ဆွန္နီမွတ်စလင်(မ်)

ဆွန်နီမူဆလင်(Sunni) သည် အစ္စလာမ် ဘာသာခွဲများတွင် အကြီးဆုံးဖြစ်သည်။ ဆွန်နီ ဆိုသော စကားလုံးမှာ ဆွန်န (Arabic : سنة ) ဆိုသော စကားမှလာပြီး မိုဟာမက်၏ စကားနှင့် အပြုအမူဟု အဓိပ္ပာယ် ရသည်။[၁]
ပရောဖက်မိုဟာမက် မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား မူဆလင်များ ရွေးချယ်ရတော့မည့်အချိန် ကျရောက်လာချေပြီ။ ထို့ကြောင့် အေဒီ၆၃၂ခုနှစ် ဇွန်လ ၈ရက်တွင် မဒီနာ(Medina) မြို့တွင် နောက်လိုက်များ စည်းဝေးတိုင်ပင်ကြရာမှ Abu-Bakr (မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သလို၊ အစောဆုံးမူဆလင်ဖြစ်လာသူများထဲမှတစ်ဦး) က သူသာ အမှန်တကယ်ခေါင်းဆောင်ဖြစ်သင့်ကြောင်း ဆိုသည်။ အကြောင်းမှာ မိုဟာမက်နာမကျန်းဖြစ်ကာ ဝတ်ပြုဆုတောင်းများ ဦးမဆောင်နိုင်တော့သည့်အချိန်တွင် Abu-Bakr အား ဦးဆောင်စေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ Abu-Bakr နှင့် သူ့အားဆက်ခံခဲ့ကြသည့် အခြားခေါင်းဆောင်၃ဦး (အစ္စလာမ်ဘာသာတွင် မှန်ကန်သည့်ခေါင်းဆောင်ကြီး ၄ ဦးဟူ၍ရှိသည်) အား လက်ခံသူ နောက်လိုက်များကို ဆူနီမူစလင်ဟုခေါ်ပြီး ကမ္ဘာ့မူစလင်အရေအတွက်၏ ၉၀ရာခိုင်နှုန်းရှိသည်။ ကျန်ဂိုဏ်းခွဲကိုမူ အလီ အိုင်ဘင် အဘီ တာလိဘ် ကဦးဆောင်ပြီး ထိုဂိုဏ်းကွဲကို ရှီရာဟုခေါ်သည်။
ဆွန်နီ နှင့် ရှီရာတို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကိုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော hadiths ခေါ်အစဉ်အလာနှင့် ကိုရ်အာန်အား ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ အရေအတွက်အရလည်း ဆူနီ များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီရာ များမှာ အီရန်နှင့် အီရတ်တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။