မာတိကာသို့ ခုန်သွားရန်

ထောင်လိုက်ခါ လှိုင်း

ဝီကီပီးဒီးယား မှ
ပုံပြောင်းနိုင်သော မျဉ်းနက်စလေးများ အစုအဝေးမှာ ကြားခံဒြက်သားသဖွယ် ဖြစ်၍ ၎င်းတခုချင်း အတိုးအလျော့တို့ ဖော်ဆောင်မှုကြောင့် လက်ဆင့်ကမ်းသွားသော လှိုင်းဂယက်ထမှုသည် ဤပုံတွင် ပြင်ညီပျံ့(plane) ထောင်လိုက်ခါ လှိုင်းမျိုး။ ပျံ့နှံ့မှုလားရာ (propagation direction) က ညာဘက်သို့ အလျားလိုက်၊ ကြားခံမျဉ်းနက်စ တပိုင်းချင်း၏ ပါဝင်လှုပ်ရှားလိုက်မှုတို့က အထက်-အောက် ဖြစ်၍ ၎င်းနှင့် ထောင်လိုက် ခါယမ်းသွားခြင်းမျိုး။
ကြားခံဒြပ်သား မလိုဘဲ စွမ်းအင်သီးသန့် (pure energy) ၏ ပျံ့နှံ့မှု ဖြစ်သော ထောင်လိုက်ခါ လျှပ်စစ်သံလိုက်လှိုင်း (လျှပ်စစ်သံလိုက်စက်ကွင်းတို့၏ ဂယက်ထမှု ပျံ့နှံ့ဆက်) သဘောသရုပ်ဖော်ပုံ။ အနီမြားတို့မှာ လျှပ်စစ်စက်ကွင်းတပိုင်းချင်းပြ ဗှတ္တာများ၊ အပြာမြားတို့မှာ သံလိုက်စက်ကွင်းတပိုင်းချင်းပြ ဗှတ္တာများ ဖြစ်ကာ၊ ၂မျိုး အပြန်အလှန် ထောင့်မှန်ကျလျက် ရှိ။ 'ဤပုံသာဓက၌မူ ယိမ်းလွှဲ(oscillation)လမ်းကြောင်း ငြိမ်စိမ်စွာသာ ရိုးရိုးစင်းစင်းပြထားခြင်း။


ရူပဗေဒရှိ ထောင်လိုက်ခါ လှိုင်းများ (အင်္ဂလိပ်: transverse waves) သည် လှိုင်းဖြစ်ပေါ်မှုကို ကိုယ်စီပါဝင်ဖော်ဆောင်သော (သာဓကအားဖြင့် - လျှပ်စစ်သံလိုက်လှိုင်းတွင်လျှင် လျှပ်စစ်နှင့် သံလိုက်စက်ကွင်း ပြင်းအားပြ ဗှတ္တာများ၊ တုန်ခါသော တူရိယာကြိုးတွင်လျှင် ကြိုးသားဒြပ်သားများ စသည့်) တိုင်းဖွယ် အခြင်းအရာတို့က လှိုင်းတခုလုံးပျံ့နှံ့မှု လားရာ (propagation direction) နှင့် ချိန်ကြည့်လျှင် ထောင်လိုက် တုန်ခါနေသမျှ လှိုင်း (သို့) အတိုးအလျော့ဂယက် ပျံ့နှံ့မှု အားလုံး ဖြစ်တော့၏။ ဤ ထောင်လိုက်ခါလှိုင်းများ မဟုတ်သော ရှေ့နောက်ခါ လှိုင်းများ (longitudingal waves) မှာမူ ၎င်းတိုင်းဖွယ်ခြင်းရာတို့၏ တိုးလျော့မှု၊ ရွေ့လျားမှု လမ်းကြောင်းက လှိုင်းတခုလုံး၏ လားရာနတလျှောက် အရှေ့-အနောက်ခါက ဂယက်လက်ဆင့်ကမ်းမှုကို ပါဝင်နေမည်။
လှိုင်းအားလုံးကမူ -

  • ကြားခံဒြပ်သား (transmission medium) တခုခုကို ဖြတ်သန်း၍ စွမ်းအင် သယ်ဆောင်လျှင် သယ်ဆောင်၊ သို့တည်းမဟုတ်
  • ကြားခံဒြပ်သား မလိုဘဲ ကိုယ်တိုင်က စွမ်းအင်အဖြစ် ပျံ့နှံ့လျှင်ပျံ့နှံ့၍၊

စွမ်အင်ရွေ့လျားကို ဖော်ဆောင်ကြသည်ချည်း ဖြစ်၏။[၁][၂] လျှပ်စစ်သံလိုက်လှိုင်းများမှာ စွမ်းအင်သီးသန့် (pure energy) ပျံ့နှံ့မှု ဖြစ်၍၊ ကြားခံဒြပ်သား မလိုအပ်သော ထောင်လိုက်ခါ လှိုင်းများ ဖြစ်ကြ၏။[၃]

ဆက်စပ် ကြည့်ရှုဖွယ်[ပြင်ဆင်ရန်]

အကိုးအကား[ပြင်ဆင်ရန်]

  1. Transverse Waves (in en-US)။ 2024-03-06 တွင် ပြန်စစ်ပြီး။
  2. Explainer: Understanding waves and wavelengths (in en-US) (2020-03-05)။ 2024-03-06 တွင် ပြန်စစ်ပြီး။
  3. Transverse Waves (in en)။ 2024-03-06 တွင် ပြန်စစ်ပြီး။