တင်ဝင်း၊ မ (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
(တင်ဝင်း၊ မ၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)
အလင်္ကာကျော်စွာ
ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
မွေးဖွားတင်ဝင်း
၁၉၄၀ (အသက် ၈၃–၈၄)
ဆင်ဖြူကျွန်းမြို့မင်းဘူးခရိုင်မကွေးတိုင်း
အလုပ်အကိုင်ပါမောက္ခ
နိုင်ငံလူမျိုး မြန်မာ
လူမျိုးဗမာ
ပညာရေးပါရဂူ (စာပြနည်းပညာ)
ရရှိသည့်ဆုများ အမျိုးသားစာပေတစ်သက်တာစာပေဆု
မိဘဦးဘဌေး + ဒေါ်ရင်ရင်

ကိုယ်ရေးရာဇဝင်အကျဉ်း[ပြင်ဆင်ရန်]

၁၉၄၀-ခုနှစ်တွင် မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့၌ အဖ-ဦးဘဌေး၊ အမိ-ဒေါ်ရင်ရင်တို့က မွေးဖွားသည်။ အမည်ရင်း ဒေါ်တင်ဝင်းဖြစ်သည်။
၁၉၅၆ - ရေနံချောင်းမြို့ အ့ထ့က(၁)မှ တက္ကသိုလ်ဝင်တန်းအောင်။
၁၉၅၈ - မကွေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သည်။
၁၉၆၁ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိ။ ဆိုဗီယက်ပြည်ထောင်စုသို့ ပညာသင်သွားရောက်ခဲ့။
၁၉၆၃ - ရန်ကုန်တက္ကသိုလ်၊ ပညာရေးမဟာဌာနမှ ပညာရေး ဝိဇ္ဇာဘွဲ့ရရှိသည်။ ရေနံချောင်းမြို့၊ အ့ထ့က(၁)တွင် အထက်တန်းပြ ဆရာမအဖြစ်တာဝန်ထမ်းဆောင်။
၁၉၆၈ - ပညာတန်ဆောင် မဂ္ဂဇင်းတွင် ပညာရေးဆိုင်ရာ ဆောင်းပါးများ စတင်ရေးသား။
၁၉၇၀ - ပြည့်တွင်စာပြနည်းပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့။ ပညာရေးတက္ကသိုလ် သင်ပြနည်းပညာ ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိ။ လက်ရှိရာထူးမှာ ပါမောက္ခဖြစ်သည်။
၁၉၉၄ - မြည်းတစ်ကောင်နှင့်မတင်ဝင်း စာအုပ်ထွက်။
၁၉၉၅ - ရာဇဝင်ထဲမှ မိန်းမသား စာအုပ်ထွက်။ သမီးကိုပြောဖြစ်သောပုံပြင်များ စာအုပ်ထွက်။
၁၉၉၆ - လွတ်လပ်ပေါ့ပါးသော စိတ်ထားရှိပါစေ စာအုပ်ထွက်။
၁၉၉၇ - နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ စာအုပ်ထွက်။
၁၉၉၈ - ငယ်ငယ်ကကြားဖူးခဲ့သော မိန်းမများအကြောင်း။ သားနှင့်မိဘ စသောစာအုပ်များထွက်။
၁၉၉၉ - စစ်သူကြီးများနှင့် စစ်ဘုရင်များ၊ ဇာတိနှင့်အစဉ်အလာ၊ ဒါလေးကိုဖတ်ကြည့်ပါဦး၊ ဘုံအနှမ်းမှ လူဆန်းများ၊ မေမေပြောတဲ့ ရှေးရှေးစကား၊ မှတ်သားမိသောစကားများ၊ ဝဋ်ဆိုတာလည်တတ်တဲ့သဘောရှိတယ်၊ မင်းကျန်စစ်ကိုချစ်တဲ့သူများ စသော စာအုပ်များထွက်။
၂၀ဝ၀ - ကြီးပွားထူးချွန်သူနှင့်အလုပ်၊ ကြယ်စင်ပွင့်လင်းသောစိတ်ထားဖြင့်၊ စကားနှင်းပွင့်များ၊ ပညာလိုလျှင် ပျိုမျစ်တယ်၊ မပျက်စီးအောင် ဒါတွေရှောင်၊ လူငယ်များနှင့်စကားပြောခြင်း၊ လောကကိုဆရာတင်၍၊ အတွေး ပါသောဇာတ်ကြောင်းများ၊ အတွေးမိုးစက်များ၊ အလှရတနာသိုက်ဖွင့်လိုက်စမ်းပါ၊ အောင်မြင်ခြင်း-ပျော်ရွှင်ခြင်း နှင့် မိသားစု၊သမိုင်းစဉ်တွင်နေရာယူခြင်း စသောစာအုပ်များထွက်။
၂၀ဝ၁ - ကိုယ်ပဲလူကြီး-ကိုယ်ပဲခလေး၊ ကြည်ညိုဖွယ်ရာမာတာများ၊ ထက်မြက်ထူးချွန်သူတို့၏နုတ်ထွက် စကားများ၊ပုလဲတစ်လုံးရွဲတစ်လုံး၊ ပံ့သကူအတွေးများ၊ ရေကြည်ချမ်းမြ၊ လက်ဆင့်ကမ်းရတနာ၊ သမီးအလိမ္မာ မရုစာ၊ အောင်စိတ်နှင့်လူ စသောစာအုပ်များထွက်။ ကုန်းဘောင်ကိုဆန်၍စာအုပ်ထွက်(အမျိုးသားစာပေဆုနိုင်ငံ ရေး-စာပေဆုရ)။ ထင်ရှားသောကမ္ဘာ့သုခမိန်များ စာအုပ်ထွက်။
၂၀ဝ၂ - ပုံပြင်ကြိုက်သူ ဝင်စားသူ၊ ပြောစရာမကျန်အောင် အမှန်တွေကို အကုန်ပြောပြမယ်၊ သားလိမ္မာလှ သုဝဏ္ဏ၊ အမေ့ရဲ့ စကားပုံရိပ်များ၊ အလုပ်ဆိုတာ အင်အားပါ၊ အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စသော စာအုပ် များထွက်။
၂၀ဝ၃ - အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ(အမျိုးသားစာပေ နိုင်ငံရေး-ဆုရ)။ စာပေများ ဆက်လက်ရေးသားပြုစုလျက်ရှိ။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. ရာဇဝင်ထဲက မိန်းမသား
  2. စစ်သူကြီးများနှင့်စစ်ဘုရင်များ
  3. ဇာတိနှင့်အစဉ်အလာ
  4. ထင်ရှားသောကမ္ဘာ့သုခမိန်များ
  5. နိုင်ငံတကာ စစ်မီးလျှံများ၏ သမိုင်းအစ
  6. ညောင်ရမ်းမင်းဆက်(၁၁)ဆက်
  7. ကုန်းဘောင်ကိုဆန်၍
  8. မင်းကျန်စစ်ကိုချစ်တဲ့သူများ
  9. သမိုင်းစဉ်တွင်နေရာယူခြင်း
  10. အာရှနိုင်ငံများကိုဖဲ့ယူ သိမ်းယူခဲ့ကြသော နယ်ချဲ့များ

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၂၀၀၁ ခုနှစ်တွင် ကုန်းဘောင်ကိုဆန်၍ စာအုပ်ဖြင့် အမျိုးသားစာပေဆု(နိုင်ငံရေး) ကို စတင်ရရှိခဲ့သည်။ ထို့ပြင် အမျိုးသားစာပေဆုကို ၂၀၀၃ ခုနှစ်တွင် အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသော နယ်ချဲ့များ စာအုပ်ဖြစ် နိုင်ငံရေးစာပေဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် မင်းယောက်ျားတို့၏ စကားရာဇဝင် စာအုပ်ဖြင် စာပဒေသာဆုကိုလည်းကောင်း ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ (၁၈.၁၁.၂၀၂၂)