ဂန္ဓဗ္ဗနတ်
ဂန္ဓဗ္ဗနတ် သည် စတုမဟာရာဇ်နတ်မျိုး ဖြစ်၏။ အုပ်ချုပ်သူမှာ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတွင် ပါဝင်သည့် ဓတရဋ္ဌ ဖြစ်၏။[၂]
ဂန္ဓဗ္ဗနတ် (၁၀) မျိုး
[ပြင်ဆင်ရန်]ဂန္ဓဗ္ဗနတ်တို့သည် ရနံ့မွှေးကြိုင်သော နံ့သာပင်တို့တွင် ပဋိသန္ဓေတွယ်၍ နေကြ၏။ အပင်၏ ရနံ့ကို ရှူရိုက်စားသုံးကာ နေကြ၏။ ဂန္ဓဗ္ဗနတ်တို့သည် သစ်တုံးများ ဆွေးမြည့်သည့်တိုင်အောင် အမှီပြုကာ နေထိုင်နိုင်ကြသည်။ ဂန္ဓဗ္ဗနတ်သည် (၁၀) မျိုး ရှိ၏။ ၎င်းတို့မှာ အမြစ်နံ့သာကိုစောင့်သော မူလဂန္ဓဗ္ဗနတ်၊ အနှစ်နံ့သာကိုစောင့်သော သာရဂန္ဓဗ္ဗနတ် အကာနံ့သာကိုစောင့်သာ ဖဂ္ဂုဂန္ဓဗ္ဗနတ် အစရှိသည်ဖြင့် ဆယ်မျိုးရှိ၏။[၂]
သစ်ချောက်ကောင်
[ပြင်ဆင်ရန်]သစ်ပင်အတွင်း၊ သစ်ခေါင်းအတွင်း ဖြစ်သော နတ်မျိုးသည်လည်း ဂန္ဓဗ္ဗနတ် ဖြစ်၏။ ထိုဂန္ဓဗ္ဗနတ်တို့ကို သစ်ချောက်ကောင်၊ သစ်ဘီလူးဟုလည်း ခေါ်ကြသည်။ ကျောင်း၊ အိမ် ဆောက်လုပ်သည့်အခါ အမျက်ပါသည်၊ သစ်ချောက်ပါသည် ဆိုခြင်းမှာ ဂန္ဓဗ္ဗနတ်ကို ဆိုခြင်းဖြစ်သည်။[၂]
စုန်း
[ပြင်ဆင်ရန်]ရှေးဘဝက မကောင်းမှုတို့ ပြုခဲ့ဖူးသည့် ဂန္ဓဗ္ဗနတ်တို့သည် လူမိန်းမတို့ကိုယ်တွင်း၊ ဝမ်းတွင်းတို့တွင် ဖြစ်လာကြ၏။ ထိုဂန္ဓဗ္ဗနတ်တို့သည် လူမိန်းမတို့ စေခိုင်းရာကို လုပ်တတ်ကြ၏။ ထိုလူစုန်းမတို့သည် ဝမ်းတွင်းရှိ ဂန္ဓဗ္ဗနတ်၏ အစွမ်းကြောင့် အခြားသူတိုအပေါ် မကောင်းမှုအမျိုးမျိုး ပြုနိုင်၏။ ထိုမိန်းမကို ဝမ်းတွင်းစုန်းမ ဟူ၍လည်း ခေါ်ကြသေး၏။ ထို ဂန္ဓဗ္ဗနတ်တို့သည် ညအခါ တန်ခိုးအမျိုးမျိုးဖြင့် ကျက်စားလေ့ရှိ၏။[၂]
လူသိများသည့် ဂန္ဓဗ္ဗနတ်များ
[ပြင်ဆင်ရန်]- သိကြားမင်း၏ ရထားထိန်း မာတလိနတ်သား
- စောင်းတီး ကောင်းသည့် ပဉ္စသီခနတ်သား
- ပဉ္စသီခနတ်သား၏ ချစ်သူ သူရိယဝစ္ဆသာနတ်သမီး[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Singh၊ Upinder (2008)။ A History of Ancient and Early Medieval India: From the Stone Age to the 12th Century (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Pearson Education India။ p. 435။ ISBN 978-81-317-1120-0။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ pp. ၁၂၂၊ ၁၂၃။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)