ထန်းစေ့မှုတ်လည်နက်

ဝီကီပီးဒီးယား မှ
Black-necked grebe
A bird, looking at the viewer, in water with a black cap, yellowish tufts of hair extending from the eye, an overall black body, and reddish flanks.
Subspecies nigricollis, adult breeding plumage
A bird in water, facing to the left. The bird has a brownish head, a whitish chin and upper throat, whitish flanks, and an overall brownish look.
Subspecies nigricollis, adult non-breeding plumage
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Podicipediformes
မျိုးရင်း: Podicipedidae
မျိုးစု: Podiceps
မျိုးစိတ်:
P. nigricollis
ဒွိနာမ
Podiceps nigricollis
Brehm, 1831
Range of P. nigricollis     Breeding      Resident      Passage      Non-breeding

ထန်းစေ့မှုတ်လည်နက် (Podiceps nigricollis) သည် ထန်းစေ့မှုတ်ငှက်မျိုးနွယ် ငှက်ဖြစ်ပြီး အင်းဆက်များကို အဓိက စားသုံးကြသည်။ ကန်ရေပြင်များတွင် အသိုက်ဆောက်လေ့ရှိပြီး သားပေါက်ရာသီတွင် ဥ ၁ လုံးမှ တခါတရံ ၃-၄ လုံးအထိ ဥလေ့ရှိသည်။ ရက်ပေါင်း ၂၁ ရက်ကြာသောအခါ သားပေါက်ကြပြီး ၁၀ ရက်ခန့်ကြာပါက မိခင်နှင့် သားပေါက်ကလေးများ ခွဲကြသည်။ သားပေါက်ကလေးသည် ရက်သတ္တပတ် ၃ ပတ်ခန့်ကြာသော် အတောင်စုံကြသည်။

ထန်းစေ့မှုတ်လည်နက်ငှက်များသည် ပျံသန်းခြင်းကို ပုံမှန်အားဖြင့် ရှောင်ရှားကြသော်လည်း ဆောင်းခိုကာလတွင် ၆,၀၀၀ ကီလိုမီတာ (၃,၇၀၀ မိုင်) အထိ ပျံသန်းသွားလာကြသည်။ လိုရာခရီးသို့ရောက်ပြီးပါက အစာရေစာ ဝလင်စွာ စားသောက်ရသောကြောင့် ၂ လခန့်အထိ မပျံသန်းတတ်ကြတော့ပေ။ ယင်းအချိန်တွင် ကိုယ်အလေးချိန် ၂ ဆခန့် ရောက်ရှိကြသည်။ ယင်းဆောင်းခိုကာလသည် အန္တရာယ်များပြီး တခါတရံ ထောင်ချီသော ထန်းစေ့မှုတ်လည်နက်ငှက်များ သေဆုံးကြရသည်။ နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ယင်းငှက်အား မျိုးသုဉ်းအန္တရာယ် အနည်းဆုံးစိုးရိမ်ရသောငှက်မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မတ်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂] ထန်းစေ့မှုတ်လည်နက်ငှက်များကို အာဖရိကတိုက်ယူရေးရှားနှင့် အမေရိကတိုက်များတွင် တွေ့ရှိရသည်။


ကိုးကား[ပြင်ဆင်ရန်]