ပူရဏ်ကျမ်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပူရဏ်ကျမ်း သို့မဟုတ် ပူရဏ (သင်္သကရိုက်: पुराण ) သည် ရှေးစာဟောင်းတို့ကို ဆိုခြင်းတည်း။ [၁] အထူးအားဖြင့် ဒဏ္ဍာရီများ၊ ထုံးဟောင်းပုံဟောင်းများကို ဖော်ပြထားသော စာမျိုးကို ခေါ်သည်။ [၂] အိန္ဒိယ၌ ပူရဏ်ကျမ်းတို့ကို သင်္သကရိုက်၊ တမီးဘာသာစကားများဖြင့် ရေးထားလေ့ရှိပြီး မြန်မာတွင်မူ သင်္သကရိုက်ဖြင့်သာ အတွေ့များ၏။ [၃][၄][၅]

အိန္ဒိယ၌ ထိုစာများတွင် ဟိန္ဒူဘုရားများဖြစ်သည့် ဗိဿနိုးသီဝဗြဟ္မဏသူရဿတီတို့အကြောင်းကို ယင်းစာများ၌ အများဆုံးတွေ့ရသည်။ [၆][၇] ပူရဏ်စာပေကို ဟိန္ဒူဘာသာအတွက်ရော ဂျိန်းဘာသာအတွက်ပါ တွေ့ရ၏။

ပူရဏ်စာပေသည် အကြောင်းစုံပေါင်းခြုံသည့်စာမျိုး ဖြစ်သည်။ စာတစောင်တွင်ပင် စကြဝဠာဖြစ်ပုံပျက်ပုံ၊ နေလနက္ခတ်တို့ တည်လာပုံ၊ နတ်များ နဂါးများမှသည် ဘုရင်တို့အကြောင်း၊ စာပေအကြောင်း၊ ဆေးပညာ၊ ဟာသ၊ အချစ်ဇာတ်လမ်းတို့ပင် ရောနေတတ်၏။ စာအုပ်လာအကြောင်းအရာသည်လည်း မငြိမ်။ ကျမ်းတစောင်ကို ကူးပြီးပါက ဖြည့်စွက်ပယ်နှုတ်သည်များ ရှိ၏။ ဟိန္ဒူ မဟာပူရဏကို ခရစ်သျှနဝိရာဇရေးသည် ဆိုသော်လည်း ကြားရာစုနှစ်များအတွင်း အခြားသူတို့ ဖြည့်ခြင်းနှုတ်ခြင်းလုပ်ခဲ့ကြောင်း ပညာရှင်အများက ယုံကြည်ကြသည်။ ထူးသည်မှာ (ဂျိန်း) ဇိနပူရဏအများစုတွင် စာရေးသူရော ရေးသည့်နှစ်ပါ ထည့်သွင်းဖော်ပြထားတတ်သည်။

မဟာပူရဏ ၁ စောင်၊ မုက္ခယပူရဏ (မဟာပူရဏ) ၁၈ စောင်၊ ဥပပူရာဏ (စူဠပူရဏ) ၁၈ စောင်ရှိပြီး စာစောင်တိုင်းသည် ပိုဒ်ရေ ၄ သိန်းကျော်ရှိသော စာများဖြစ်၏။ [၈] အစောဆုံးတွေ့ရသော ပူရဏ်ကျမ်းတို့ကို ခရစ်တော်မပေါ်မီ ၁၀ ရာစုမှ ၃ ရာစုအကြား ရေးထားသည်။ [၉] ကျမ်းကြီးကျမ်းခိုင်အဖြစ် မယူသော်လည်း မှတ်စာအဖြစ် မျိုးဆက်တိုင်း ပူရဏ်ကျမ်းလာ စာပေကို လက်ဆင့်ကမ်းတတ်၏။ [၁၀]

မြန်မာရှိ ပူရဏ်ကျမ်းများ[ပြင်ဆင်ရန်]

  • ၁၈၈၁ ခု၊ မတ်လ ၂၄ ရက်တွင် ပြီးသည့် ရွှေတောင် လေးထပ်ကျောင်းဆရာတော် ရှင်မုနိန္ဒာဘိဓဇ ရေးသော ပူရဏ်ကျမ်း [၁၁][၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Merriam-Webster's Encyclopedia of Literature (1995 Edition), Article on Puranas, ISBN 0-877790426, page 915
  2. Greg Bailey (2001), Encyclopedia of Asian Philosophy (Editor: Oliver Leaman), Routledge, ISBN 978-0415172813, pages 437-439
  3. Verma, Rajeev (2009). Faith & Philosophy of Hinduism. Gyan Publishing House. ISBN 978-81-7835-718-8.
  4. John Cort (1993), Purana Perennis: Reciprocity and Transformation in Hindu and Jaina Texts (Editor: Wendy Doniger), State University of New York Press, ISBN 978-0791413821, pages 185-204
  5. Gregory Bailey (2003), The Study of Hinduism (Editor: Arvind Sharma), The University of South Carolina Press, ISBN 978-1570034497, page 139
  6. Ludo Rocher (1986), The Puranas, Otto Harrassowitz Verlag, ISBN 978-3447025225, p.16, 12-21
  7. Nair, Shantha N. (2008). Echoes of Ancient Indian Wisdom: The Universal Hindu Vision and Its Edifice. Hindology Books. p. 266. ISBN 978-81-223-1020-7.
  8. Cornelia Dimmitt (2015), Classical Hindu Mythology: A Reader in the Sanskrit Puranas, Temple University Press, ISBN 978-8120839724, page xii, 4
  9. Collins, Charles Dillard (1988). The Iconography and Ritual of Śiva at Elephanta. SUNY Press. p. 36. ISBN 978-0-88706-773-0.
  10. Greg Bailey (2001), Encyclopedia of Asian Philosophy (Editor: Oliver Leaman), Routledge, ISBN 978-0415172813, page 503
  11. ရွှေတောင် လေးထပ်ကျောင်းဆရာတော် ရှင်မုနိန္ဒာဘိဓဇ။ "ပူရဏ်ကျမ်း"။ ဗံဂါလီပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၈၈၄။
  12. ရွှေတောင် လေးထပ်ကျောင်းဆရာတော် ရှင်မုနိန္ဒာဘိဓဇ။ "ပူရဏ်ကျမ်း"။ ဆမာချာပုံနှိပ်တိုက်၊ ရန်ကုန်။ ၁၉၀၆၊ ဒီဇင်ဘာ။ "...ဟံသာဝတီမြို့ အစိုးရလွှတ်တော်ကြီးက မင်းအမိန့်စာနှင့်တကွ ရွှေတောင်မြို့ စစ်ကဲတော်မင်း မောင်မှဲ့ တောင်းပန်လျှောက်ထား ... သက္ကရာဇ် ၁၂၄၂ ခု၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ကြာသပတေးနေ့ ညနေ သုံးချက်တီးကျော်အချိန်တွင် ပြီးအောင်မြင်သတည်း။"