တောငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တောငန်းသည် ‘အန်စာရီ‌ဖောမီး’မျိုးစဉ်တွင်၎င်း၊ ‘အနာ တီဒီ’မျိုးရင်းတွင်၎င်း၊ ‘အန်စာရိုင်နီ’မျိုးရင်းခွဲ၌၎င်း ပါဝင်၍ ယင်းကို ‘အန်စာအင်ဒီကပ်’ဟု ပါဏ‌ဗေဒအလိုအားဖြင့်‌ခေါ် သည်။

‌တောငန်းသည် အရွယ်အားဖြင့် အိမ်‌မွေးငန်းမျှရှိ၍ အလျား လက်မ ၃၀ ခန့်ရှိသည်။ အညိုနှင့် အဖြူ‌ရောင်သန်း‌သော မွဲပြာ ‌ရောင်ကိုယ်ရှိသည်။ ဦး‌ခေါင်းနှင့် လည်‌ချောင်း‌ဘေးဘက်များ တွင် အဖြူ‌ရောင်ရှိသည်။ လည်ကုပ်တွင် ကျယ်ပြန့်‌သော အနက်စင်းနှစ်‌ကြောင်းကို ထင်ရှားစွာ မြင်နိုင်သည်။ အဖိုနှင့် အမ တို့၏အ‌ရောင်သည် အတူတူပင်ဖြစ်၏။ ‌တောငန်းငယ် တို့၏ ဦး‌ခေါင်းအ‌ရောင်သည် အညိုရင့်‌ရောင်ဖြစ်သည်။ အနက် စင်းများကား မရှိ‌ချေ။

မြန်မာနိုင်ငံတွင် ‌တောငန်းများကို ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရှိ ‌သောင်ပြင်များတွင် အများအားဖြင့် ‌တွေ့ ရသည်။ ‌တောငန်းသည် တစ်‌နေရာတည်းတွင် အတည်တကျ မ‌နေဘဲ ရာသီအလိုက် ‌ဒေသ‌ပြောင်း‌ရွှေ့၍ ကျက်စားသည်။ ‌တောငန်း သည် အအုပ်အသင်းနှင့်‌နေတတ်၏။ ‌တောငန်းအုပ် တစ်အုပ်လျှင် အများအားဖြင့် ၆ ‌ကောင်မှ အ‌ကောင် ၂၀ ထိပါဝင်သည်။ သို့‌သော် တစ်ခါတစ်ရံ ‌ကောင်‌ရေ ၁၀၀ မှ ၂၀၀ ထိပါဝင်သည့် ငှက်အုပ်ကြီးများကိုလည်း ‌တွေ့နိုင်သည်။

မြစ်နှင့် ‌ဝေးကွာ‌သော အင်းအိုင်များတွင် ‌တောငန်းကို မ‌တွေ့ရ တတ်‌ချေ။ ညဘက်တွင် မြစ်‌ချောင်းကမ်းပါးအနီးရှိ လယ်ကွက် နှင့် ပဲခင်းများတွင် အစာရှာ‌ဖွေ စား‌သောက်‌လေ့ရှိသည်။ ‌နေ့ အချိန်တွင် ‌သောင်ပြင် သို့မဟုတ် အိုင်ကမ်းပါးတွင် ကြက်အိပ် ကြက်နိုးနှင့် ငိုက်မျဉ်း‌နေခြင်းဖြင့်၎င်း၊ ‌ရေအယဉ်တွင် ‌မျော‌နေ ခြင်းဖြင့်၎င်း အချိန်ကို ကုန်လွန်‌စေပြီးလျှင် ည‌နေ‌စောင်း အချိန်၌ အစာရှာထွက်တတ်သည်။ တစ်ညလုံးအစာရှာစားပြီး ‌နောက်၊ အရုဏ်တက်ချိန်တွင် ‌နေရာအရပ်သို့ ပျံသွား‌လေ့ရှိကြ သည်။ အစာစား‌နေချိန် သို့မဟုတ် နား‌နေချိန်တွင် တစ်စု တ‌ပေါင်းတည်း ကျယ်‌လောင်စွာ ‌အော်တတ်ကြသည်။ ခရီးရှည် ပျံသန်းရာတွင် ‌တောငန်းတို့သည် မြားဦးပုံ သို့မဟုတ် ခုန်ညင်း တန်းပုံဖွဲ့ကာ ‌တောင်ပံကို မှန်⁠မှန်ရိုက်ခတ်၍ ပျံသန်းတတ်ကြ သည်။ ‌တောငန်းများသည် အလွန်ပါးနပ် သတိရှိ၍ လူအနား ကပ်မခံကြ‌ချေ။ ‌တောငန်းများသည် မြန်မာနိုင်ငံသို့ ‌အောက်တို ဘာလတွင် ‌ရောက်လာ၍၊ မတ်လတွင် ထွက်ခွာသွား‌သော ဧည့်သည်ငှက်ဖြစ်သည်။ သား‌ပေါက်ရာ အနီးဆုံး‌ဒေသမှာ တိဗက်ဖြစ်သည်။ အသိုက်များကို ‌ရေညှိ၊ မြက်ပင်ဖြင့် ‌ပေါင်း ပင်တို့၏အကြားတွင် ပြုလုပ်‌လေ့ရှိသည်။ အသိုက်များတွင် ငှက်‌တောင်၊ ငှက်‌မွေးနု စသည်တို့ကို ထူထပ် သိပ်သည်းစွာ ခံထားတတ်ကြသည်။ တမြုံလျှင် ဆင်စွယ်ကဲ့သို့ ဖြူဆွတ်‌သော ဥ ၃လုံး သို့မဟုတ် ၄လုံးရှိသည်။

‌တောငန်းကို အာရှတိုက်အလယ်ပိုင်း၊ တရုတ်နိုင်ငံအ‌နောက် ပိုင်း၊ တိဗက်နိုင်ငံ၊ အာသံ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင်‌တွေ့ ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်တစ်‌လျှောက် ပြည်မြို့တိုင်‌အောင် ‌တွေ့ရသည်။ မြန်မာနိုင်ငံ အ‌ရှေ့‌မြောက်ပိုင်း‌ဒေသ၊ သံလွင်မြစ်ကမ်းရှိ ဖားအံမြို့နှင့် ‌မော်လ မြိုင်မြို့ အနီးတွင်လည်း အနည်းငယ်‌တွေ့ရသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)