ရာသီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
 
ဥတုလေးပါး ပြက္ခဒိန်
နွေဦး နွေဥတု

ဆောင်းဦး ဆောင်းဥတု

ခြောက်သွေ့ ရာသီ စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း Supercell
စိုက်ဆင်းလေပြင်း မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း နှင်းမုန်တိုင်း ရေခဲမုန်တိုင်း
သဲမုန်တိုင်း မီးမုန်တိုင်း မိုးတိမ်တိုက်

မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း မိုးရွာခြင်း နှင်းကျခြင်း နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း ရေခဲစေ့ ရွာခြင်း မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝ၊ ရာသီဥတုလေ့လာခြင်းအတတ် ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်
 v  d  e 

ရာသီဆိုသည်မှာ နေ(တနင်္ဂနွေဂြိုဟ်)၏ သွားလမ်းအတိုင်း တစ်ပတ်ပြည့်အောင် လှည့်ပတ်သွားလာသော အချိန်ကာလကို အပိုင်းအစု ခွဲခြားသတ်မှတ်ထားသော အချိန်ပိုင်း ဖြစ်သည်။ နေသည် ရက်ပေါင်း ၃၆၅ ၁/၄ ရက်ကြာမှ ရာသီစက်ကို တစ်ပတ်ပတ်မိရာ၊ ထိုကာလကို ၁၂ ပိုင်းပိုင်း၍ တစ်ပိုင်းကို တစ်ရာသီဟု ခေါ်သည်။ တစ်ရာသီတွင် နက္ခတ်ခရီးအားဖြင့် ကိုးပါဒ်၊ သို့မဟုတ် (လေးပါဒ်သည် နက္ခတ်တလုံးနှင့် ညီမျှ သဖြင့်) နှစ်လုံးတစ်ပါဒ် လှည့်ပတ်သည်။ နေတစ်ပတ် ပတ်ချိန် ကို တစ်နှစ်ဟု ခေါ်သည်။

နေတစ်ပတ် ပတ်ချိန်၏ ကာလအပိုင်းအခြားကို ၁၂ ပိုင်း ခွဲစိတ်မှတ်သားရာတွင် အကြမ်းအားဖြင့် လပြည့်ခြင်းသည် ၁၂ ကြိမ်ရှိ၍ လကွယ်ခြင်းသည် ၁၂ ကြိမ်ရှိသဖြင့် လဆန်းစမှ လကွယ်အထိ ကာလကို တစ်ပိုင်း၊ သို့မဟုတ် တစ်လအဖြစ် သတ်မှတ်ကြသည်။ ၂၆၅ ၁/၄ ရက်ကို ၁၂ ပိုင်း အညီအမျှ မပိုင်းချေ။ ထို့ကြောင့် လအားဖြင့် တစ်နှစ်လျှင် ရက်စုံ(ရက် ၃ဝ)ခြောက်လနှင့် ရက်မစုံ (၂၉)ရက် ခြောက်လဟူ၍ ရက် ပေါင်း ၃၅၄ ရက်သာ ရှိသဖြင့် နေသွားအတိုင်း တစ်နှစ်သည် လဆန်းသည်မှ ကွယ်သည်အထိ လဝန်း လှည့်ချိန် ၁၂ ကြိမ် ထက် ၁၁ ၁/၄ ရက် ပိုနေသည်။ ထိုပိုသောရက်များကို စုမှတ်၍ သုံးနှစ်လျှင် တစ်ကြိမ် ဝါကြီးထပ်၊ ဝါငယ်ထပ် စသည်ဖြင့် ဒုတိယဝါဆိုလဟူ၍ တစ်လတိုးဖြည့်ကာ ဖြည့်သွင်း ခုနှိမ်ရသည်။ ဝါကြီးထပ်လျှင် လေးလရက်စုံ သတ်၍ ကဆုန်၊ နယုန်ပထမဝါဆို၊ ဒုတိယဝါဆို လေးလလုံး ရက်ပေါင်း ၃ဝ စီ ထားသည်။ ဝါငယ်ထပ်လျှင်မူ နယုန်လအဖို့ ရက်မစုံ ၂၉ ရက် ထားမြဲ ဖြစ်သည်။ထိုနည်းဖြင့် နေလှည့်ချိန်တစ်နှစ်နှင့် လဆန်း အချိန်မှ ကွယ်ချိန် အထိ ၁၂ လကို တစ်ပြေးတည်း ညီမျှသွား စေသည်။

ဆဲ့နှစ်လ၊ သို့မဟုတ် ဆဲ့နှစ်ရာသီကို မြန်မာအမှတ်အသား အားဖြင့် တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော် သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲနှင့် တပေါင်းဟူ၍ အစဉ်လိုက် အမည်မှည့်ခေါ်ထား သည်။

ဗေဒင်အလိုအားဖြင့်မူ လဆန်းမှလကွယ်ချိန်ကို တစ်ရာသီ မမှတ်ဘဲ၊ နက္ခတ် ၂၇ လုံး လှည့်ပုံအလိုက် နက္ခတ်လှည့်ချိန် နှစ်လုံးတစ်ပါဒ်ကာလကို တစ်ရာသီဟု မှတ်ယူသည်။ထိုကြောင့် လဆန်းမှ လကွယ်အထိဖြစ်သော မြန်မာလနှင့် နက္ခတ်တစ်ခွင် တစ်ခွင်၌ မကူးပြောင်းမီ တည်ချိန်ဖြစ်သော ဗေဒင်အလို ရာသီ သည် တစ်ထပ်တည်း မကျချေ။ ရက်အများဆုံး ထပ်ဆုံတတ် သည့် ရာသီအလိုက် မြန်မာလများကို ဗေဒင်ရာသီနှင့် ယှဉ်တွဲ ၍ တန်ခူးကို မိဿ၊ ကဆုန်ကို ပြိဿ၊ နယုန်ကို မေထုန် စသည်ဖြင့် မှတ်သားကြရသည်။ မြန်မာလကို ဝေါဟာရလဟု ခေါ်၍ ဗေဒင်နက္ခတ်အလိုအားဖြင့် သတ်မှတ်သောလကို ရာသီ လဟု ခေါ်သည်။

အနောက်နိုင်ငံသားတို့၏ အလိုအရ သဘာဝအလျှောက် အပူအအေးနှင့် နေ့တာညတာ ပြောင်းလဲခြင်းများကို လိုက်၍ တစ်နှစ်တည်းဟူသော အချိန်ကို နွေကူးရာသီ၊ နွေရာသီ၊ ဆောင်းကူးရာသီ၊ ဆောင်းရာသီဟူ၍ ရာသီဥတု လေးပိုင်းခွဲခြား ထားသည်။ မြောက်ကမ္ဘာလုံးခြမ်းတွင် မတ်လ၊ ဧပြီလနှင့် မေလတို့သည် နွေကူး ရာသီလများဖြစ်၍ ဇွန်၊ ဇူလိုင်နှင့် 0x100သဂုတ်လများသည် နွေလများ ဖြစ်ကြသည်။ ဆောင်းကူးရာသီ လများတွင် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ပါဝင်၍ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများသည် ဆောင်းလများ ဖြစ်ကြလေသည်။ တောင်ကမ္ဘာလုံးခြမ်းရှိ ရာသီဥတုများမှာ မြောက်ကမ္ဘာလုံးခြမ်းရှိ ရာသီဥတုများနှင့် လုံးဝဆန့်ကျင်လေသည်။

ရာသီဥတုအပြောင်းအလဲဖြစ်ရသည်မှာ ကမ္ဘာကနေကို ပတ်၍သွားနေခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာသည် နေကို တစ်နှစ်တွင် တစ်ပတ်ပတ်မိအောင် သွားလျက်ရှိ၍ ထိုသို့ သွား နေစဉ် မိမိ၏ သွားရာလမ်းကြောင်းကို ၂၃ ၁/၂ ံ စောင်း၍ သွားနေလေသည်။ ထို့ကြောင့် ကမ္ဘာ့ဝင်ရိုးသည် နေဘက်သို့ စောင်းနေချိန်တွင် မြောက်ကမ္ဘာလုံးခြမ်း၌ နေရောင်ကို ပိုမို ရရှိ၍ နေမှဝေးရာဘက်သို့ စောင်းနေချိန်တွင် ရရှိသော နေရောင်မှာ နည်းပါး သွားလေသည်။ မြောက်ကမ္ဘာလုံးခြမ်း၌ နေရောင် ပိုမိုရရှိနေချိန်တွင် နေ့တာရှည်၍ ညဉ့်တာတိုသည်။ နေရောင် အရနည်းသွားသောအခါ နေ့တာတို၍ ညဉ့်တာ ရှည်လာသည်။

ကမ္ဘာပေါ်ရှိ အရာများအနက် အပင်များသည် ရာသီ အလိုက် အပြောင်းလဲဆုံး ဖြစ်ကြသည်။ နွေကူးရာသီတွင် အပင်ရှိ အရွက်နှင့် အဖူးကလေးများ ထွက်လာကြသည်။ ဝတ်မှုန်များ စပ်ယှက်မှု အောင်မြင်ကြသည်။ အခေါက်၏ အောက်ဘက်၌ အရစ်သစ်များ စတင်ဖြစ်ပေါ်လေသည်။ နေ့တာ ရှည်သည့် နွေရာသီတွင် နေမှစွမ်းအင်ကို အများဆုံး ရရှိသဖြင့် အရွက်များသည် စတာ့(ကစီ)ကို အများဆုံးပြုလုပ်ကြသည်။ ဆောင်းကူးရာသီတွင် အသီးများ မှည့်ကြ၍ အရွက်များမှာ ဆောင်ရွက်ရန်လုပ်ငန်း ပြီးဆုံးသွားသကဲ့သို့ အရောင်များ ညိ|ုးပြီးလျှင် ကြွေကျကုန်လေသည်။ ဆောင်းရာသီသို့ ရောက် သောအခါ အပင်အမြောက်အမြား သေကုန်ကြ၍ ကျန်အပင် အချို့က အနားယူကြသည်။ အဖူးများတွင် အအေးဒဏ်ကို ခံနိုင်ရန် ဖယောင်းသားတက်လာ၍ အစေ့များ၌ အခွံမာများ ဖြစ်ပေါ်လာကြလေသည်။

တိရစ္ဆာန်တို့သည်လည်း များသောအားဖြင့် ရာသီအလိုက် အပြောင်းအလဲရှိကြလေသည်။ အအေးဒဏ်မှ လွတ်ကင်းစေရန် ငှက်များသည် နယ်ပြောင်းကြသည်။ဆောင်းရာသီတွင် သားမွေး ရှိ တိရစ္ဆာန်များ၌ သစ်လွင်၍ ထူထဲသောအမွေးများ ပေါက်လာ ကြသည်။ အချို့တိရစ္ဆာန်များက တစ်ဆောင်းတွင်းလုံး အိပ်၍ နေကြသည်။ (ဆောင်းခိုကြသည်)။ နယ်ပြောင်းခြင်းနှင့် ဆောင်းခိုခြင်းမရှိသော တိရစ္ဆာန်များက အခြားနည်းများဖြင့် အအေးဒဏ်မှ အကာအကွယ်ရှာကြသည်။ နွေကူးရာသီ စတင် လာသောအခါတွင် ငှက်များ၊ ပိုးကောင်များ၊ တွားသွား တိရစ္ဆာန်များနှင့် နို့တိုက်သတ္တဝါများသည် သားငယ်ကို မွေးဖွား ကြသဖြင့် တောများသည် ယင်းတို့၏အသံများဖြင့် ဆူညံလျက် ရှိတော့သည်။ ရှိရှိသမျှ တိရစ္ဆာန်များအဖို့ နွေရာသီသည် အလုပ်လုပ်ချိန်ဖြစ်၍ ဆောင်းကူးရာသီသည် အစာစားချိန် ဖြစ်လေသည်။

လူတို့သည်လည်း ရာသီဥတုအလိုက် ပြင်ဆင်မှုများကို ပြုလုပ်ကြလေသည်။ အဝတ်အမျိုးမျိုးကို ရာသီအလိုက် ချုပ် လုပ်ကြသည်။ အဝတ်အမျိုးမျိုးကို ရာသီအလိုက် ချုပ်လုပ်ကြ သည်။ ကစားခုန်စားဘက်တွင် အမျိုးမျိုးပြောင်းလဲ၍ ကစားကြ သည်။ တောင်သူလယ်သမားများကလည်း ရာသီအလိုက် ထွန် ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း စသည်တို့ကို ပြုလုပ် ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)