ရောမမြို့

ဝီကီပီးဒီးယား မှ
ရောမ

Roma (အီတလီ)
Rome (အင်္ဂလိပ်)
မြို့တော်
ထိပ်ဆုံးဝဲဘက်မှ လက်ယာရစ်: ကိုလော့ဆီယမ်၊ ဗစ်တိုရီယို အီမန်နျူရယ် ၂ အတွက် အဆောက်အဦး၊ စိန့်အင်ဂျလို ရဲတိုက်၊ မြို့တော်၏ သမိုင်းဝင်နေရာများကို အပေါ်စီးမှ မြင်ရပုံ၊ စိန့်ပီတာ ဘာဆေးလစ်ကာ၏ အမိုးခုံး အဆောက်အဦး၊ ထရဲဗီ ရေပန်း၊ ပီယာဇာ ဒဲလာ ရီပတ်ဘလစ်ကာ
ထိပ်ဆုံးဝဲဘက်မှ လက်ယာရစ်: ကိုလော့ဆီယမ်၊ ဗစ်တိုရီယို အီမန်နျူရယ် ၂ အတွက် အဆောက်အဦး၊ စိန့်အင်ဂျလို ရဲတိုက်၊ မြို့တော်၏ သမိုင်းဝင်နေရာများကို အပေါ်စီးမှ မြင်ရပုံ၊ စိန့်ပီတာ ဘာဆေးလစ်ကာ၏ အမိုးခုံး အဆောက်အဦး၊ ထရဲဗီ ရေပန်း၊ ပီယာဇာ ဒဲလာ ရီပတ်ဘလစ်ကာ ၏ မြင်ကွင်းပုံ
Flag of ရောမ
အလံ
ရောမ ခရိုင် အတွင်းမှ ရောမမြို့တည်နေရာ
ရောမ ခရိုင် အတွင်းမှ ရောမမြို့တည်နေရာ
နိုင်ငံအီတလီနိုင်ငံ
ဒေသလာဇီယို
ခရိုင်ရောမ

ရောမမြို့ (အင်္ဂလိပ် : Rome၊ အီတလီ: Roma ) သည် အီတလီနိုင်ငံ၏ မြို့တော်ဖြစ်ပြီး နိုင်ငံ၏ အကြီးဆုံးနှင့် လူဦးရေ အများဆုံးမြို့ဖြစ်သည်။ လူဦးရေ ၂.၇ သန်းကျော်ရှိပြီး အကျယ်အဝန်းမှာ ၁၂၈၅.၃ စတုရန်းကီလိုမီတာ (၄၉၆.၃ စတုရန်းမိုင်) ရှိသည်။ ရောမမြို့သည် အီတလီကျွန်းဆွယ်၏ အလယ်ဘက် အနောက်ပိုင်းတွင် တည်ရှိပြီး အီတလီနိုင်ငံ လာဇီယိုဒေသရှိ တိုင်ဘာမြစ်ပေါ်တွင် တည်ရှိသည်။

ရောမမြို့၏ သမိုင်းကြောင်းသည် နှစ်ပေါင်း ၂၅၀၀ ကျော်မျှ ရှည်လျားခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ဘီစီ တစ်ရာစုမှ အေဒီ ၇ ရာစု အထိ နှစ်ပေါင်း ၇၀၀ ကျော်မျှ အနောက်ဥရောပနှင့် မြေထဲပင်လယ် ကမ်းစပ်အထိ နယ်နိမိတ် ပိုင်းခြားထားသော ဒေသတို့တွင် ဩဇာကြီးမားခဲ့သော ရောမ ဘုရင့်နိုင်ငံတော်၊ ရောမ သမ္မတနိုင်ငံ နှင့် ရောမအင်ပါယာ တို့၏ မြို့တော် ဖြစ်ခဲ့သည်။ အေဒီ ၁ ရာစုမှစ၍ ရောမသည် ပုပ်ရဟန်းမင်းကြီး ရုံးထိုင်ရာ ဖြစ်ခဲ့ပြီး ဘိုင်ဇင်တိုင်းတို့၏ လွှမ်းမိုးသည့် ကာလ ကျော်လွန်သွားသည့် အချိန်တွင် ပါပယ်လ်နိုင်ငံ (Papal States) ၏ မြို့တော် အဖြစ် ရှိနေခဲ့သည်မှာ ၁၈၇၀ အထိပင် ဖြစ်သည်။ ၁၈၇၁ ခုနှစ်တွင် ရောမသည် အီတလီ ဘုရင့်နိုင်ငံတော်၏ မြို့တော် ဖြစ်လာခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အီတလီ သမ္မတနိုင်ငံတော်၏ မြို့တော် ဖြစ်လာသည်။ ရောမ၏သမိုင်းသည် ၂၈ ရာစုနှစ်အထိဖြစ်သည်။ ရောမသည် ဘီစီ ၇၅၃ ခန့်အထိ တည်ရှိခဲ့သည်ဟု ဖော်ပြနေပြီး၊ ၎င်းနေရာတွင် လူအများစုနေထိုင်ခဲ့ပြီး ဥရောပတိုက်တွင် ရှေးအကျဆုံး ဩဇာကြီးမားစွာ သိမ်းပိုက်ထားနိုင်သော မြို့ကြီးများအနက်မှ တစ်ခုဖြစ်သည်။