ပင်လယ်မီးစုန်း

ဝီကီပီးဒီးယား မှ
ပင်လယ်ထဲရှိ သင်္ဘောအား မီးစုန်းစွဲကပ်နေပုံ
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
 
ဥတုလေးပါး ပြက္ခဒိန်
နွေဦး နွေဥတု

ဆောင်းဦး ဆောင်းဥတု

ခြောက်သွေ့ ရာသီ စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း Supercell
စိုက်ဆင်းလေပြင်း မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း နှင်းမုန်တိုင်းရေခဲမုန်တိုင်း

သဲမုန်တိုင်း%;"| မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း မိုးရွာခြင်း နှင်းကျခြင်း နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း ရေခဲစေ့ ရွာခြင်း မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်

မီးစုန်း (St. Elmo's fire) ဆိုသည်မှာ ရာသီဥတု လက္ခဏာတစ်ရပ်ဖြစ်ပြီး လေထုအတွင်းရှိ လျှပ်စစ်စက်ကွင်းကြောင့် အရောင် တောက်ပသော ပလာစမာ အလုံးကြီးများ ဂရောင်းကျနေသော အရာအဝတ္ထုပေါ်တွင် ဖြစ်ပေါ်ခြင်းပင် ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုကြောင့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ပြီး ထိုမှတဆင့် လျှပ်စစ်စက်ကွင်းများ ဖြစ်ပေါ်တတ်သည်။

အင်္ဂလိပ်ဘာသာ စိန့်အယ်လ်မို မီး ဆိုသော အမည်မှာ သင်္ဘောသားတို့ ယုံကြည်ကိုးကွယ်သော စိန့်အီရပ်စမပ် (St. Erasmus) အီတလီ အခေါ်ဖြင့် စိန့်အယ်လ်မိုကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ ထိုအဖြစ်အပျက်သည် တစ်ခါတရံတွင် ပင်လယ်အတွင်း သွားလာနေသော သင်္ဘောများတွင် မိုးကြိုးမုန်တိုင်း ကျရောက်ချိန်၌ ဖြစ်ပေါ်တတ်ပြီး တောက်ပနေသော မီးလုံးကြီးကြောင့် သင်္ဘောသားများက ဘာသာရေးဆိုင်ရာ ကြောက်ရွံ့စရာ အဖြစ်တစ်ခု အဖြစ် မှတ်ယူသောကြောင့် ထိုသို့ အမည်တွင်ခဲ့ခြင်းပင် ဖြစ်သည်။

သွင်ပြင်လက္ခဏာများ[ပြင်ဆင်ရန်]

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ အနေနှင့် ပင်လယ်မီးစုန်းသည် တောက်ပသော အပြာရောင် သို့မဟုတ် ခရမ်းရောင်ဖြင့် ထိန်ထိန်ညီးညီး ရှိတတ်သည်။ မြင့်မား၍ ချွန်ထက်နေသော မိုးကြိုးလွှဲများ၊ ရွက်တိုင်များ၊ စပိုင်းယားခေါ် ဘုရားရှိခိုးကျောင်း ထိပ်ကဲ့သို့သော အချွန်အတက်များ၊ မီးခိုးခေါင်းတိုင်များနှင့် လေယာဉ်ပျံ အတောင်ပံများပေါ်တွင် ဖြစ်ပေါ်တတ်သည်။ ထို့အပြင် သစ်ရွက်များ၊ မြက်ပင်များနှင့် ကျွဲနွားသတ္တဝါတို့၏ ချိုများ ထိပ်တွင်ပင် ဖြစ်သည်။ အမြဲမကြာခဏ ဆိုသလိုပင် တောက်ပသော အလင်းရောင်နှင့် အတူ တဝီဝီမြည်နေသော အသံမျိုး တွဲဆက် ပါလာတတ်သည်။

၁၇၅၀ တွင် မိုက်ကယ်ဒက်မန်းက ချွန်ထက်နေသော သံချောင်းထိပ်တွင် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်ချိန်၌ မီးစုန်းကဲ့သို့သော အလင်းရောင် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။

သိပ္ပံနည်းကျ ရှင်းလင်းချက်[ပြင်ဆင်ရန်]

ပင်လယ်မီးစုန်းသည် ဓာတ်ငွေ့များနှင့် ပလပ်စမာများ ရောနှောနေသော ဒြပ်နှောဖြစ်သည်။ ပင်လယ်မီးစုန်း ဖြစ်ပေါ်ရာ အရာဝတ္ထုကို ဝိုင်းရံနေသော လျှပ်စစ်စက်ကွင်းထဲရှိ လေမော်လီကျူးများတွင် အိုင်ယွန်နိုင်ဇေးရှင်းခေါ် ဓာတ်ဖယ်ထုတ်မှု ဖြစ်ပေါ်ပြီး အလင်းရောင် နည်းပါးနေသော အခြေအနေမျိုးတွင် တွေ့နိုင်သည့် အရောင်ဖျော့သည့် တောက်ပမှုမျိုး ဖြစ်ပေါ်စေသည်။ ခန့်မှန်းခြေအားဖြင့် ပင်လယ်မီးစုန်းတွင် တစ်စင်တီမီတာလျှင် ၁၀၀၀ ဗို့ခန့်မျှသော ဓာတ်အား ထွက်ပေါ်ပြီး ထိုကိန်းဂဏန်းမှာ ဖြစ်ပေါ်ရာ အရာဝတ္ထု၏ အနေအထားပေါ်တွင် မူတည်၍ ကွဲပြားခြားနားသည်။ ချွန်ထက်သော အရာဝတ္ထုများတွင် ထိုသို့သော ရလဒ်ထွက်ပေါ်ရန် အတွက် ထိုထက် ပိုနည်းသော ဗို့အားသာလျှင် လိုအပ်သည်။ အဘယ်ကြောင့် ဆိုသော် ချွန်ထက်နေသော အရာဝတ္ထုတွင် လျှပ်စစ်စက်ကွင်းများ ပိုမိုသိပ်သည်းစွာ ဖြစ်ပေါ်ပြီး ထို့အတွက်ကြောင့် ချွန်ထက်သော အရာဝတ္ထုများ အတွက် ဗို့အားထုတ်လွှတ်မှုမှာ ပို၍ ပြင်းထန်သည်။

ပင်လယ်မီးစုန်းကို ဖြစ်ပေါ်စေနိုင်သော အခြေအနေမျိုးမှာ မိုးကြိုးမုန်တိုင်း ကျရောက်ချိန်တွင် ဖြစ်ပေါ်တတ်ပြီး မိုးတိမ်တိုက်များနှင့် ၎င်းတို့၏ အောက်ရှိ မြေပြင် ကြားတွင် အလွန်မြင့်သော ဗို့အား ရှိတတ်သောကြောင့်ဖြစ်သည်။ ထိုသို့သော ဗို့အားများကြောင့် လေမော်လီကျူးများ ထိန်လင်း တောက်ပလာပြီး ပင်လယ်မီးစုန်းကို ဖြစ်ပေါ်စေသည်။

ကမ္ဘာ့လေထု အတွင်းရှိ နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့တို့ကြောင့် ပင်လယ်မီးစုန်း၏ အပြာရောင် နှင့် ခရမ်းရောင် အလင်းရောင်များကို ဖြစ်ပေါ်စေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ နီယွန်မီးရောင်များ တောက်ပမှု ဖြစ်ရခြင်းနှင့် ဖြစ်ပျက်ပုံခြင်း ဆင်တူသည်။