နှံစားပင်

ဝီကီပီးဒီးယား မှ
အမျိုးအမည်စုံသော နှံစားပင်များ

နှံစားပင်ဆိုသည်မှာ စားသုံးနိုင်သော အစေ့အဆန်အတွက် စိုက်ပျိုးရသည့် မြက်မျိုးနွယ်ပင်ဖြစ်သည်။ နှံစားပင်များသည် ကမ္ဘာ့စိုက်ပျိုးမှု အများဆုံး သီးနှံပင်များဖြစ်ပြီး စားသုံးမှုအများဆုံး အစားအစာဖြစ်သည်။ ယင်းတို့တွင် စပါးဂျုံရိုင်းစပါးပြောင်းဖူးမုယောအုတ်ဂျုံ စသည်တို့ ပါဝင်သည်။ နှံစားပင်အများစုသည် တစ်နှစ်ခံပင်များဖြစ်ပြီး တခါစိုက်ပျိုးပြီးတိုင်း ရိတ်သိမ်းရသည်။ သို့သော် အချို့နှံစားပင်များမှာ ၂ နှစ်နှင့်အထက် သက်တမ်းရှိကြသည်။ ဆောင်းရာသီတွင် စိုက်ပျိုးရသော နှံစားပင်များသည် ဆောင်းဦးရာသီတွင် စိုက်ပျိုးရန် ခက်ခဲပြီး ဆောင်းရာသီ၌သာ တွေ့ရလေ့ရှိသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသောနှံစားပင်များကို နွေဦးကာလ သို့မဟုတ် နွေရာသီ အစောပိုင်းတွင် ရိတ်သိမ်းလေ့ရှိပြီး နွေဦးကာလတွင် စိုက်ပျိုးရသော နှံစားပင်များသည် နွေရာသီနှောင်းပိုင်းတွင် ရိတ်သိမ်းလေ့ရှိသည်။

နှံစားပင်များကို ကျောက်ခေတ်နှောင်းပိုင်းကာလကတည်းက စတင်စိုက်ပျိုးခဲ့ကြသည်။ မုယောနှင့် ဂျုံကို လခြမ်းရပ်ဝန်းဒေသတွင် စတင်စိုက်ပျိုးခဲ့သည်။ စပါးကိုမူ အရှေ့အာရှတွင် စတင်စိုက်ပျိုးခဲ့ပြီး ဆော်ဂန်ပြောင်းကို အနောက်အာဖရိကတွင် စတင်စိုက်ပျိုးခဲ့သည်။ ၂၀ ရာစုတွင် နှံစားပင် ထုတ်လုပ်မှုသည် တိုးပွားလာခဲ့ပြီး အချို့သောနိုင်ငံများက အခြားနိုင်ငံများအတွက်ပါ စိုက်ပျိုးခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]