မာတိကာသို့ ခုန်သွားရန်

တရုတ်ကွန်မြူနစ်ပါတီ

ဝီကီပီးဒီးယား မှ
တရုတ်ကွန်မြူနစ်ပါတီ
အထွေထွေ အတွင်းရေးမှူးရှီကျင့်ဖျင်
ဆောင်ပုဒ်Serve the People
သီချင်း အင်တာနေရှင်နယ်
တည်ထောင်ခြင်းဇူလိုင် ၁၊ ၁၉၂၁; ၁၀၄ နှစ် အကြာက (၁၉၂၁-၀၇-01)
ဌာနချုပ်ကျုံးနန်းဟိုင်, ပေကျင်းမြို့
သတင်းစာPeople's Daily
လူငယ်အသင်းCommunist Youth League
Popular frontUnited Front
Armed wingတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
အဖွဲ့ဝင်  (2016)88.76 million[]
နိုင်ငံရေး သဘောတရားကွန်မြူနစ်ဝါဒ
တရုတ်ဆိုရှယ်လစ်ဝါဒ
မော်စီတုန်းဝါဒ
နိုင်ငံတကာ မဟာမိတ်နိုင်ငံတကာကွန်မြူနစ်များနှင့် အလုပ်သမားများ ပါတီများ၊ အစည်းအဝေး
အမျိုးသား ကွန်ဂရက်အစည်းအဝေး
၂၁၅၇ / ၂၉၈၇
ဝက်ဘ်ဆိုဒ်
english.cpc.people.com.cn
ပါတီအလံ

တရုတ်ကွန်မြူနစ်ပါတီ (အင်္ဂလိပ်: Chinese Communist Party၊ အတိုကောက် CCP) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ စတင်တည်ထောင်သူနှင့် အာဏာရနိုင်ငံရေးပါတီဖြစ်သည်။ စည်းလုံးသောတပ်ဦး(United Front)တွင် အခြားပါတီ ၈ ခုနှင့်အတူ ပါဝင်ပေမယ့် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ တစ်ဦးတည်းသော အုပ်ချုပ်ရေးပါတီ ဖြစ်သည်။ အခြားပါတီ (၈)ခုသည် စစ်မှန်သောအာဏာမရှိသည့်အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ချုပ်ကိုင်မှု အောက်တွင်သာ ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီကို ချန်ဒူရှစ် နှင့် လီဒါကျောင်း တို့က ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပါတီသည် လျင်မြန်စွာကြီးထွားလာပြီး ၁၉၄၉ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်သမ္မတနိုင်ငံ ဖွဲ့စည်းခြင်းကို ဦးဆောင်ခဲ့သော အမျိုးသားရေးကူမင်တန်ပါတီကို တရုတ်ပြည်မကြီးမှ မောင်းထုတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၁၆ခုနှစ်အထိ အဖွဲ့ဝင်ဦးရေ ၈၈.၇၆ သန်းနှင့်အတူ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည်။[]

တရုတ်ကွန်မြူနစ်ပါတီသည် တရားဝင်အားဖြင့် ဗလာဒီမာလီနင်၏ ရုရှားမာက်စ်ဝါဒီ နှင့် အလယ်အလတ်ဒီမိုကရေစီ အခြေခံသဘောတရားအပေါ် ဖွဲ့စည်းထားသည်။ ပါတီ၏ အမြင့်ဆုံး မှာ ငါးနှစ်တွင် တစ်ကြိမ် ကျင်းပေသာ အမျိုးသား ကွန်ဂရက်အစည်းအဝေးဖြစ်သည်။ အမျိုးသားကွန်ဂရက်အစည်းအဝေး မကျင်းပဖြစ်တဲ့အခါ ဗဟိုကော်မတီသည် အမြင့်ဆုံးဖြစ်သည်။ သို့သော်ဗဟိုကော်မတီသည် သာမန်အားဖြင့် တစ်နှစ်လျှင်တစ်ကြိမ်သာ တွေ့ဆုံသောကြောင့် အများဆုံးတာဝန်နှင့် ဝတ္တရားများအား ပေါ်လစ်ဗြူရို(Politburo) နှင့် ၎င်း၏အမြဲတမ်းကော်မတီတွင် အပ်နှင်းကြသည်။ ပါတီ၏ ခေါင်းဆောင်သည် အထွေထွေအတွင်းရေးမှူး (အရပ်သားပါတီလုပ်ငန်းတာဝန်များအတွက်တာဝန်)၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ (CMC) (စစ်ရေးကိစ္စများကိုတာဝန်)နှင့် နိုင်ငံတော်သမ္မတ (နိုင်ငံ့အကြီးဆုံးရာထူး)၏ရုံးများအား ထိန်းချုပ်ထားသည်။ ထို့ကြောင့် ပါတီခေါင်းဆောင်သည် နိုင်ငံ၏အထွဋ်အထိပ်ခေါင်းဆောင်ဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှ ရွေးကောက်တင်မြှောက် ထားသော လက်ရှိပါတီခေါင်းဆောင်မှာ ရှီကျင့်ဖျင် ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ရှေးကွန်မြူနစ်အတွေးအခေါ်များကို ယုံကြည်လက်ခံနေဆဲ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာကွန်မြူနစ်များနှင့် အလုပ်သမားများ ပါတီများ အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။ ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီသည် မာ့က်စ်-လီနင်၊ မော်စီတုန်းအတွေးအခေါ်၊ တရုတ်ဆိုရှယ်လစ်လမ်းစဉ်နှင့် တိန့်ရှောင်ဖိန်သီအိုရီများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်းကျအမြင်နှင့် ပေါင်းစပ်၍လိုက်နာဆောင်ရွက်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်ရှင်းလင်းတင်ပြချက်မှာ တိုင်းပြည်ဆိုရှယ်လစ်ဝါဒ၏ မူလအဆင့် ဖြစ်သည်။ ထိုအဆင့်မှာ တရုတ်မာက်စ်ဝါဒီ အရ အရင်းရှင်နည်းစနစ်များကို တရုတ်စီးပွားရေးအတွက်မည်သို့ အသုံးပြုကြသည်ကို ရှင်းပြထားခြင်း ဖြစ်သည်။ မော်စီတုန်း၏ စီစဉ်ထားသော စီးပွားရေးစနစ်သည် အသုံးမဝင်တော့ဟု ယူဆသောကြောင့် လက်ရှိစနစ်ဖြစ်သော အရင်းရှင်စနစ်အပေါ် အခြေခံထားသော ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး ဖြင့်အစားထိုးခဲ့သည်။

သမိုင်း

[ပြင်ဆင်ရန်]

တည်ထောင်နှင့်အစောပိုင်းသမိုင်း (၁၉၂၁ - ၂၇)

[ပြင်ဆင်ရန်]

တရုတ်ကွန်မြူနစ်ပါတီ သည် မာက်စ်ဝါဒ နှင့် မင်းမဲ့ဝါဒ စသော အယူဝါဒများ တရုတ်ပညာတတ်များ အကြားတွင် ရေပန်းစားခဲ့သည့်ကာလ ဖြစ်သော ၁၉၁၉မေလ ၄ရက်နေ့ လှုပ်ရှားမှု အတွင်း ဇစ်မြစ် ခံသည်။ []လီဒါကျောင်းသည် လီနင် နှင့် ကမ္ဘာ့တော်လှန်ရေး ကို ဦးဆောင်ထောက်ခံခဲ့ သော ပထမဦးဆုံး တရုတ်ပညာတတ် ဖြစ်သည်။[] လီသည် ချန်ဒူရှစ်နှင့် မတူဘဲ တရုတ်သမ္မတနိုင်ငံ၏ အရေးကိစ္စများတွင် မပါဝင်ဆောင်ရွက်ခဲ့ပါ။[] သူတို့နှစ်ဦး စလုံးက ရုရှားနိုင်ငံ၏ အောက်တိုဘာ တော်လှန်ရေး ကို ကမ္ဘာ့နေရာတိုင်းတွင် ဖိနှိပ်ခံနေရသော နိုင်ငံများအတွက် ခေတ်သစ်တစ်ခု ၏ ရှေ့ပြေး အဖြစ် ယုံကြည် ခဲ့ကြသည်။ [] CPC သည် ဗလာဒီမာလီနင်၏ သီအိုရီ အပေါ် အခြေပြုခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 China Focus: CPC has nearly 89 mln members Xinhua News Agency Xinhuanet (30 June 2016)။ 30 June 2016 တွင် ပြန်စစ်ပြီး။
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named XinhuaCPChistory
  3. Van de Ven 1991, p. 26.
  4. 1 2 Van de Ven 1991, p. 27.
  5. Van de Ven 1991, pp. 34–38.