ကန်း ရုပ်ရှင်ပွဲတော်
ကန်း(န်)ရုပ်ရှင်ပွဲတော်(အင်္ဂလိပ်: Cannes Film Festival, ပြင်သစ်: Festival de Cannes)သည် ပြင်သစ်နိုင်ငံ၊ ကန်းမြို့၌ နှစ်စဉ် ကျင်းပသော ရုပ်ရှင်ပွဲတော်တစ်ခု ဖြစ်သည်။
ကမ္ဘာအရပ်ရပ်ရှိ အစားစားသော ရုပ်ရှင်ကားသစ်များကို မြည်းစမ်းပြီး ဆုချီးမြှင့်လေ့ ရှိသည်။ ၁၉၄၆ ခုကတည်းက စတင်ခဲ့ပြီး အဖိတ်ခံများသာ တက်ရောက်ရသည့် ထိုပွဲကို ရုပ်ရှင်နန်းတော်(ပြင်သစ်: Palais des Festivals et des Congrès)၌ မေလခန့်တွင် ပြုလုပ်လေ့ရှိသည်။ ၂၀၀၂ ခုနှစ်မတိုင်ခင်က နိုင်ငံတကာရုပ်ရှင်ပွဲတော်(ပြင်သစ်: Festival International du film)ဟု ခေါ်တွင်သည်။ ဘာလင် ရုပ်ရှင်ပွဲတော်၊ ဗင်းနစ် ရုပ်ရှင်ပွဲတော်တို့နှင့် အတူ ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကြီး ၃ ခု အပါအဝင် ဖြစ်သည်။
ဆုများ
[ပြင်ဆင်ရန်]အမြင့်ဆုံးဆုမှာ ရွှေကလောင်ဆု (ပြင်သစ်: Palme d'Or) ဖြစ်ပြီး ဂျူရီများရော ပွဲတက်ပရိသတ်ပါနှစ်သက်သည့် အကောင်းဆုံးဇာတ်ကားအား ပေးသည်။ အခြားဆုများမှာ -
- အကောင်းဆုံး ဇာတ်ကားဆု (ပြင်သစ်: Grand Prix)
- ဂျူရီဆု
- အကောင်းဆုံး ဇာတ်လမ်းတိုဆု
- အကောင်းဆုံး မင်းသမီးဆု
- အကောင်းဆုံး မင်းသားဆု
- အကောင်းဆုံး ဒါရိုက်တာဆု
- အကောင်းဆုံး ဇာတ်ညွှန်းဆု