ပါရာနကန်

ဝီကီပီးဒီးယား မှ
ပါရာနကန်
峇峇娘惹
Baba Nyonya
A photograph of Peranakan wedding couple – Chung Guat Hooi, the daughter of Kapitan Chung Thye Phin and Khoo Soo Beow, the son of Khoo Heng Pan, both of Penang – from a museum in Penang
လူဦးရေ စုစုပေါင်း
၈,၀၀၀,၀၀ ကျော် (ခန့်မှန်း)[၁]
အများစု နေထိုင်သည့် နေရာ
အင်ဒိုနီးရှားနိုင်ငံမလေးရှားနိုင်ငံစင်ကာပူနိုင်ငံ[၂] ထိုင်းနိုင်ငံတောင်ပိုင်း[၃]
ဘာသာစကား
ဘာဘာ မလေး နှင့် အခြား ပသျှူးနွယ်ဝင် ဘာသာစကားများပီနန် ဟော့ကိုင်း နှင့် အခြား တရုတ်နွယ်ဝင် ဘာသာစကားများအင်ဒိုနီးသျှန်းဘာသာစကားဆန်ဒန်ဘာသာစကားဂျာဗား ဘာသာစကားဘီတာဝီဘာသာစကားထိုင်းတောင်ပိုင်းဘာသာစကားအင်္ဂလိပ်ဘာသာစကားဒတ်ချ်ဘာသာစကား
ကိုးကွယ်မှု
လူများစု:
မဟာယာနခရစ်ယာန်ကွန်ဖြူးရှပ်ဝါဒတာအိုဘာသာ
လူနည်းစု: ဆွန္နီမွတ်စလင်(မ်)
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
en:Chinese diaspora, en:Benteng people, Bangka Island Peranakan Chinese, en:Malaysian Chinese, en:Thai Chinese, en:Chinese Singaporeans, en:Chinese Indonesians.
ပါရာနကန်
တရုတ်အမည်
တရုတ်峇峇娘惹
msa name
msaPeranakan / Tionghoa-Selat / Kiau-Seng

ပါရာနကန် သည် နန်ယန် ဟု လူသိများသည့် ဗြိတိသျှကိုလိုနီအုပ်ချုပ်သော မလေးကျွန်းဆွယ်ရှိ ဆိပ်ကမ်းများ၊ အင်ဒိုနီးရှားကျွန်းစုများနှင့် စင်္ကာပူတို့ရှိ တောင်ပိုင်းတရုတ်အခြေချနေထိုင်သူများ၏ ပထမမျိုးဆက်မှ အရှေ့တောင်အာရှ ပင်လယ်ရေကြောင်းအထိ ၎င်းတို့၏ မျိုးရိုးစဉ်ဆက်ဆင်းသက်လာသော လူမျိုးစုတစ်စုဖြစ်သည်။ အထူးသဖြင့် ပါရာနကန်ယဉ်ကျေးမှုသည် ပါရာနကန်လွှမ်းမိုးရာ ဗဟိုချက်မများဖြစ်သော မလက္ကာ၊ စင်္ကာပူ၊ ပီနန်း နှင့် မီဒန် တို့ရှိ ရာစုနှစ်များစွာကြာသော အသွင်ကူးပြောင်းမှုနှင့် လူမျိုးခြားလက်ထပ်ခြင်း၏ သမိုင်းကြောင်းမှ ဖြစ်ပေါ်လာသော ကျွန်းစုဒေသများ၏ ဒေသဆိုင်ရာယဉ်ကျေးမှုများနှင့် ရှေးဟောင်းတရုတ်ယဉ်ကျေးမှုကို ထူးခြားစွာ ပေါင်းစပ်ထားခြင်းဖြစ်သည်။

မလေးကျွန်းဆွယ် (၎င်းတို့၏သားစဉ်မြေးဆက်များကို မလက္ကာ၊ စင်္ကာပူနှင့် ပီနန်တို့တွင် ပါးပါး-ညောညာ ဟုခေါ်သည်)၊ အင်ဒိုနီးရှားကျွန်းစုများ (သူတို့၏သားစဉ်မြေးဆက်များကို ကီးလောင်-စန် ဟုခေါ်သည်) နှင့် ထိုင်းနိူင်ငံတောင်ပိုင်းဖြစ်သော ဖူးခက်၊ထရန်၊ ဖန်င၊ တာကူပနှင့် ရနောင်းသို့ ၁၄ ရာစုနှင့် ၁၇ ရာစုများအကြားတွင် တရုတ်နိုင်ငံ၏ တောင်ပိုင်းပြည်နယ်များမှ ရွှေ့ပြောင်းနေထိုင်သူများ သိသိသာသာ ရောက်ရှိလာပြီး နေထိုင်ကြသည်။ ထို တရုတ်အခြေချနေထိုင်သူများနှင့် ဒေသတွင်းရှိ မလေး၊ ထိုင်း၊ဂျာဗား သို့မဟုတ် အခြားသော သူတို့၏ ဘိုးဘွားများအကြား ထိမ်းမြားလက်ထပ်မှုသည် ထူးခြားသော သွေးနှောယဉ်ကျေးမှုနှင့်ထင်သာမြင်သာရှိသော အသွင်အပြင်ကွဲပြားမှုများ ပေါ်ပေါက်လာစေသည်။

တရုတ်ဆန်မှုကို ကွဲပြားခြားနားစွာဆန့်ကျင်သော ပါရာနကန်များသည် မိသားစုတစုချင်းစီ၏ သမိုင်းကြောင်းများ ကျယ်ပြန့်စွာကွဲပြားမှုအဖြစ်ခံယူကြပြီး၊ လူမျိုးပေါင်းစုံဝါဒဖြင့် ပင်ကိုဝိသေသလက္ခဏာကို ခွဲခြားသတ်မှတ်ခြင်းဟူသော လူမျိုးပေါင်းစုံအသိုင်းအဝိုင်းတစ်ခုဟု သတ်မှတ်ကြသည်။ မလေး/အင်ဒိုနီးရှားစကားစုဖြစ်သော “တရုတ်မဟုတ်သော တရုတ်လူမျိုး” (Orang Cina Bukan Cina) သည် ပါရာနကန်ဝိသေသလက္ခဏာနှင့် တရုတ်ဝိသေသလက္ခဏာတို့ကြား ရှုပ်ထွေးသောဆက်နွယ်မှုကိုပေါင်းစပ်ထားသည်။ မျိုးရိုးစဉ်ဆက်၏ သီးခြားထူးခြားချက်များနှင့် တစ်မူထူးခြားသော နီးစပ်သည့်ယဉ်ကျေးမှုများသည် ပါရာနကန်များကို ဒေသတွင်းသို့ နောက်ပိုင်းမျိုးဆက်များဖြစ်သော တရုတ်ရွှေ့ပြောင်းအခြေချသူများ၏ သားစဉ်မြေးဆက်များနှင့်ခွဲခြားသိမြင်နိုင်သော အဓိကအချက်ဖြစ်သည်။

တောင်ပိုင်းတရုတ်၊ မလေးနှင့် အင်ဒိုနီးရှားကျွန်းစုများမှ နန်ယန် လူမျိုးစု အနည်းငယ်သည် ၁၈ ရာစုအစောပိုင်းတွင် ဗမာနိုင်ငံသို့လည်း ပြောင်းရွှေ့အခြေချလာကြပြီး ၁၉ ရာစုအလယ်တွင် ပါရာနကန် လူမျိုးစုများ၏ပညာရေးအတွက် ၎င်းတို့၏ သားစဉ်မြေးဆက်များ အဆင့်မြင့်ပညာသင်ကြားနိုင်ရန် နန်ယန် အထက်တန်းကျောင်း/ ယခင် အလယ်တန်းကျောင်း (လက်ရှိ - အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဗဟန်းမြို့နယ်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး စိန ပါရာနကန် လူမျိုးများ၏အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအတွင်း နန်ယန် ပညာရေးကျောင်းများနှင့် တက္ကသိုလ်များထဲတွင် အစောဆုံးပညာရေးအုတ်မြစ်တစ်ခုအဖြစ် ထူထောင်ခဲ့ကြသည်။

ဝေါဟာရများ[ပြင်ဆင်ရန်]

ရင်းမြစ်ဗေဒ[ပြင်ဆင်ရန်]

ပါရာနကန် (Peranakan) ဟူသော စကားလုံးသည် ရင်သွေး သို့မဟုတ် အမျိုးအနွယ်ဟု အဓိပ္ပာယ်ရသော မလေးနှင့် အင်ဒိုနီးရှားစကားလုံး Anak ၏ သဒ္ဒါသက်ရောက်မှုရှိသည်။ ရှေ့ဆက် per- နှင့် နောက်ဆက်တွဲ -an ကို မူရင်း anak သို့ပေါင်းထည့်ခြင်းဖြင့်အထူးပြုထားသော ပါရာနကန် (Peranakan) သည် အနက်အဓိပ္ပါယ်အမျိုးမျိုးရှိသည်။ မိခင်ဝမ်းတွင်းပမာ အဓိပ္ပာယ်ရနိုင်သည်၊သို့မဟုတ် အဘိုးအဘွားများ သို့မဟုတ် ဝေးကွာသောဘိုးဘွားများ အပါအဝင် မျိုးရိုးစဉ်ဆက်နွယ်ဖွား၊ မျိုးရိုး သို့မဟုတ်မျိုးရိုးစဉ်ဆက်ကို ကိုယ်စားပြုသူအဖြစ် သုံးနိုင်သည်။ အလိုအလျောက် အသုံးများသော စကားစပ်သုံးရာတွင် ပါရာနကန်ဟူသော စကားလုံး၏ နောက်တွင် တူညီသော နာမ် မရှိပါက မျိုးနွယ်စု၏ သီးခြားလူမျိုးကို ရည်ညွှန်းခြင်းမပြုနိုင်ပေ။ ဥပမာအားဖြင့် ကျုံးဟွာ/စိန ပါရာနကန် သည် "တရုတ်အမျိုးအနွယ်များ" ဟု ရိုးရိုးရှင်းရှင်းဆိုလိုသည်၊ အလားတူ ဂျာဝီ ပါရာနကန်သည် "အာရပ်အမျိုးအနွယ်များ"၊ သို့မဟုတ် ဘလန်ဒါ ပါရာကန် သည် "ဒတ်ခ်ျအမျိုးအနွယ်များ" ဟုဆိုနိုင်သည်။

သို့သော် ဝေါဟာရပြောင်းလဲမှုတစ်ခုကြောင့် ပါရာနကန် ဟူသောစကားလုံးသည် “ဒေသတွင်းမွေးဖွားလာသော်လည်း ဌာနေတိုင်းရင်းသားမဟုတ်” ဟူသော အဓိပ္ပာယ်ရသော “တင်စား” ကိုးကားသော စကားလုံးအဖြစ် အသုံးပြုလာပါသည်။ အင်ဒိုနီးရှားဘာသာစကားတွင် ၎င်းသည် "ကပြား" သို့မဟုတ် "သွေးနှော" ကို ရည်ညွှန်းနိုင်သည်။ ထို့ကြောင့် စိန ပါရာနကန် သို့မဟုတ် ကျုံးဟွာ ပါရာနကန် ဟူသောဝေါဟာရသည် “တရုတ်မိခင်ဝမ်းတွင်း” သို့မဟုတ် "တရုတ်သားစဉ်မြေးဆက်" သို့မဟုတ် "တရုတ်ဆွေစဉ်မျိုးဆက်" သို့မဟုတ် “တရုတ်မှဆင်းသက်သည်” ဟု ဆိုရိုးနှင့် ရှေးအယူရှိနိုင်သည်။ သို့သော် နောက်ပိုင်းတွင်မူ“ပြည်တွင်း၌ မွေးဖွားသော်လည်း ဌာနေတိုင်းရင်းသားမဟုတ်သော တရုတ်လူမျိုး” သို့မဟုတ် “ကပြားတရုတ်လူမျိုးများ” ဟုပင်ဖြစ်သည်လာပါသည်။ ဝေါဟာရပြောင်းလဲမှုသည် သွေးနှောခြင်းမှ ပေါ်ပေါက်လာခြင်း၊ သို့မဟုတ် အစောဆုံး တရုတ်လူမျိုးများ၏ ယဉ်ကျေးမှု ပေါင်းစပ်ခြင်း၊ သို့မဟုတ် မလေးကျွန်းဆွယ်ရှိ အခြားသော ဌာနေတိုင်းရင်းသားမဟုတ်သော အခြေချနေထိုင်သူများအနေဖြင့် ၎င်းတို့အား ရည်ညွှန်းသည့်အခါတိုင်း ရှုပ်ထွေးမှုများရှောင်ရှားရန် သို့မဟုတ် ကွဲပြားမှုကိုအလေးပေးဖော်ပြရန် လိုအပ်သည့် တိုင်းရင်းသား အမွေအနှစ်များကို သတ်မှတ်ရန်လိုအပ်သည်ဟု ယူဆရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Chinese Indonesians can't be put in boxes"၊ 26 May 2008။ 
  2. Peranakan Publications။ Tionghua Indonesian Chinese Peranakans။ Peranakan.hostoi.com။ 6 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2014 တွင် ပြန်စစ်ပြီး။
  3. Forbes၊ Andrew။ Phuket's Peranakan Community (in en)။