သဲစုငြိမ်း
သဲစုငြိမ်း | |
---|---|
Thae Su Nyein in October 2024 | |
မွေးဖွား | တောင်ငူမြို့၊ ပဲခူးတိုင်းဒေသကြီး | မေ ၂၄၊ ၂၀၀၇
အလုပ်အကိုင် | အလှမယ် |
အရပ် | ၁.၆၉ m (၅ ft ၆ ၁⁄၂ in) |
ဘွဲ့ | Miss Grand Myanmar 2024 |
အလှမယ်ဘွဲ့ ရရှိသူ | |
အေဂျင်စီ | Glamorous International |
ဆံပင်အရောင် | အညိုရောင် |
မျက်လုံးအရောင် | အစိမ်းရောင် |
အဓိက ပြိုင်ပွဲ(များ) | Miss Grand Myanmar 2024 (Winner) Miss Grand International 2024 (2nd runner up) (Dethroned) (Top 10 National Costume & Swimsuit Competition) |
သဲစုငြိမ်း (၂၄ မေ ၂၀၀၇ မွေးဖွား) သည် မြန်မာနိုင်ငံသား အလှမယ်တစ်ဦးဖြစ်ပြီး Miss Grand Myanmar 2024 ဆုရှင် ဖြစ်သည်။[၁][၂] ၂၀၂၄ ခုနှစ် Miss Grand International ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 2nd runner up ရရှိခဲ့သော်လည်း[၃] သူမနှင့် National Director တို့၏ MGI အဖွဲ့၏ စည်းမျဉ်းများအား ဖောက်ဖျက်သော အပြုအမူများကြောင့် ယင်းဆုအား Miss Grand International အဖွဲ့အစည်းမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။[၄][၅]
အလှမယ်
[ပြင်ဆင်ရန်]သဲစုငြိမ်းသည် ဒီဇင်ဘာလ ၂၀၂၃ ခုနစ်တွင် ကျင်းပခဲ့သော Miss Grand Myanmar 2024 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် Miss Grand Myanmar 2024 ဆုကို ရရှိခဲ့သည်။
သဲစုငြိမ်းသည် မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် Miss Grand International 2024 ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 2nd runner upကို ရရှိခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MGI ခန်းမတွင် ကျင်းပသည့် Miss Grand International 2024 တွင် မြန်မာနိုင်ငံကိုယ်စားပြု သဲစုငြိမ်းသည် Miss Beauty Skin Award , Miss I'Aura Queen Award, Miss Fan Vote Awardတို့ကို အောက်တိုဘာလ ၂၀၂၄ တွင် ဆွတ်ခူးရရှိခဲ့သည်။[ကိုးကားချက်လိုသည်]
အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် သဲစုငြိမ်းသည် ထိပ်တန်း ဆန်ကာတင် ၁၀ ဦးတွင် ပါဝင်ခဲ့သည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် အိန္ဒိယနိုင်ငံမှ Rachel Gupta သည် အနိုင်ရရှိသူဖြစ်လာပြီး သဲစုငြိမ်းသည် ဒုတိယဆုရှင်အဖြစ် ပြီးဆုံးခဲ့သည်။ သို့သော်လည်း သူမနှင့် National Director တို့၏ MGI အဖွဲ့၏ စည်းမျဉ်းများအား ဖောက်ဖျက်သော အပြုအမူများကြောင့် ယင်းဆုအား Miss Grand International အဖွဲ့အစည်းမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။[၄]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]သဲစုငြိမ်းကို ၂၀၀၇ ခုနစ် မေလ ၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် မွေးဖွားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Miss Grand Myanmar 2024 ဆုကို တောင်ငူအလှမယ် ” သဲစုညိမ်း “ရရှိ (in my) (11 December 2023)။ 11 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Tân Miss Grand Myanmar 2024: Mới 16 tuổi đã có màn trả lời câu hỏi ứng xử thuyết phục (in vi) (11 December 2023)။ 11 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Josiah Antonio (25 October 2024)။ India wins Miss Grand International 2024; PH bet CJ Opiaza is 1st runner-up။ ABS-CBN News။ 25 October 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 October 2024 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Yoniel Acebuche (28 October 2024)။ Miss Grand International Organization officially revokes Miss Myanmar's title due to 'inappropriate behavior'။ The Philippine Star။ 28 October 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 October 2024 တွင် ပြန်စစ်ပြီး။
- ↑ "DVB | မြန်မာအလှမယ် သဲစုငြိမ်း၏ ဆုကို Miss Grand International က ပြန်ရုပ်သိမ်း" (in en)၊ လူမှုကွန်ရက်မှာ အပြန်အလှန် ငြင်းခုံမှုတွေနဲ့ လူပြောများနေတဲ့ ၂၀၂၄ ခုနှစ် Miss Grand International ပြိုင်ပွဲ 2nd runner up ဆုရခဲ့တဲ့ Myanmar အလှမယ် သဲစုငြိမ်းရဲ့ ဆုကို ပြန်လည်ရုပ်သိမ်းကြောင်း MGI က အေ…၊ ၂၈ အောက်တိုဘာ ၂၀၂၄။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ သဲစုငြိမ်း
- အင်စတာဂရမ် ပေါ်ရှိ သဲစုငြိမ်း
- TikTok ပေါ်ရှိ သဲစုငြိမ်း
အောင်မြင်မှု | ||
---|---|---|
ယခင်က María Alejandra López Pérez |
Miss Grand International 2nd runner up 2024 |
ဆက်ခံသူ Incumbent |
ယခင်က Ni Ni Lin Eain |
Miss Grand Myanmar 2024 |
ဆက်ခံသူ Incumbent |
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |