ထွန်းဝေ
ထွန်းဝေ | |
---|---|
မွေးဖွား | နတ်တလင်းမြို့၊ ပဲခူးတိုင်း | အောက်တိုဘာ ၂၃၊ ၁၉၂၀
ကွယ်လွန် | ဩဂုတ် ၈၊ ၂၀၀၅ | (အသက် ၈၄)
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် |
မိဘ(များ) | ဦးကျော်စိန်၊ ဒေါ်ရွှေရင် |
ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၉၅၇၊ ၁၉၅၉၊ ၁၉၈၃) |
ဦးထွန်းဝေ (၂၃ အောက်တိုဘာ ၁၉၂၀–၈ ဩဂုတ် ၂၀၀၅) သည် မြန်မာအမျိုးသား ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး အကယ်ဒမီဆု သုံးကြိမ်ရရှိထားသူ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင် မင်းသား မြတ်လေးနှင့် ထွန်းဝေတို့သည် စကားပြောကောင်းသည့် မင်းသားများ ဖြစ်ကြသည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့၌ အဖ ဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားကြီး ဖြစ်သည်။
နတ်တလင်းအထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့တွင် စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် နယ်ခြားသတင်းထောက်၊ နေ့စဉ်လမ်းညွှန် သတင်းစာများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ - ၄၉-ခုနှစ်တွင် မန္တလေးမြို့ထုတ် `ဘဝသစ်နေ့စဉ်´တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း
[ပြင်ဆင်ရန်]သိန်းဖေမြင့်မှတစ်ဆင့် ဗြိတိသျှဘားမားရှိ ရွှေဒုံးဘီအောင်၏ တပည့်အဖြစ် ရုပ်ရှင်ပညာ သင်သည်။ ပထမဆုံး ဇာတ်ရံပါရမှာ ၁၉၅၂ ခုတွင် ဦးချစ်ခင်ရိုက်သည့် ချစ်ရေးမလွယ် ဇာတ်ကား ဖြစ်သည်။ ၁၉၅၇ ခုတွင် ဦးချစ်စိန် ရိုက်သည့် ဗိုလ်မြဒင် ကားမှစ၍ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။
၁၉၅၇-ခုနှစ်တွင် ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃-ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားများနှင့် ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီရရှိခဲ့သည်။
၁၉၅၂-ခုနှစ်တွင် ပီကင်းတွင်ကျင်းပသော အာရှနှင့် ပစိဖိတ်ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၅၆-ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုပ်ပြည်သို့ သွားရောက်ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်၊ ဘေကျင်းသို့ သွားရောက်ခဲ့ပြန်သည်။
၁၉၆၇-ခုနှစ်မှစပြီး အမြင့်သဘင်နှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃-ခုနှစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့ကောင်စီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
ပါဝင်သော ဇာတ်ကားများ
[ပြင်ဆင်ရန်]ခေါင်းစဉ် | ရုံတင်နှစ် | ဒါရိုက်တာ | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|---|
ချစ်ရေးမလွယ် | ၁၉၅၂ | ဦးချစ်ခင် | ||
သည်ဆောင်းဟေမာန် | ဦးသုခ | |||
မာလာရီ | ရွှေဒုံးဘီအောင် | |||
ပွဲခါညောင်ရေ | ရွှေဒုံးဘီအောင် | |||
ဒေါက်တာ အောင်ကျော်ဦး | ရွှေဒုံးဘီအောင် | |||
ဖူးစာနှစ်ခိုင် | ဦးလှဦး | |||
ဖြေလျှော့ခွေ | ဦးချစ်ခင် | |||
ဘုနဲ့ ဘောက် | နေဒွန်း | ကန်တော်မိတ် ရုပ်ရှင် | ||
ဗိုလ်မြဒင် | ၁၉၅၇ | ဦးချစ်စိန် | ဘီဘီဘီ ဖလင် | |
ကကြီးရေ က | ၁၉၅၉ | သာဓု | ||
ေမာင့်မူပိုင်ရှင် | ၁၉၆၄ | ေအာင်ဝင်း | ||
ဖဆကလပ် | ၁၉၆၆ | သာဓု | ||
ချစ်တော့ ချစ်တယ် | မျိုးအောင် | |||
ဗိုလ်အောင်နိုင် | ကျော်သန်း | |||
တတိယအရွယ်၏ ဒုတိယဝေဒနာ | ၁၉၈၃ |
အသံဇာတ်လမ်းများ
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ဇာတ်ညွှန်း | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|---|
ကကြီးရေ က | ||||
နဂါးနိုင်မင်းသား | ||||
ပုဏ္ဏားဘကွန်း | ||||
ဝရမ်းပြေး ဘခက် | ||||
မဟာဇောတိကသူဌေး | ||||
ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင် | ||||
ထောင်မင်းသား ဖိုးထော်နှင့် ယမင်းရုပ် | ||||
ဂျင်ပေါ်က ထုံး | ||||
အတ္တအကျဉ်းသား | ||||
ဂျမ်းမ | ||||
ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ် | ||||
ဟင်္သာလည်းငှက် ကျီးလည်းငှက် | ||||
မုဆိုးနဲ့ ကျား | ||||
အဗ္ဗပါလီ | ||||
ဘုံ ရှင်းတမ်း | ||||
စိတ် | ||||
သမားတော်ကြီး မဟာဇီဝက | ||||
ရွှေနဲ့ကပ်တော့ ရွှေမင်းသား |
နိုင်ငံရေး
[ပြင်ဆင်ရန်]ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားသည့်အခါ အနုပညာရှင်များနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။ သူသည် နိုင်ငံရေးဝါဒအရ ကွန်မြူနစ်အတွေးအခေါ်ရှိသူတစ်ယောက်ဖြစ်သည်။
ရရှိခဲ့သော ဆုတံဆိပ်များ
[ပြင်ဆင်ရန်]ထွန်းဝေသည် အကယ်ဒမီ(၃)ကြိမ်ရသော ရုပ်ရှင်မင်းသားကြီး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်မြဒင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ဇာတ်ကားဖြင့်လည်းကောင်း ၁၉၈၃ တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားဖြင့်လည်းကောင်း ဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့သည်။
မိသားစု
[ပြင်ဆင်ရန်]ဦးထွန်းဝေသည် ပထမ ဒေါ်စောနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဇနီး ဒေါ်စော ကွယ်လွန်သွားသောအခါ၊ ဇနီး၏ တူမဖြစ်သူ ဒေါ်ထွေးထွေးနှင့် ထပ်မံ လက်ထပ်ခဲ့ပြီး၊ သား (၂) ယောက် ထွန်းကားခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ နေအိမ်တွင် ၂၀၀၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁နာရီ ၂၅ မိနစ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးထွေးနှင့် သားသမီး၊ မြေးများ ကျန်ရစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် ၂၀၀၆