နှစ်သုံးဆယ်စစ်
နှစ်သုံးဆယ်စစ် ဟူသည် ရောမအင်ပါယာအတွင်း ၁၆၁၈ မှ ၁၆၄၈ အကြား ဖြစ်ပွားသော စစ်ပွဲတည်း။ ဥရောပသမိုင်းတွင် အပျက်အရှုံးအများဆုံးအဖြစ် စံချိန်တင်ပြီး စစ်ဘက်အရပ်ဘက်လူပေါင်း ၄.၅-၈ သန်းမျှ သေသည်။ စစ်ပွဲတည်ရာဖြစ်သော ဂျာမနီ၏ အချို့နယ်မြေတို့တွင် လူဦးရေ၏ ၆၀% မျှ ဘဝဆုံး၏။ အခြားပါဝင်သောနိုင်ငံတို့မှာ ပြင်သစ်၊ စပိန်နှင့် ဆွီဒင်တို့ ဖြစ်သည်။ တကယ်တမ်းတွင် ငွေနှင့်လက်နက်ကူသူများပါ ထည့်တွက်လျှင် ဥရောပအင်အားကြီးနိုင်ငံအားလုံး ပါလေသည်။ ဘာသာရေးကြောင့်ဟု ခေါင်းစဉ်တပ်နိုင်ပြီး ပရိုတက်စတင့်နှင့် ကက်သလစ်တို့ တိုက်ကြသည်။ ကက်သလစ်ကိုးကွယ်သော ဟက်စဘာ့မင်းဆက်ကို အာဏာရလိုသော ပရိုတက်စတင့်တို့က တော်လှန်ခြင်းတည်း။ သို့သော် ကက်သလစ်ကိုးကွယ်သော ပြင်သစ်သည် တော်လှန်သော ပရိုတက်စတင့်တို့ဘက်မှ ဝင်တိုက်ခြင်းကြောင့် အာဏာလုသည်သာ ခေါင်းစဉ်မှန်ဟု ယူနိုင်၏။
နှစ်သုံးဆယ်စစ်အတွင်း ပါဝင်သောနိုင်ငံအားလုံး ကပ်ကြီး ၃ ပါး (အငတ်ဘေး၊ ရောဂါဘေး၊ လက်နက်ဘေး) နှင့် ကြုံရသည်။ စစ်ပွဲကို ဝက်စဖာလီယာစာချုပ်ဖြင့် အဆုံးသတ်ကြသည်။ လက်နက်ဖြင့်တိုက်သည်က နှစ် ၃၀ ဟူသော်လည်း မပြေလည်မှုက ထိုထက်မက ကြာခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |