နီနီလင်းအိမ်
| နီနီလင်းအိမ် | |
|---|---|
| ဇာတိ အမည် | နီနီကျော်ဇင် |
| မွေးဖွား | ၁၄ နိုဝင်ဘာ၊ ၁၉၉၉ မုဒုံ၊ မြန်မာ |
| အလုပ်အကိုင် | |
| အရပ် | ၁.၆၉ m (၅ ft ၆ ၁⁄၂ in) |
| ဘွဲ့ | Miss Grand Myanmar 2023 (winner) Miss Grand International 2023 (1st runner up) |
| အလှမယ်ဘွဲ့ ရရှိသူ | |
| အေဂျင်စီ | Glamorous International |
| ဆံပင်အရောင် | အမည်းရောင် |
| မျက်လုံးအရောင် | အမည်းရောင် |
| အဓိက ပြိုင်ပွဲ(များ) | Miss Grand Myanmar 2023 (winner) Miss Grand International 2023 (1st runner up) (Miss Popular Vote) (Country's Power Of The Year) (Top10 National Costume & Swimsuit Competition) |
နီနီလင်းအိမ် (အင်္ဂလိပ်: Ni Ni Lin Eain; ၁၉၉၉ နိုဝင်ဘာ ၁၄ မွေးဖွား) သည် မြန်မာနိုင်ငံမှ မော်ဒယ်[၁] နှင့် အလှမယ်တစ်ဦးဖြစ်သည်။[၂][၂] သူမသည် Miss Grand Myanmar 2023 ဆုကိုရရှိခဲ့ပြီး ဗီယမ်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော Miss Grand International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး 1st runner up ဆုကိုရရှိခဲ့သည်။[၂][၃]
ယခင်က Miss Universe Myanmar 2022 ပြိုင်ပွဲတွင် ပါဝင်ခဲ့သော်လည်း မိခင်၏ကျန်းမာရေးပြဿနာကြောင့် နုတ်ထွက်ခဲ့သည်။[၂][၄]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]နီနီလင်းအိမ်သည် ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ မုဒုံမြို့၌ မွေးဖွားခဲ့သည်။[၁] ၎င်းသည် စင်ကာပူနိုင်ငံ Toa Payoh တွင် တည်ရှိသော Building and Construction Authority (BCA) Academy မှ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ တက်ရောက်ပြီး ဘွဲ့ရရှိခဲ့သည်။[၂]
အလှမယ်
[ပြင်ဆင်ရန်]နီနီလင်းအိမ်သည် Miss Universe Myanmar 2022 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး ၁၆ ဦးအထိ ရွေးချယ်ခံခဲ့သည်။ သို့သော် ၎င်း၏မိခင်၏ ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည်။[၅]
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် Glamorous International မှ Miss Grand International 2023 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ခန့်အပ်ခံရသည်။[5] နီနီလင်းအိမ်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ Phu Thọ အားကစားကွင်းတွင် ကျင်းပသည့် Miss Grand International 2023 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၆]
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ကျင်းပသည့်အဆိုပါပြိုင်ပွဲတွင် နီနီလင်းအိမ်သည် Global Beauties Choice – Miss Photogenic Award နှင့် Grand Pageant's Choice Award တို့ကို ရရှိခဲ့သည်။[၂][၇] ထို့နောက် ၂၅ ရက်နေ့က ကျင်းပသော ပြိုင်ပွဲတွင် Country’s Power of the Year Award ကို ရရှိခဲ့ပြီး Top ၂၀ သို့ အလိုအလျောက် ရွေးချယ်ခံရသည်။[၈][၇] ပြိုင်ပွဲအပြီးတွင် ပီရူးနိုင်ငံမှ Luciana Fuster သည် Miss Grand International 2023 အနိုင်ရရှိသူဖြစ်ပြီး နီနီလင်းအိမ်သည် First runner-up ဆုရရှိခဲ့သည်။[၂][၉]
အများပြည်သူ၏၀ေဖန်မှု
[ပြင်ဆင်ရန်]နီနီလင်းအိမ်သည် Miss Grand Myanmar 2024 ၏ second runner up ရရှိမှုကို နှစ်သိမ့်အားပေးခြင်းမရှိဘဲ မသိကျိုးကျွံပြုကာရှောင်ဖယ်သွားခြင်း। စင်ပေါ်တွင် မသင့်တော်စွာ မြူးတူးကခုန်နေခြင်း। မိမိနိုင်ငံနှင့်လူမျိုးဘက်မှမရပ်တည်ဘဲ အခြားနိုင်ငံသားပိုင်ရှင်ဘက်မှ ရပ်တည်ကာ ပူးပေါင်းနှိမ့်ချပြောဆိုခြင်းများပြုလုပ်ခဲ့သည့်အတွက် များစွာသော ေ၀ဖန်မှုများရရှိခဲ့သည်॥
ရိုက်ကူးရေး
[ပြင်ဆင်ရန်]ကြော်ငြာ
[ပြင်ဆင်ရန်]| Year | Product | Company | Ref. |
|---|---|---|---|
| 2022 | Bella matte Love Blush | Bella Cosmetics | [၁၀][၁၁] |
| A+ Wallet | A Bank | [၁၂] | |
| 2023 | Flourish Shampoo | Virtue Labs | [၁၃] |
| Fit Me Foundation | Maybelline | ||
| 2024 | Aung Thamardi Gold & Jewelry | Aung Thamardi Gold, Jewelry Shops and Refinery | [၁၄] |
| Eternal Weint Sein | Weint Sein Gold and Jewelry Shop |
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Bryan Salvatierra (25 October 2023)။ Miss Grand International: ¿Quién es Ni Ni Lin Eain la actriz que casi le roba la corona a Luciana Fuster? (in es-PE)။ El Popular။ 27 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2023 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 6 7 ประวัติ 'Ni Ni Lin Eain – Maria Lopez' รอง 1–2 Miss Grand International 2023 (in th)။ Kom Chad Luek (26 October 2023)။ 27 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2023 တွင် ပြန်စစ်ပြီး။
- ↑ "Miss Grand International 2023 First Runner up ဆွတ်ခူးရရှိခဲ့တဲ့မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်" (in my)၊ 25 October 2023။ 26 October 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2023။
- ↑ “(၇၁) ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမယ့် (၉) ကြိမ်မြောက် မယ်စကြဝဠာ (မြန်မာ) ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို ပထမအကြိမ် ဆန်ကာတင် အလှမယ် ၈ ဦးကို ရွေးချယ်” (in my) (2 July 2022)။ 4 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2023 တွင် ပြန်စစ်ပြီး။
- ↑ "Miss Grand Myanmar 2023 နီနီလင်းအိမ်" (in my)၊ MTNews၊ 20 October 2023။ 26 October 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 26 October 2023။
- ↑ "Miss Grand International 2023 အလှမယ်ပြိုင်ပွဲကြီးမှာ Miss Photogenic award by Global Beauties နဲ့ Grand Pageant’s Choice Award Title ဆု ၂ ဆု အလှမယ် နီနီလင်းအိမ် ရရှိ – Myanmar Transparency News"၊ 25 October 2023။ Archived from the original on 26 October 2023။
- 1 2 Luciana Fuster ganó el Miss Grand International 2023: sencillez y glamour en su paso por el concurso de belleza (in es) (25 October 2023)။ 25 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2023 တွင် ပြန်စစ်ပြီး။
- ↑ "အလှမယ်နီနီလင်းအိမ် COUNTRY’S POWER OF THE YEAR ဆုကြီး ဆွတ်ခူးရရှိ – PCT NEWS HOMEPAGE"၊ 25 October 2023။ Archived from the original on 26 October 2023။
- ↑ Ni Ni Lin Eain grabs 1st Runner-Up at Miss Grand International 2023။ New Light of Myanmar (26 October 2023)။ 25 October 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2023 တွင် ပြန်စစ်ပြီး။
- ↑ အချစ်ဆိုတဲ့အရာကို ဖော်ကျူးဖို့ နူးညံ့ပြီး သာယာပျော်ဖွယ်တဲ့ အကြင်နာ ယုယမှုတွေနဲ့တင်မလုံလောက်သေးပါဘူး... (in my)။ Bella (11 February 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
- ↑ Bella Love Blush (cosmetic TV commercial) (in my)။ HD Production Team (14 February 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
- ↑ A+ agent ဆိုင်တွေမှာငွေလွှဲရင်း ဖူးစာရှင်နဲ့ဆုံတွေ့နိုင်ပါတယ်! မြန်မာနိုင်ငံတဝှမ်း ဆိုင်ပေါင်း ၂၅,၀၀၀ကျော်မှာ ငွေလွှဲ ငွေသွင်း၊ ငွေထုတ် ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါပြီ။ (in my)။ A Bank (12 December 2022)။ 28 October 2023 တွင် ပြန်စစ်ပြီး။
- ↑ Flourish Shampoo Commercial Video (in my)။ HD Production Team (28 September 2023)။ 28 October 2023 တွင် ပြန်စစ်ပြီး။
- ↑ Aung Thamardi Gold & Jewelry (in my)။ 24 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2025 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ နီနီလင်းအိမ်
အင်စတာဂရမ် ပေါ်ရှိ နီနီလင်းအိမ်- တစ်တော့ ပေါ်ရှိ နီနီလင်းအိမ်
| အောင်မြင်မှု | ||
|---|---|---|
| ယခင်က အိအိအောင်ထွန်း |
Miss Grand Myanmar 2024 |
ဆက်ခံသူ |
| ယခင်က |
Miss Popular Vote 2023 |
ဆက်ခံသူ |
| ယခင်က |
Country's Power of the Year 2023 |
ဆက်ခံသူ |
| ယခင်က |
Miss Grand International 1st Runner-Up 2023 |
ဆက်ခံသူ |