တရုတ်၏နောက်ဆုံးသတိပေးချက်

ဝီကီပီးဒီးယား မှ
စကားပုံ၏အရင်းအမြစ်ဖြစ်သော ထိုင်ဝမ်ရေလက်ကြားသို့ ကင်မန်းမှမြင်ကွင်း

တရုတ်နိုင်ငံ၏နောက်ဆုံးသတိပေးချက် (အင်္ဂလိပ်: China's final warningရုရှား: последнее китайское предупреждение) သည် ဆိုဗီယက်ခေတ်က ပေါ်ပေါက်လာသော ရုရှား စကားပုံဖြစ်သည်။ လက်တွေ့အကျိုးဆက်များမရှိသော သတိပေးချက်မျိုးကို ရည်ညွှန်းရာတွင်သုံးစွဲကြသည်။[၁]

ပေါ်ပေါက်ပုံ[ပြင်ဆင်ရန်]

ထိုင်ဝမ်ရေလက်ကြားပြဿနာများကြောင့် ၁၉၅၀ နှင့် ၁၉၆၀ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ–အမေရိကန် ဆက်ဆံရေးမှာ တင်းမာလျက်ရှိခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်ဂျက်တိုက်လေယာဉ်များက ပုံမှန်ကင်းလှည့်လေ့ရှိပြီး ယင်းရေလက်ကြားတွင် ယင်းတိုက်လေယာဉ်များ၏ စစ်ရေးလေ့ကျင့်မှုအတွက် "နောက်ဆုံးသတိပေးချက်" အသွင်ဖြင့် တရုတ်ကွန်မြူနစ်ပါတီမှ အမေရိကန်၏လုပ်ဆောင်ချက်များကို သပိတ်မှောက်ခဲ့သည်။ သို့ရာတွင် ထို"နောက်ဆုံးသတိပေးချက်" ကိုလျစ်လျူရှုခြင်းကြောင့် မည်သည့်အကျိုးဆက်များမရှိခဲ့ပေ။ ဒုတိယ ထိုင်ဝမ်ရေလက်ကြားအရေးအခင်းအတွင်း ၁၉၅၈ စက်တင်ဘာ ၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အမေရိကန်နိုင်ငံသို့ ၎င်းတို့၏စစ်လေယာဉ်ပျံသန်းမှုများအတွက် ပထမဆုံးသော "နောက်ဆုံးသတိပေးချက်"ကို ထုတ်ပြန်ခဲ့သည်။ ထိုအချိန်က အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ကျွန်းရှိ တရုတ်သမ္မတနိုင်ငံကိုသာ "တရုတ်နိုင်ငံ"အဖြစ် အသိအမှတ်ပြုခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်းချုပ်ထားသည့်ရေပြင်တွင် ကင်းထောက်ပျံသန်းမှုများပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အဆိုပါဖြစ်ရပ်များကို မှတ်တမ်းတင်ပြီး ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တိုင်းအတွက် သံတမန်လမ်းကြောင်းများမှတစ်ဆင့် "နောက်ဆုံးသတိပေးချက်များ" ထုတ်ပြန်ခဲ့လေရာ ၁၉၆၄ ခုနှစ်အပြီးတွင် ထို"နောက်ဆုံးသတိပေးချက်"ပေါင်း ၉၀၀ ကျော်ရှိခဲ့သည်။[၂]

ဆက်စပ်ဖတ်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Когда было последнее китайское предупреждение?။ ВокругСвета.ру။
  2. Малая воздушная война в Китае (in ru)။ 2 August 2022 တွင် ပြန်စစ်ပြီး။