တွံတေးစိုးအောင်

ဝီကီပီးဒီးယား မှ
တွံတေး
စိုးအောင်
မွေးဖွား(၁၉၆၂-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၂၁)မေ ၂၁၊ ၁၉၆၂
တွံတေးမြို့၊ ရန်ကင်းရွာ
ကွယ်လွန်၉ မတ်၊ ၂၀၂၃(2023-03-09) (အသက် ၆၀)
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်
သေဆုံးရခြင်း အကြောင်းရင်းဦးနှောက်သွေးကြောပြတ်
ထာဝရ နားခိုရာနေရာထိန်ပင်သုဿာန်သဂြိုလ်၊ တွံ့တေးမြို့နယ် အရှေ့အရိုးတောင်ရွာတွင် အုတ်ဂူသွင်း
နိုင်ငံလူမျိုးမြန်မာ
နိုင်ငံသားမြန်မာ
အလုပ်အကိုင်အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၇-၂၀၂၃
ထင်ရှားသည့်
လုပ်ဆောင်မှု
ကိုကိုလို့ခေါ်ပါ တေးစီးရီး
ဇာတိတွံတေးမြို့
အိမ်ထောင်ဖက်(များ)ဒေါ်ခင်မာချို
သားသမီးတွံတေးဟိန်းကျော်

တွံတေးစိုးအောင်(၁၉၆၂-၂၀၂၃)သည် မြန်မာလူမျိုး အဆိုတော် တစ်ဦး ဖြစ်သည်။ မင်ဒလင် တူရိယာတမျိုးတည်းဖြင့် ကျေးလက်နှင့် မြို့ပြအကြိုက် စတူဒီယိုခေတ်ပေါ် တေးသီချင်းပေါင်း ရာကျော်ကို သီဆိုရာမှ နိုင်ငံတဝန်း ထင်ရှားကျော်ကြားလာသဖြင့် နိုင်ငံကျော် တွံတေးစိုးအောင်ဟု အမည်ရလာသည်။ ပထမဆုံး တကိုယ်တော်စီးရီးမှာ “ကိုကိုလို့ခေါ်ပါ ”ဖြစ်သည်။ အခြားအောင်မြင်သည့် တေးသီချင်းများမှာ “အသည်းပန်း”၊ “ဦးနဲ့သမီး”၊“ ရွှေကြာလိုအချစ်”၊ “ချစ်လို့ကြွေတဲ့အသည်း” စသည့် တေးသီချင်းများမှာ လူကြိုက်များသည်။[၁]

ဘဝ[ပြင်ဆင်ရန်]

တွံတေးစိုးအောင်ကို တွံတေးမြို့၊ ရန်ကင်းရွာတွင် အဖ ဦးအုန်း၊အမိဒေါ်သန်းနု တို့မှ ၁၉၆၂ မေလ ၂၁ရက်နေ့တွင် မွေးဖွားခဲ့သည်။ မိဘများမှာ တောင်ယာလုပ်ကိုင်ကြသည်။ အသက် ၁၃နှစ်အရွယ်ကတည်းက မယ်ဒလင် စတီးတတ်သည်။ဂီတဆရာနှင့်မယ်ဒလင်ဆရာမှာ စန္ဒရားကိုသိန်းမင်း၏ ဖခင် တွံတေးဦးသောင်းရွှေ ဖြစ်သည်။ တွံတေးစိုးအောင်သည် ဂီတလော (ထိုင်ဝိုင်းလောက)သို့ ၁၉၈၇ ခုနှစ်တွင် စတင်ဝင်ရောက်ကာ ရန်ကုန်ဂီတလောက ထဲကိုမူ ၁၉၉၄-၉၅ တွင်မှ ခြေချခဲ့သည်။၁၉၉၁ ခုနှစ် ကစပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အစုံ ကျေးရွာအနှံ့ မယ်ဒလင်တစ်လက်ဖြင့် တကိုယ်တော် ဖြန့်ကျက်ရင်း ပရိသတ်နှင့် ထိတွေ့မှုများလည်း ပြုလုပ်ခဲ့သည်။[၂]

ဂီတလောက အောင်မြင်မှုအစ[ပြင်ဆင်ရန်]

တွံတေးစိုးအောင်သည် နယ်လှည့်သီဆို ဖျော်ဖြေရင်း တွံတေးမြို့ ရှိ အကိုင်းတေးသံသွင်းမှ ကိုမြင့်ဦး၏ ဆိုင်တွင် ကက်ဆက်တလုံးဖြင့် အပျော်တမ်းအသံသွင်းယူရာက ပရိသတ်လက်ခံလာရင်း ဂီတလောကထဲ အောင်မြင်မှုရရှိလာခဲ့သည်။ယင်းနောက် နိုင်ငံအနှံ ပရိသတ်များ၏ အားပေးမှုရလာသည်။

ထင်ရှားမှု[ပြင်ဆင်ရန်]

တေးစီးရီးတစ်ခွေကို မယ်ဒလင်တစ်လက်၊ရေသန့်တစ်ဗူးဖြင့် တစ်ထိုင်တည်းအပြီး အသံသွင်းနိုင်သူအဖြစ် ကျော်ကြားသည်။[၃]

ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

တွံ့တေးစိုးအောင်သည် ရုပ်ရှင်၊ဗီဒီယိုနှင့် ကာရာအိုကေ ဇာတ်လမ်းတွဲ အပါအဝင် ရာဇဝင်ကားအချို့တွင်လည်း သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သေးပြီး ရိုက်ကူးခဲ့သည့် ဇာတ်ကားပေါင်း ၁၆ကားရှိခဲ့သည်။ ကြောင်ကမ္ဘာရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်သည့် “ပုလင်းတူဗူးဆို့ ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်ဟိန်းနှင့် တွဲဖက်၍လည်း ရိုက်ကူးသည်။ ကျော်ဟိန်းနှင့် ရိုက်ကူးခဲ့သော ဇာတ်ကား ၂ကားရှိခဲ့သည်။ နောက်ပိုင်းတွင်မူ သရုပ်ဆောင်ပိုင်းထက် ဂီတပိုင်းကိုသာ ဇောက်ချလုပ်သွားသည်။[၄]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဇနီးဖြစ်သူဒေါ်ခင်မာချိုနှင့် လက်ထပ်ခဲ့ပြီး သားဖြစ်သူမှာ တွံတေးဟိန်းကျော် ဖြစ်သည်။

နိဂုံး[ပြင်ဆင်ရန်]

နိုင်ငံကျော် အဆိုကျော် တွံတေးစိုးအောင်သည် ၂၀၂၃ မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီ ၃ မိနစ်တွင်ကြည့်မြင်တိုင်မြို့နယ်၊ထီးတန်းစက်မြေရပ်ကွက်၊ပန်းလှိုင်လမ်းရှိ နေအိမ်တွင် ဦးနှောက်သွေးကြောပြတ်၍ ကွယ်လွန်ရာ အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။ မတ်လ၁၁ ရက် စနေနေ့တွင် ထိန်ပင်သုဿာန်၌ သင်္ဂြိုဟ်သည်။ မတ်လ ၁၂ရက်တွင် အမျိုးသမီး၏ ဇာတိဖြစ်သော တွံ့တေးမြို့နယ် အရှေ့အရိုးတောင်ရွာ တွင် အရိုးအုတ်ဂူ သွင်းသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. တွံတေးစိုးအောင် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်BBC Burmese (၉ မတ် ၂၀၂၃)။ ၁၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ၁၉၉၇ ခုနှစ်၊ ဇူလိုင်လထုတ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း အတွဲ (၁၃) ၊ အမှတ် (၇) တွင် ပါရှိသည့် တွံတေးစိုးအောင်ကို စူးစမ်းလေ့လာခြင်းYokeshin Taykabyar - ရုပ်ရှင်တေးကဗျာ (၉ မတ် ၂၀၂၃)။ ၁၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မယ်ဒလင်တလက် ရေသန့်တဘူးနဲ့ တထိုင်တည်းအပြတ် အသံသွင်းခဲ့တဲ့တွံတေးစိုးအောင်NewsWatch Myanmar (၁၁မတ်၂၀၂၃)။ ၁၄မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ခေါင်းဆောင် မင်းသား လုပ်ခဲ့ဖူးတယ် ဆိုတဲ့ တွံတေး စိုးအောင်Myanmar Celebrity (၃၀ ဇွန် ၂၀၂၀)။ ၁၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင်ကွယ်လွန် (in my)။ ၁၄ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။