မာတိကာသို့ ခုန်သွားရန်

ဇော်ဝင်းထွဋ်

ဝီကီပီးဒီးယား မှ
ဇော်ဝင်းထွဋ်
အမည်ရင်းဇော်ဝင်းထွဋ်
အခြားအမည်များညီထွဋ်
မွေးဖွား (1964-01-21) ၂၁ ဇန်နဝါရီ၊ ၁၉၆၄ (အသက် ၆၂)
ရန်ကုန်မြို့
ဂီတဟန်ရော့ခ်ဂီတ
အလုပ်အကိုင်အဆိုတော်၊ ပရိုဂျူဆာ
တူရိယာVocals
တက်ကြွသည့်နှစ်များ၁၉၈၀–လက်ရှိ
တေးသံသွင်း ကုမ္ပဏီEMG, Master Recording

ဇော်ဝင်းထွဋ် (၂၁ ဇန်နဝါရီ ၁၉၆၄ မွေးဖွား) သည် မြန်မာနိုင်ငံသား ရော့ခ်အဆိုတော်တစ်ဦးဖြစ်သည်။ ဇော်ဝင်းထွဋ်သည် အင်ပါယာ တေးဂီတဝိုင်း၏ တည်ထောင်သူတစ်ဦးဖြစ်သည်။

အစောပိုင်းဘဝ

[ပြင်ဆင်ရန်]

ဇော်ဝင်းထွဋ်သည် ဂီတအနုပညာမျိူးရိုးရှိပြီး ဖခင်ဖြစ်သူ ဦးကြည်ခင်သည် ဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူဒေါ်တင်အေး (ခေါ်) အဆိုတော် ထား အမည်ဖြင့် ကျော်ကြားသော မြန်မာ့ဂန္ထဝင်အဆိုတော်ဖြစ်သည်။ သူ့မိခင်အဖိုးဖြစ်သူ ရွှေတိုင်ညွန့်သည် ဂန္ထဝင်မြန်မာ့ဂီတ တေးရေးဆရာတစ်ဦးဖြစ်သည်။[] ဇော်ဝင်းထွဋ် ၏တခြားအမည်မှာ ညီထွဋ်ဖြစ်သည်။ ဇော်ဝင်းထွဋ်သည် ရန်ကုန်တက္ကသိုလ်မှ သတ္တဗေဒ ဘာသာရပ်ဖြင့်ဘွဲ့ရရှိထားသည်။[]

အနုပညာလုပ်ငန်း

[ပြင်ဆင်ရန်]

ဇော်ဝင်းထွဋ်သည် မွေးချင်းနှစ်ဦးအနက်မှ ဇော်ဝင်းထွဋ်သည် အငယ်ဆုံးဖြစ်ပြီး သူနှင့် အသက်တစ်နှစ်ခန့်ကွာသော အကို​ဖြစ်သူ ဇော်မျိုးထွဋ် နှင့်အတူ တေးသီချင်းများ သီဆိုခဲ့သည်။ အိုအေစစ်တီးဝိုင်းတွင် ဒရမ်မာအဖြစ် အနုပညာလုပ်ငန်းကို စတင်ခဲ့သည်။ ၁၉၈၀ခုနှစ် တွင် အဖေဖြစ်သူ၏ အားပေးကူညီမှုကြောင့် အင်ပါယာ တေးဂီတဝိုင်း ကို အစ်ကိုဖြစ်သူ ဇော်မျိုးထွဋ် (လိဒ်ဂစ်တာ)၊ ကျင်ခမ်းဖုန်း (ဘေ့စ်ဂစ်တာ)၊ ဝေထွန်း (ဒရမ်)၊ မောင်မောင်လွင် (ကီးဘုတ်) နှင့် ဂျွန်အိုဟားရား (အကော့စတစ်) တို့ဖြင့် စတင်တည်ထောင်ခဲ့သည်။ ဇော်ဝင်းထွဋ်၏ အစောပိုင်းဂီတပုံစံများမှာ ကန်းထရီးနှင့် ရော့ခ်အင်ရိုး အဆိုပုံစံများ ဖြစ်သည်။ သူ၏ ပထမဆုံး အယ်လ်ဘမ် မာကျူရီည ကို ၁၉၈၃ ခုနှစ်တွင် ဖြန့်ချိခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ လမ်းသစ်ကြယ်တံခွန် နှင့် အချစ်စွမ်းအင် အမည်ဖြင့် နောက်ထပ် အယ်လ်ဘမ် သုံးခု ထပ်မံဖြန့်ချိခဲ့ရာတွင်လည်း အထိုက်အလျောက်သာ အောင်မြင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် သူ၏ ဇော်ဝင်းထွဋ်၏ အကောင်းဆုံးတေးများ အယ်လ်ဘမ်ဖြန့်ချိသည့်အခါတွင်မှ အောင်မြင်မှုရရှိခဲ့ပြီး ရော့ခ်စတားတစ်ဦး ဖြစ်လာခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

ဇော်ဝင်းထွဋ်သည် မေခိုင်အုန်းနှင့် လက်ထပ်ထားပြီး ၎င်းတို့တွင်သားသမီးဖြစ်သော အဆိုတော်တေးရေးဆရာ အီတိုး (ခေါ်) ဝင်းထွဋ်သော်တာ နှင့် သမီးလေး ချမ်းချမ်း (ခေါ်) ဝင်းထွဋ်တာရာ တို့ ဖြစ်သည်။

ဇော်ဝင်းထွဋ်သည် ဂီတအနုပညာအပြင် သိုင်းကစားခြင်းကိုယ်ခံပညာနှင့် ပန်းချီဆွဲခြင်း၊ပန်းချီကားများ စုဆောင်းခြင်းကို ဝါသနာ ပါသည်။ သူ့တွင် နာမည်ကြီး ပန်းချီဆရာများ၏ ပန်းချီကား ၁၀၀ ခန့်ကို စုစည်းထားသည်။ []

ကိုးကား

[ပြင်ဆင်ရန်]