တောင်ဦးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

ဝီကီပီးဒီးယား မှ
(တောင်ဦးရွာ၊ ကျောက်ပန်းတောင်း မှ ပြန်ညွှန်းထားသည်)
တောင်ဦး
ရွာ
တောင်ဦးရွာ
တောင်ဦး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တောင်ဦး
တောင်ဦး
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°49′02″N 95°28′50″E / 20.8171195983887°N 95.4804534912109°E / 20.8171195983887; 95.4804534912109ကိုဩဒိနိတ်: 20°49′02″N 95°28′50″E / 20.8171195983887°N 95.4804534912109°E / 20.8171195983887; 95.4804534912109
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်ညောင်ဦးခရိုင်
မြို့နယ်ကျောက်ပန်းတောင်းမြို့နယ်
ကျေးရွာအုပ်စုတောင်ဦး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တောင်ဦးရွာ (အင်္ဂလိပ်: Taungu)သည် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်တောင်ဦးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၁၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဦးကျေးရွာအုပ်စုတွင် ကျား ၁၇၉၉ ဦး၊ မ ၂၂၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၂ ဦးနေထိုင်သည်။ [၁] ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ တဖက်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း မိတ္ထီလာ မြို့နှစ်မြို့ အလယ်တွင် တည်ရှိသည်။

တောင်ဦးရွာ[ပြင်ဆင်ရန်]

တောင်ဦး(ဖောင်ဦး)ဟူသောအမည်မှာ ရှေးမြန်မာမင်းများ ဖောင်လုရင်း ဖောင်အရင်ရသဖြင့် အစွဲပြုခေါ်ဝေါ်သည်ဟု ဆိုသည်။ တောင်ဦးရွာ၏ အရှေ့ဘက်ရှိ ရွာထိပ်တွင် ဘကြီးဖဲကန် တည်ရှိသည်။ တောင်ဦးရွာ တွင် ငါးရက်တစ်ဈေး စံပြဈေး ရှိသည်။ တောင်ဦးရွာ၏ မြောက်အရပ်တွင် အဘ အောင်မင်းခေါင်၏ မွေးရာဇာတိ ဆင်မြင့်ရွာ တည်ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

​တောင်ဦးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ရှိသည်။

လူမှုရေး[ပြင်ဆင်ရန်]

မုဒိတာ ပရဟိတ အသင်း ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

ဈေးကို အမှီပြုပြီး ကုန်သွယ်၊ အရောင်းအဝယ် လုပ်ကိုင်ကျသည်။ရွာ၏ အဓိက ထွက်ကုန်များမှာ နှမ်း၊ပဲအမျိုးမျိုး၊ဆန်စပါး၊ထန်းလျက်၊မကျီးဖြစ်သည်။

ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကျောက်ပန်းတောင်း မိတ္ထီလာ လမ်းမကြီး ဘေးတွင် တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊ညောင်ဦး၊တောင်ကြီးနှင့် လွိုင်ကော်မြို့များသို့ ကားများရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။