တောငန်းရိုင်း

ဝီကီပီးဒီးယား မှ
တောငန်းရိုင်း
Greylag goose
Greylag Goose - St James's Park, London - Nov 2006.jpg
In St James's Park, London, England
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးဇာတ်: Anserini
မျိုးစု: Anser
မျိုးစိတ်:
A. anser
ဒွိနာမ
Anser anser
Subspecies
  • A. a. anser (Linnaeus, 1758)
    Western greylag goose
  • A. a. rubrirostris R. Swinhoe, 1871
    Eastern greylag goose
  • A. a. domesticus (Kerr, 1792)
    Domestic goose
Anser anser distribution map.png
Green: breeding, orange: non-breeding, red: introduced
Synonyms
  • Anas anser Linnaeus, 1758
  • Anser cinereus Meyer

တောငန်းရိုင်းသည် တောငန်းတစ်မျိုး ဖြစ်သည်။ ယင်းငှက်ကို ငန်းမွဲ၊ ခြေမွဲငန်း စသဖြင့်လည်း ခေါ်ဝေါ်ကြသည်။ သိပ္ပံအမည်မှာ အန်ဆာ အန်ဆာ ဖြစ်သည်။ တောငန်းရိုင်းတွင် အစက်အပြောက်များနှင့် မီးခိုးရောင်နှင့် အဖြူရောင်အစင်း ကျားများပါသော အမွေးအတောင်များ ရှိသည်။ နှုတ်သီးမှာ လိမ္မော်ရောင်ဖြစ်ပြီး ခြေထောက်များမှာ ပန်းရောင် ဖြစ်သည်။ ပျံ့နှံ့ကျက်စားသောဒေသများသည် ကျယ်ပြန့်သည်။ အာရှတိုက်နှင့် ဥရောပတိုက်တို့ရှိ မြောက်ဘက်ကျသော အရပ်များတွင် ကျက်စားသောတောငန်းရိုင်းများသည် ဆောင်းရာသီတွင် တောင်ဘက်ရှိ နွေးထွေးသောအရပ်ဒေသများသို့ ပြောင်းရွှေ့ကျက်စားသည်။ အိမ်မွေးငန်း၏ ဘိုးဘေး ဖြစ်သည်။ ဘီစီ ၁၃၆၀ ခုနှစ်ကတည်းက လူသားတို့က ယဉ်ပါးအောင် မွေးမြူခြင်းခံခဲ့ရသည်။ အန်ဆာ ဟူသော သိပ္ပံအမည်သည် လက်တင်ဘာသာဖြင့် ငန်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကိုယ်အရွယ်အစားသည် ၇၁ နှင့် ၉၁ စင်တီမီတာအကြား (၂၉ နှင့် ၃၆ လက်မ) ရှိသည်။ ပျမ်းမျှ ကိုယ်အလေးချိန်မှာ ၃.၃ ကီလိုဂရမ် (၇.၃ ပေါင်) ဖြစ်သည်။[၂]

ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International. (2016). Anser anser. The IUCN Red List of Threatened Species doi:10.2305/IUCN.UK.2016-3.RLTS.T22679889A85975013.en
  2. Jobling, James A (2010). The Helm Dictionary of Scientific Bird Names. London: Christopher Helm. p. 48. ISBN 978-1-4081-2501-4.