တရားစီရင်ရေး

ဝီကီပီးဒီးယား မှ

တရားစီရင်ရေး အာဏာသည် နိုင်ငံတော် အာဏာတစ်ရပ် ဖြစ်သည်။ မည်သည့် ခေတ်အခါ၌မဆို ထိုခေတ် ထိုအခါတွင် တည်ဆောက်လျက် ရှိသော၊ သို့မဟုတ် အခိုင်အမာ တည် ဆောက်ပြီးဖြစ်သော စနစ်ကို တရားဥပဒေက ကာကွယ်စောင့် ရှောက်ပေးသည်။

ဆိုရှယ်လစ် လူ့ဘောင်သစ်ကို တည်ဆောက်သည်နှင့် ဥပေဒသည်လည်း ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ် ကျေးမှု အစရှိသည်ကို ကာကွယ်စောင့်ရှောက်ပေးသည်။ အခြေ ခံအဆောက်အအုံကို ခိုင်အောင်ပြုလုပ်ပေသည်။ ပြည်သူတို့၏ ရပိုင်ခွင့်နှင့် လွတ်လပ်မှုကို ကာကွယ်ပေးသည်။ လူ့ဘောင်သစ် မှ ပြည်သူအချင်းချင်း၏ ဆက်ဆံရေးကို တရားမျှတစွာ စွမ်း ဆောင်ပေးသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်က လူမှုရပိုင်ခွင့် များအတွက် အခြေအနေများကို တီထွင်ပေးပြီးလျှင် ဥပဒေသစ် များက ဥပဒေအရ ယင်းတို့ကို ခိုင်မြဲအောင် ပြုလုပ်ပေးရပေ သည်။ လုပ်သားပြည်သူ့အာဏာကို ကိုယ်စားပြုသော နိုင်ငံ တစ်နိုင်ငံကို အခြေခံအားဖြင့် သစ်လွင်သော ဥပဒေများမရေးဆွဲ မပြဠာန်းဘဲ တည်ဆောက်၍ ရနိုင်မည် မဟုတ်ပေ။ ထိုကြောင့်လည်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ ပျက်စီးယိုယွင်းနေ သောအခြေအနေကို ထိန်းသိမ်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ခဲ့ရာတွင် တရားစီရင်ရေး စနစ်ကိုလည်း လုပ်သားပြည်သူတို့ အကျိုးကို ကာကွယ်စောင့် ရှောက်သော တရားစီရင်ရေးစနစ်ဖြစ်အောင် ကြိုးစားဆောင်ရွက် လျက်ရှိသည်။ ခေတ်နှင့်မလျော်ကန်တော့သော တရားဥပဒေ များကို တည်ဆောင်လျက်ရှိသော စနစ်နှင့် လျော်ကန်ကိုက်ညီ အောင် ပြင်ဆင်ကျင့်သုံးလျက် ရှိသည်။ တရားစီရင်ရေးတွင် အမှန်ဆုံးနှင့် အမြန်ဆုံးဖြစ်ရေးကို မူတစ်ရပ်အနေနှင့် ချမှတ် ကျင့်သုံးလျက် ရှိသည်။

အတတ်နိုင်ဆုံး၊ အမှန်ဆုံးတရားစီရင်ရေး ဖြစ်မြောက်စေ ရန် အမှုကို တစ်ဦးတည်းသာ စဉ်းစား ဆုံးဖြတ်ခြင်းမပြုဘဲ ခုံရုံးအဖွဲ့ဝင်များက စုပေါင်းစဉ်းစားဆုံးဖြတ်ခြင်း (ဝါ) ပြည် သူများပါဝင်၍ ညှိနှိုင်းစဉ်းစား ဆုံးဖြတ်ခြင်းတို့ကို ကျင့်သုံး ခဲ့လေသည်။ ယင်းသို့ဖြင့် မြေယာကော်မတီများ၊ အလုပ်သမား ဆပ်ကော်မတီ၊ အထူးရာဇဝတ်တရားရုံးများ ဖွဲ့စည်း၍ တောင် သူလယ်သမားများ၏ မှုခင်းများ၊ အလုပ်သမား အလုပ်ရှင် ပဋိကက္ခမှုခင်းများ၊ ရာဇဝတ်ပြစ်မှုများကို စစ်ဆေးစီရင်လေ သည်။

ပြည်သူ့ ကိုယ်စားလှယ်များအား ပြည်သူတို့၏ တရား စီရင်ပိုင်ခွင့်အာဏာကို အပ်နှင်းသည့်အနေဖြင့် တရားစီရင်ရေး အဖွဲ့များတွင် ဖြစ်နိုင်သည့်အခြေအနေများ၌ လုပ်သားပြည်သူ ကိုယ်စားလှယ်များသာ ပါဝင်ညှိနှိုင်းဆုံးဖြတ်စေခဲ့သည်မှာ တော်လှန်ရေးအစိုးရ တရားစီရငသ်ရေး၏ ထူးခြားချက်တစ်ရပ် ဖြစ်သည်။ ယင်းမှာ ဆိုရှယ်လစ် ဒီမိုကရေစီအသွင်လက္ခဏာ ဆောင်သော တရားစီရင်ရေးဖြစ်ပေသည်။ တရားဥပဒေ ပညာ ရပ်နှင့် ပြည်သူတို့၏ အတွေ့အကြုံပညာဗဟုသုတကို ပေါင်းစပ် သော တရားစီရင်ရေးဖြစ်ပေသည်။

နိုင်ငံတော် တရားရုံးချုပ်မှလည်း မူသစ်စနစ်သစ်နှင့် ကိုက်ညီစေရန် အတွက် တရားရုံးများသို့ ညွှန်ကြားလွှာများ ထုတ်ပေးခြင်းဖြင့်၎င်း စီရင်ထုံးများ ချမှတ်၍၎င်း ပြည်သူတို့ ယုံကြည်ကိုးစားနိုင်သော တရားစီရင်ရေး ဖြစ်ထွန်းရေး၊ တရား စီရင်ရေးအာဏာမှာ အများအကျိုးနှင့် အမှန်ဖြစ်ရန် ပြည်သူ တို့က ယုံကြည်အပ်နှံထားသော အာဏာဖြစ်သည်ဟု မပြတ် သတိချပ်ရေး၊ တရားစီရင်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းညှိနှိုင်းပြီးလျှင် ကိုယ့်တာဝန်ကို ကိုယ်ယူ၍ ဆောင် ရွက်ရမည့်အခန်း၌ တာဝန်သိသိ တာဝန်ကြေကြေ ထမ်းဆောင် ရေးအတွက် အခါမလပ် ဆော်ဩနှိုးဆောင်ပေးလျက် ရှိသည်။

တရားစီရင်ရာတွင် အမြန်ဆုံး တရားစီရင်ရေးသည် အမှတ် ဆုံးတရားစီရင်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်သည်။ ထိုကြောင့် တော်လှန်ရေးအစိုးရ တရားရေးဌာနနှင့် နိုင်ငံတော် တရားရုံး ချုပ်တို့က အမှုများကို အမြန်ဆုံးစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ နည်းလမ်းများကိုလည်း ရှာဖွေခဲ့သည်။ စီရင်ထုံးများ ပြုရာတွင် ဖော်ပြခဲ့သည်။ တော်လှန်ရေးအစိုးရက ပြဠာန်းခဲ့သော တရား စီရင်ရုံးမျးတွင် အမှုများကို အမြန်ဆုံးစစ်ဆေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိပြီးလျှင် ချွတ် ယွင်းချက်များကိုလည် အတတ်နိုင်ဆုံကြိုးစားပြင်ဆင်လျက်ရှိ သည်။ ဗဟို၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အထူး ရာဇဝတ်ရုံးများကို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ဖွဲ့စည်းနိုင်ရန် စီစဉ်ပေးလျက်ရှိခြင်း၊ အထူးရာဇဝတ်ရုံး ဖွဲ့စည်းပုံတွင် အဖွဲ့ဝင် များ၏ အနေအထားတည်ငြိမ်မှု ရရှိနိုင်သမျှ ရရှိရန် ကြိုးပမ်း ခြင်း၊ အတည်ပြုအဖွဲတွင် အချိန်ကြာမြင့်ခဲ့ရသော် အမှုများကို လျက်မြန်စွာ စဉ်းစားဆုံးဖြတ်ရန်အတွက် အဖွဲ့ဝင်များကို တိုး၍ ခန့်အပ်ခြင်း၊ အတည်ပြုအဖွဲ့ဝင်များ အချိန်မှန် စည်းဝေး ဆုံး ဖြတ်ခြင်း၊ အယူခံအဖွဲ့ဝင်များ ထပ်မံတိုး၍ ခန့်အပ်ခြင်း အစရှိ သည်ဖြင့် အမှုများကို အတတ်နိုင်ဆုံး လျင်မြန်စွာစစ်ဆေးနိုင် ရန် ဆောင်ရွက်လျက်ရှိသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)