ထျန်းအန်းမင် အရေးအခင်း (၁၉၈၉)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ထျန်းအန်းမင်သို့ မောင်းနှင်လာသည့် တင့်ကားတန်းကို ဆန္ဒပြသူတစ်ဦးက ရှေ့မှရပ်ကာ တားဆီးနေပုံ။ ၁၉၈၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် အေပီ သတင်းထောက် Jeff Widener ရိုက်ကူး။

ထျန်းအန်းမင် အရေးအခင်း (၁၉၈၉)ကို အနောက်တိုင်းနိုင်ငံများတွင် ထျန်းအန်းမင် သတ်ဖြတ်မှု (Tiananmen Square massacre)ဟု လူသိများပြီး တရုတ်အသိုင်းအဝိုင်းတွင် ဇွန် ၄ အရေးအခင်း (六四事件) သို့မဟုတ် ၈၉ အရေးအခင်းဟု ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံတွင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပွားပြီးသည့် နောက်တစ်နှစ် ၁၉၈၉ ခုနှစ်တွင် တရုတ်ပြည် မြို့တော်ပေကျင်းမြို့မှ တက္ကသိုလ် ကျောင်းသားများ၊ ပညာတတ်များနှင့် မြို့ခံများ ထျန်းအန်းမင်ရင်ပြင်၌ စုဝေးဆန္ဒပြခဲ့သည့် အရေးအခင်း တစ်ရပ်ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားမှုသည် ပေကျင်းမှ တရုတ်ပြည် တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေကျင်းမြို့သို့ ရောက်ရှိလာကာ လူစုလူဝေးအား အုပ်စုခွဲကာ ဆန္ဒပြမှုကို ခြေမှုန်းခဲ့သည်။

တီယန်မင် အရေးတော်ပုံကြီးသည် ၁၉၈၇ ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်း (Hu Yaobang) ကို ပါတီမှ အတင်းအကျပ် အနားယူခဲ့စေခြင်းမှ စတင်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်း (Hu Yaobang) သည် လွတ်လပ်စွာ ဟောပြောမှု၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်များကို နိုင်ငံအတွင်း အတိုင်းအတာတခု အားပေးခွင့်ပြုခဲ့ခြင်းမှ တရုတ်ကျောင်းသားလူငယ်တွေ၊ ပညာတတ် လူလတ်တန်းစားများနှင့် ပါတီအတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူတွေရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့သည်။ ဒီလို ပြုပြင်ပြောင်းလဲမှုကို လိုလားသူတယောက် ဖြစ်ခြင်းကြောင့် ပါတီအတွင်း သဘောထားတင်းမားတဲ့ ရှေးရိုးစွဲ အစွန်းရောက် ပါတီခေါင်းဆောင်းများအကြားမှာ သဘောထားတင်းမာမှုတွေ၊ ပဋိပက္ခတွေ ကြီးထွားလာခဲ့ကြသည်။ ဒီလို သဘောထား တင်းမာမှုတွေ၊ ပဋိပက္ခတွေ ကြီးထွားလာခဲ့မှုကြောင့် ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားယူမှု ပြုလုပ်ခြင်းခံခဲ့ရသည်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောင်ဘန်းကို ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားပေးခဲ့စဉ်က တရုတ် ကျောင်းသားကျောင်းသူတွေ၊ တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမတွေက တီယန်မင်စကွဲမှာ ဆန္ဒပြမှု အနည်းအကျဉ်း ပြုလုပ်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ် တီယန်မင်စကွဲ ဆန္ဒပြပွဲမှာ ပီကင်းတက္ကသိုလ် ကျောင်းဆရာမ တယောက်က အခုလို ဟောပြောခဲ့သည်။ “ငါတို့ ကမ္ဘာကြီးကို သိစေချင်တယ်။ ငါတို့ဟာ ငါတို့ တိုင်းပြည်မှာ အကျဉ်းသားတွေ ဖြစ်နေကြပြီ” – “ We want the world to know that we are prisoners in our own country.” သူမရဲ့ ဟောပြောလှုံ့ဆော်မှုဟာ တရုတ်လူငယ်တွေ၊ ဒီမိုကရေစီလိုလားသူတွေ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူတွေ အနေနဲ့ တရုတ် ကွန်မြူနစ်ပါတီအတွင်း သဘောထားတင်းမာသူတွေကို ဆန့်ကျင်ကြဖို့ တပ်လှန့်နှိုးဆော်ခဲ့သည်။

၁၉၈၉ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဟူဟာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့သည်။ တီယန်မင်စကွဲယားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဈာပနအခမ်းအနားကို တရုတ်လူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ ပညာတတ် လူလတ်တန်းစားများ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူတွေက မကျေမနပ်ဖြစ်ကာ စတင်ဆန္ဒပြမှုတွေကို ပြုလုပ်လာခဲ့ကြသည်။ ဤဆန္ဒပြပွဲကို ဟူယောင်ဘန်း (Hu Yaobang) ရာထူးကို ဆက်ခံခဲ့သူ ကျောက်ကျိယန် (Zho Ziyang) လာရောက်တွေ့ဆုံခဲ့သည်။ ဆန္ဒပြသူတွေရဲ့ ခံစားချက်တွေကို နားလည်ပါကြောင်းနဲ့ ဆန္ဒပြပွဲတွေကို ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့သည်။ ဆန္ဒပြသူတွေကို စာနာစိတ်ပြသခဲ့မှုကြောင့် တရုတ် ကွန်မြူနစ်ပါတီက အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန် (Zho Ziyang) ကို ကွယ်လွန်တဲ့အထိ နေအိမ်မှာ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသလို၊ ဆန္ဒပြပွဲတွေဟာလည်း တနေ့ထက်တနေ့ ကြီးထွားလာခဲ့သည်။ နောက်ဆုံးမှာတော့ ဆန္ဒပြမှုတွေကို တရုတ် ကွန်မြူနစ်ပါတီ အမိန့်အာဏာအရ စစ်တပ်က ဖြိုခွဲခြင်း ခံခဲ့ရသည်။[၁]


အရေးအခင်းမှာ ဒီမိုကရေစီ လိုလားသူ အဂတိတိုက်ဖျက်ရေး သမား တရုတ်အရာရှိ ဟူယောက်ပန်း (胡耀邦) ကွယ်လွန်ခြင်းမှ စတင်ခဲ့သည်။[၂] ပေကျင်းမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများသည် ဟူယောက်ပန်းအတွက် ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲများ ကျင်းပရာမှ ရက်ပိုင်းအတွင်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုကြီးအသွင် ပြောင်းလဲခဲ့သည်။ ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲ ကျင်းပသည့်နေ့တွင် ထျန်းအန်းမင် ရင်ပြင်၌ စုဝေးခဲ့သည့် လူဦးရေမှာ သိန်းနှင့်ချီရှိသည်။ ရည်မှန်းချက် တသမတ်တည်း မရှိ၊ ဦးဆောင်သူမဲ့ ဖြစ်နေသော်လည်း ဆန္ဒပြသူ လူထုကြီးက အစိုးရအတွင်း တည်ရှိနေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုကြသည်။[၃][၄] ပေကျင်း ထျန်းအန်းမင်ရင်ပြင် တွင်သာမက တရုတ်ပြည် အခြားမြို့ကြီးများတွင်လည်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။

ရက်သတ္တပတ် ၇ ပတ်ကြာခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည် ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ တရုတ်အစိုးရသည် စစ်တပ်ကို အသုံးပြုကာ ဆန္ဒပြလှုပ်ရှားမှုကို ခြေမှုန်းခဲ့ရာ အသေပျောက်များ ရှိခဲ့သည်။ တရုတ် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်အရ စစ်သားများ အပါအဝင် လူပေါင်း ၂၄၁ ဦးသေဆုံး၊ ၇၀၀၀ ကျော် ဒဏ်ရာရသည် ဟုဆိုသည်။[၅] သို့သော် တရုတ်ကြက်ခြေနီအသင်းနှင့် ကျောင်းသား အဖွဲ့အစည်းများက လူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။[၅]

ထျန်းအန်းမင်ရင်ပြင်မှ လူထုအား အုပ်စုခွဲပြီးနောက်တွင် တရုတ်အစိုးရသည် နှိပ်ကွပ်မှု တသီတတန်းကြီးကို စတင်တော့သည်။ အရေးအခင်းတွင် ပါဝင်ပတ်သက်သူများအား ဖန်းဆီးခြင်း၊ အခြားဒေသမှ ဆန္ဒပြမှုများကိုလည်း အလားတူ လူစုခွဲခြေမှုန်းခြင်း၊ နိုင်ငံခြားသား သတင်းထောက်များအား ကန့်သတ်ခြင်း၊ ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်ကို ထိန်းချုပ်ခြင်းများ ရှိလာသည်။ ဆန္ဒပြမှုဖြစ်ပွားစဉ် လူထုအကြားသွားရောက်ကာ လူထု၏ ခံစားချက်ကို စာနာနားလည်နိုင်ကြောင်း၊ ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့သူများအား ဝေဖန်မှုများရှိလာသည်။ ကျောက်ကျီယံ (趙紫陽) အပါအဝင် ထိပ်တန်း အရာရှိများ နေအိမ် အကျယ်ချုပ် ချခံရသည်။ တရုတ်အစိုးရ၏ ဤကဲ့သို့သော အပြုအမူများအား ကမ္ဘာတဝှမ်းမှ ပြစ်တင်ရှုံ့ချခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. အနှစ်၂၀ ပြည့် တရုတ်နိုင်ငံ တီယန်မင် အရေးအခင်း
  2. 北京将举行胡耀邦纪念会။ BBC中文网။ 2009-5-28 တွင် ပြန်စစ်ပြီး။
  3. Tiananmen Square protests of 1989။ EconomicExpert.com။ 2009-5-28 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ Nathan၊ Andrew J. (1月/2月 2001)။ The Tiananmen PapersForeign Affairsကိုးကား အမှား - Invalid <ref> tag; name "nathan" defined multiple times with different content
  5. ၅.၀ ၅.၁ The Memory of Tiananmen 1989PBS။ 2009-5-28 တွင် ပြန်စစ်ပြီး။