တုယင်
ပုံပန်းသွင်ပြင်
ဒုယင် သို့မဟုတ် တုယင် သည် အထက်တန်းကျသည့် မြန်မာတို့၏ ရှေးခေတ်အင်္ကျီတစ်မျိုး ဖြစ်သည်။ မင်းနှင့်စပ်ဆိုင်သည့် နေရာများတွင် သုံးစွဲလေ့ ရှိသည်။ “အထက်တန်းကျလျှင် ဒုယင်၊ အောက်တန်းကျလျှင် ဖျင်” ဟူသည့် ရှေးဆိုရိုးစကားလည်း ရှိသည်။ [၁]
သမိုင်းအထောက်အထား
[ပြင်ဆင်ရန်]အထောက်အထားအနေနှင့် အနော်ရထာမင်း၏ ကောင်းမှုဖြစ်သည့် ပုဂံလက်သည်းရှည်ကျောက်စာတွင် “တုယင်လည်း တစ်ထည်လွှမ်းတော်မူ၏” ဟု ရေးထားသည်ကို တွေ့နိုင်သည်။ ထို့အပြင် အာနန္ဒာလိုဏ်အတွင်းရှိ ကျန်စစ်သားမင်း၏ ပုံတွင်လည်း ဒုယင်ဝတ်လုံကို ဝတ်ဆင်ထားသည်ကို တွေ့မြင်နိုင်ပေသည်။ [၁]