မာတိကာသို့ ခုန်သွားရန်

အော်စကာဆု

ဝီကီပီးဒီးယား မှ
အကယ်ဒမီဆုများ
ဆုချီးမြှင့်ရခြင်းရုပ်ရှင်လုပ်ငန်းနယ်ပယ် ထူးချွန်မှု
နိုင်ငံအမေရိကန်ပြည်ထောင်စု Edit this on Wikidata
ဆုတံဆိပ်ပေးအပ်သူAcademy of Motion Picture Arts and Sciences
ဝဘ်ဆိုက်oscars.org

အကယ်ဒမီဆုပေးပွဲ (အင်္ဂလိပ်: Academy Awards) ကို အော်စကာဆုပေးပွဲ (Oscars) ဟု အများအားဖြင့် လူသိများသည်။ ယင်းဆုများသည် ရုပ်ရှင်လုပ်ငန်းနယ်ပယ်အတွင်းရှိ အနုပညာနှင့် နည်းပညာဆိုင်ရာ ထူးချွန်မှုများအတွက် ချီးမြှင့်သည့် ဆုများဖြစ်ကြသည်။.[][]

အမေရိကန်ပြည်ထောင်စုအခြေစိုက် ရုပ်ရှင်အနုပညာနှင့် အတတ်သိပ္ပံအကယ်ဒမီ (AMPAS) မှ နှစ်စဉ်ကျင်းပလေ့ရှိပြီး၊ အဆိုပါအဖွဲ့အစည်း၏ မဲပေးခွင့်ရှိသော အဖွဲ့ဝင်များ၏ အကဲဖြတ်ချက်အရ ရုပ်ရှင်လက်ရာများတွင် ထူးချွန်မှုကို အသိအမှတ်ပြုချီးမြှင့်ခြင်း ဖြစ်သည်။[] အော်စကာဆုများကို ရုပ်ရှင်နယ်ပယ်တွင် ဂုဏ်သိက္ခာအရှိဆုံးဆုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြသည်။ []

အကယ်ဒမီ ဂုဏ်ပြုချီးမြှင့်ခြင်းခံထိုက်သူများအတွက် ဆုများဟု သတ်မှတ်ခေါ်ဝေါ်သော အဓိကဆုအမျိုးအစားများကို ဖေဖော်ဝါရီလ သို့မဟုတ် မတ်လတွင် ဟောလိဝုဒ်၌ တိုက်ရိုက်ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အခမ်းအနားတစ်ခု၌ ချီးမြှင့်သည်။ ဤဆုပေးပွဲသည် ကမ္ဘာတစ်ဝန်းလုံးတွင် သက်တမ်းအရှည်ကြာဆုံး�ဖျော်ဖြေရေးနယ်ပယ်မှ ဆုပေးပွဲအခမ်းအနားလည်း ဖြစ်သည်။[] ပထမဆုံးအကြိမ် အကယ်ဒမီဆုပေးပွဲကို ၁၉၂၉ ခုနှစ်တွင် ကျင်းပခဲ့သည်။ []၁၉၃၀ ပြည့်နှစ်က ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ဆုပေးပွဲသည် ရေဒီယိုမှ ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည့် ပွဲဖြစ်ပြီး ၁၉၅၃ ခုနှစ်က ဆုပေးပွဲသည် ရုပ်မြင်သံကြားမှ ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည့် ပွဲဖြစ်သည်။ [] ယင်းဆုပေးပွဲသည် အမေရိကန်နိုင်ငံ၏ နှစ်စဉ်ကျင်းပလေ့ရှိသော အဓိက ဖျော်ဖြေရေးဆိုင်ရာ ဆုပေးပွဲကြီး လေးခုအနက် သက်တမ်းအရှည်ကြာဆုံးလည်း ဖြစ်သည်။ ယင်း၏ အပြိုင်ဆုများဖြစ်သည့် ရုပ်မြင်သံကြားအတွက် အမ်မီဆုများ၊ ဘရော့ဒ်ဝေး ပြဇာတ်ရုံအတွက် တိုနီဆုများ၊ ဂီတအတွက် ဂရမ်မီဆုများ စသည်တို့သည် အကယ်ဒမီဆုများကို စံနမူနာပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ []

အော်စကာ ရုပ်တုသည် အနုပညာလက်ရာဆန်သော ပုံစံ (Art Deco) ဖြင့် သရုပ်ဖော်ထားသည့် သူရဲကောင်းတစ်ဦးကို ပုံဖော်ထားသည်။[]

အပ်နှင်းသည့်ဆုများ

[ပြင်ဆင်ရန်]

လက်ရှိဆုများ

[ပြင်ဆင်ရန်]
  1. အကောင်းဆုံး အမျိုးသားဇာတ်ဆောင် (Best Actor in a Leading Role) - ၁၉၂၈ မှ ယနေ့
  2. အကောင်းဆုံး အမျိုးသားဇာတ်ပို့ (Best Actor in a Supporting Role) - ၁၉၃၆ မှ ယနေ့
  3. အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် (Best Actress in a Leading Role) - ၁၉၂၈ မှ ယနေ့
  4. အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ (Best Actress in a Supporting Role) - ၁၉၃၆ မှ ယနေ့
  5. အကောင်းဆုံး ကာတွန်းကား (Best Animated Feature) - ၂၀၀၁ မှ ယနေ့
  6. အကောင်းဆုံး ကာတွန်းကားတို (Best Animated Short Film) - ၁၉၃၁ မှ ယနေ့
  7. အကောင်းဆုံး အနုပညာ ညွှန်းကြားမှု (Best Art Direction) - ၁၉၂၈ မှ ယနေ့
  8. အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ (Best Cinematography) - ၁၉၂၈ မှ ယနေ့
  9. အကောင်းဆုံး ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်း (Best Costume Design) - ၁၉၄၈ မှ ယနေ့
  10. အကောင်းဆုံး ဒါရိုက်တာ (Best Director) - ၁၉၂၈ မှ ယနေ့
  11. အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင် (Best Documentary Feature) - ၁၉၄၃ မှ ယနေ့
  12. အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ကားတို (Best Documentary Short Subject) - ၁၉၄၁ မှ ယနေ့
  13. အကောင်းဆုံး တည်းဖြတ် (Best Film Editing) - ၁၉၃၅ မှ ယနေ့
  14. အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား (Best Foreign Language Film) - ၁၉၄၇ မှ ယနေ့
  15. (Best Live Action Short Film) - ၁၉၃၁ မှ ယနေ့
  16. အကောင်းဆုံး မိတ်ကပ် (Best Makeup) - ၁၉၈၁ မှ ယနေ့
  17. အကောင်းဆုံး ရုပ်ရှင်တေးဂီတ (Best Original Score) - ၁၉၃၄ မှ ယနေ့
  18. အကောင်းဆုံး ရုပ်ရှင်သီချင်း (|Best Original Song) - ၁၉၃၄ မှ ယနေ့
  19. အကောင်းဆုံး ဇာတ်ကား (Best Picture) - ၁၉၂၈ မှ ယနေ့
  20. အကောင်းဆုံး အသံတည်းဖြတ် (Best Sound Editing) - ၁၉၆၃ မှ ယနေ့
  21. အကောင်းဆုံး အသံနှောမှု (Best Sound Mixing) - ၁၉၃၀ မှ ယနေ့
  22. အကောင်းဆုံး ရုပ်ပြင်ဆင်တည်းဖြတ်မှု (Best Visual Effects) - ၁၉၃၉ မှ ယနေ့
  23. အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်း (Best Writing - Adapted Screenplay) - ၁၉၂၈ မှ ယနေ့
  24. အကောင်းဆုံး မူလဇာတ်ညွှန်း (Best Writing - Original Screenplay) - ၁၉၄၀ မှ ယနေ့
  25. အကောင်းဆုံး သရုပ်ဆောင် ရှာဖွေမှု (Best Casting) - ၂၀၂၆ မှ ယနေ့အထိ

ဆုပေးပွဲ ပထမဆုံးနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုအား ဒရာမာနှင့် ဟာသအဖြစ် နှစ်မျိုးခွဲပေးခဲ့သည်။ အလားတူပဲ အကောင်းဆုံး ဇာတ်ဝင်တေးသွားဆုကိုလည်း နှစ်မျိုးခွဲ ပေးခဲ့သည်။ ၁၉၃၀ မှ ၆၀ ခုနှစ်အတွင်း အနုပညာ ညွှန်ကြားမှု၊ ဓာတ်ပုံနှင့် ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်းဆုများကိုမူ အဖြူအမဲနှင့် ရောင်စုံအဖြစ် သီးခြားအပ်နှင်းခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. History of the Academy Awards July 6, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Balaga၊ Marta (March 6, 2024)။ How a More International Oscars Could Change Future Awards Seasons March 6, 2024 တွင် ပြန်စစ်ပြီး။
  3. About the Academy Awards Academy of Motion Picture Arts and Sciences။ 19 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-04-13 တွင် ပြန်စစ်ပြီး။
  4. Attributed to multiple references:
  5. History of the Academy Awards July 6, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. History of the Academy Awards July 6, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  7. History of the Academy Awards July 6, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. Monush၊ Barry (February 9, 2012)။ The Lure of Oscar: A Look at the Mightiest of All Award Shows, the Academy Awards Paley Center for Media November 16, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 29, 2019 တွင် ပြန်စစ်ပြီး။
  9. Nichols၊ Chris (February 25, 2016)။ "Meet George Stanley, Sculptor of the Academy Award"Los Angeles Magazine။ December 20, 2023 တွင် မူရင်းမှ မော်ကွန်းတင်ပြီး November 6, 2017 တွင် ပြန်စစ်ပြီး