dec 23 2009
  33. Cinema Archives - Wesleyan Universitywesleyan.edu

စာစုစာရင်း[ပြင်ဆင်ရန်]

မူရင်း အထောက်အထားများ

  • Fellini, Federico (1988). Comments on Film. Ed. Giovanni Grazzini. Trans. Joseph Henry. Fresno: The Press of California State University at Fresno.
  • — (1993). I disegni di Fellini. Ed. Pier Marco De Santi. Roma: Editori Laterza.
  • — and Damian Pettigrew (2003). I'm a Born Liar: A Fellini Lexicon. New York: Harry N. Abrams, Inc. ISBN 0-8478-3135-3
  • — and Tullio Pinelli. Trip to Tulum. Trans. Stefano Gaudiano and Elizabeth Bell. New York: Catalan Communications.
  • — (2015). Making a Film. Trans. Christopher Burton White. Autobiographical Essay by Italo Calvino. New York: Contra Mundum Press.

အခြားအထောက်အထားများ

  • Alpert, Hollis (1988). Fellini: A Life. New York: Paragon House. ISBN 1-55778-000-5
  • Bondanella, Peter (ed.)(1978). Federico Fellini: Essays in Criticism. New York: Oxford University Press. ISBN 0-19-502274-2
  • — (1992). The Cinema of Federico Fellini. Princeton University Press. ISBN 0-691-00875-2
  • — (2002). The Films of Federico Fellini. Cambridge: Cambridge University Press.ISBN 9780521575737.
  • Burke, Frank, and M. R. Waller (2003). Federico Fellini: Contemporary Perspectives. Toronto: University of Toronto Press. ISBN 0-8020-7647-5
  • Kezich, Tullio (2006). Federico Fellini: His Life and Work. New York: Faber and Faber. ISBN 978-0-571-21168-5
  • Miller, D. A. (2008). . Hampshire: Palgrave Macmillan.

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

အထွေထွေ

  • Angelucci, Gianfranco (2014). Giulietta Masina, attrice e sposa di Federico Fellini (Ill., 200 pp.). Roma: Edizioni Sabinae - Centro Sperimentale di Cinematografia.
  • Arpa, Angelo (2010). La dolce vita di Federico Fellini. Roma: Edizioni Sabinae.
  • Bertozzi, Marco, Giuseppe Ricci, and Simone Casavecchia (eds.)(2002–2004). BiblioFellini. 3 vols. Rimini: Fondazione Federico Fellini.
  • Betti, Liliana (1979). Fellini: An Intimate Portrait. Boston: Little, Brown & Co.
  • Bondanella, Peter (ed.)(1978). Federico Fellini: Essays in Criticism. New York: Oxford University Press.
  • Cianfarani, Carmine (ed.) (1985). Federico Fellini: Leone d'Oro, Venezia 1985. Rome: Anica.
  • Fellini, Federico (2008). The Book of Dreams. New York: Rizzoli. ISBN 0847831353.
  • Merlino, Benito (2007). Fellini. Paris: Gallimard.ISBN 9782070335084.
  • Minuz, Andrea (2015, translation by Marcus Perryman). Political Fellini: Journey to the End of Italy . Berghahn Books.
  • Panicelli, Ida, and Antonella Soldaini (ed.)(1995). Fellini: Costumes and Fashion. Milan: Edizioni Charta. ISBN 88-86158-82-3.
  • Perugini, Simone (2009). Nino Rota e le musiche per il Casanova di Federico Fellini. Roma: Edizioni Sabinae.
  • Rohdie, Sam (2002). Fellini Lexicon. London: BFI Publishing.
  • Scolari, Giovanni (2009). L'Italia di fellini. Roma: Edizioni Sabinae.
  • Tornabuoni, Lietta (1995). Federico Fellini. Preface Martin Scorsese. New York: Rizzoli.
  • Walter, Eugene (2002). Milking the Moon: A Southerner's Story of Life on This Planet. Ed. Katherine Clark. New York: Three Rivers Press. ISBN 0-609-80965-2.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]