အင်ပါယာ တေးဂီတဝိုင်း

ဝီကီပီးဒီးယား မှ

အင်ပါယာ တေးဂီတဝိုင်းသည် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်အောင်မြင်လာခဲ့သည့် မြန်မာနိုင်ငံ၏ ရော့ခ်ဂီတဝိုင်းဖြစ်သည်။ ရောခ့်သူရဲကောင်းလျှပ်စစ်နှင့်မိုးကောင်းကင်လျှပ်စစ်သံစဉ်များရောခ့်တစ္ဆေ နှင့် ဆေးပေါင်းခတဲ့ည တေးအယ်လ်ဘမ်တို့သည် မြန်မာဟဲဗီးမက်တယ်ရောခ့်ဂီတ လောကတွင်အောင်မြင်မှု အများဆုံးရရှိခဲ့သောအယ်လ်ဘမ်များဖြစ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထွက်ရှိခဲ့သည့် "မဟာ" ဟူသော တေးစီးရီးနှင့်ပတ်သက်၍ ပရိသတ် အများစုက အစိုးရပေါ်လစီ စီးရီးဟု ယူဆခဲ့ကြပြီး ယင်းနောက် ၂၀ဝ၀ ခုနှစ်မှ စတင်ကာ အင်ပါယာအဖွဲ့၏ အောင်မြင်မှုကျဆင်းလာခဲ့ ကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။ အင်ပါယာ ဝိုင်းတော်သားများ မှာဇော်ဝင်းထွဋ်၊ ဇော်မျိုးထွဋ်၊ ကီးဘုတ်လီယိုနာ့ဒ် မောင်မောင်လွင်၊ ဒရမ် ရဲလင်း၊ ဘေစ့်ကိုမြတ်မိုးနှင့် ကိုဗိုလ်မြင့်တို့ဖြစ်ကြသည်။မူလအဖွဲ့ဝင်ဟောင်းများမှာ ဒရမ်မာ ဝေထွန်း(နဝရတ် စတူဒီယို)နှင့် ဘေစ့် ကျင်ခမ်းဖုန်း တို့ဖြစ်သည်။