ထား

ဝီကီပီးဒီးယား မှ
ထား

ထားသည် ဆရာရွှေတိုင်ညွန့်၏ သားသမီးများထဲမှ အငယ်ဆုံးဖြစ်ပြီးအမည်ရင်းမှာ တင်တင်အေး ဖြစ်သည်။ ထား၏ အဖိုးဖြစ်သူမှာ ရှေးခေတ် ဟာသ ပညာရှင် လူရွှင်တော်ကြီးဦးကျင်ခဲဖြစ်ပြီး အဘေးဖြစ်သူမှာလည်း တေးရေးစာဆိုတော်ကြီး ဦးလန်းဖြစ်သည်။

အဆိုတော် ထား၏ သားများဖြစ်သည့် ဇော်မျိုးထွဋ် (Emperor တေးဂီတ အဖွဲ့)နှင့် အဆိုတော် ဇော်ဝင်းထွဋ်တို့သည်လည်း နိုင်ငံကျော် ရော့ခ်တေးဂီတ အဖွဲ့နှင့် Rock Star အဆိုတော်များ ဖြစ်ကြသည်။ ခေတ်ဟောင်း လူရွှင်တော်ကြီး ဦးကြင်ခဲမှ စတင် သန္ဓေ တည်ခဲ့သော အနုပညာသွေး စီးဆင်းမှုသည် သားသမီး၊ မြေးမြစ် တင်မက တီဖြစ်သည့် အီတိုး အထိပင် ရှင်သန် စီးဆင်းလျက် ရှိသည်။

အဆိုတော် ထားသည် ၁၉၄၁ ခုနှစ် ဇန်နဝါရီလတွင် အဖေ ရွှေတိုင်ညွန့် နှင့် အမိ ဒေါ်တင်စိန်တို့မှ ကြည့်မြင်တိုင်၊ ထီးတန်း ဈေးကလေးရပ်၌ မွေးဖွားလေသည်။ ထားတွင် သားချင်းလေးဦး ရှိသည်။ အကိုကြီး ဂီတစာဆို ကိုမျိုးဆက်၊ လူရွှင်တော် ကိုတိုင်းကျော်၊ မရင်မြနှင့် ထားတို့ဖြစ်သည်။ ၁၉၅၈ ခုနှစ်မှစတင်၍ ဂီတနယ်သို့ ရောက်ရှိခဲ့သည်။ အကိုဖြစ်သူ အဆိုတော် ဂီတစာဆို ကိုမျိုးဆက်၏ တိုက်တွန်းအားပေးကူညီမှုဖြင့် တေးနုဝေ တူရိယာအဖွဲ့တွင် စတင်အသံ လွှင့်ခဲ့သည်။ ထိုမှတစ်ဆင့် အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦး ဖြစ်လာခဲ့လေသည်။

ထား၏ဆရာမျာမှာ ဂီတစာဆို ကိုမျိုးဆက်၊ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင် မောင်ကိုကိုနှင့် အဆိုတော်ကြီး ကိုမင်းနောင်တို့ ဖြစ်ကြသည်။ ထား ဟူသောနာမည်ကိုလည်း ဗိုလ်ကလေးတင့်အောင် နှင့် ကိုမင်းနောင်တို့မှ ပေးခဲ့ခြင်း ဖြစ်လေသည်။ ထားသည် ရေဒီယိုဓာတ်ပြား၊ ရုပ်ရှင်နောက်ခံတေးနှင့် တေးစီးရီးခွေများကို အသံသွင်းခဲ့ပြီး အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦး ဖြစ်လေသည်။ ထား၏ ရုပ်ရှင်နောက်ခံတေးအစသည် “လကျာ်မင်းထင်” ဇာတ်ကားမှ အဆိုတော်ကြီး ကိုမင်းနောင်နှင့်အတူ သီဆိုခဲ့သော သီချင်းဖြစ်သည်။ ထား၏ အောင်မြင်ကျော်ကြာသော တေးအချို့ကို ဖော်ပြရလျှင် “မွန်တို့ဌာနီ” “နက်ဖန်သို့မဟုတ် ဘယ်သောအခါ” “မုန်းဆက်မရွယ်” “သံသရာတကွေ့ဝယ်” တို့ဖြစ်သည်။ မဟာဂီတနှင့် ခေတ်ဟောင်းတေးများကိုလည်း စဉ်ဆက်မပြတ် လေ့လာလျက်ရှိပြီး ဖခင်ဖြစ်သူ ဆရာကြီး ရွှေတိုင်ညွှန့် သီချင်းများကို ပြန်လည်ထုတ်ဝေရန် ကြိုးစားစီစဉ်နေကြောင်း သိရှိရသည်။ ထားသည် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗဟိုဒိုင် အဖြစ်လည်းကောင်း၊ မြန်မာ့အသံ၊ ခေတ်ပေါ်တေးဂီတ စိစစ်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတွင် စည်းရုံးရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်မှချီးမြှင့်သည့် လူမူထူးချွန်တံဆိပ် (ပထမအဆင့်) ကို ၂၀၀၄ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၆၀-ခုနှစ်တွင် သွေးလှူဘဏ် ဆရာဝန်ကြီး ဒေါက်တာ ကြည်ခင်နှင့် အိမ်ထောင်ကျသွားပြီး ခင်ပွန်းသည်က မုံရွာ ဆေးရုံ ပြောင်းရွှေ့ကာ လိုက်ပါသွားရ၍ အနုပညာ လုပ်ငန်းနှင့် အဆက်အသွယ် ပြတ်သလို ဖြစ်သွားခဲ့သည်။ မုံရွာနှင့် မန္တလေးတွင် တော်တော်ကြာနေသွား၍ သီချင်းနှင့် အဆက်ပြတ်သလို ဖြစ်သွားခဲ့သည်။ သားနှစ်ယောက် မွေးဖွားခဲ့သည်။ ဇော်မျိုးထွဋ် နှင့် ဇော်ဝင်းထွဋ် တို့ဖြစ်သည်။ သားဖြစ်သူ ဇော်ဝင်းထွဋ်မှာ ယနေ့စတီရီယိုလောကတွင် နာမည်ကြီး အဆိုတော်အဖြစ် အောင်မြင် ထင်ရှားနေသူဖြစ်သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်းလာသောအခါ အနုပညာလုပ်ငန်း ဖြစ်သော သီချင်းများကို ပြန်လည်သီဆိုဖြစ်တော့သည်။ ထားသည် အဆိုထက် အတီးနှင့် အရေးကို ပိုပြီး ဝါသနာ ပါခဲ့သည်ဟု ဆို၏။ ယခုအခါ ခြံအမှတ်(၉)၊ နဝဒေးလမ်း၊ မရမ်းကုန်းမြို့နယ်တွင် မိသားစုများနှင့် ကျန်းမာစွာနေထိုင်လျက် ရှိသည်။


မြန်မာညွန့် တူရိယာ အဖွဲ့နဲ့ “ကြိုးကြီးချိတ်“ သီချင်း။ ကေသီပန် အဖွဲ့နဲ့ ဆိုတော့ “မေတ္တာနုနု စေလိုသူ“ တို့၊ “နက်ဖြန် သို့မဟုတ် ဘယ်သောအခါ“ စသည့်သီချင်းများ ဖြစ်သည်။ ငယ်ဆရာဖြစ်သော ဗိုလ်ကလေးတင့်အောင် မှ “ထား“ဟု မှည့်ထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ထားသည် ရုပ်ရှင်သီချင်း အတော်များများကိုသီဆိုခဲ့သည်။ ထားသီချင်းများအား အများဆုံး ရေးသီပေးသော ဂီတစာဆိုမှာ စန္ဒရားချစ်ဆွေ ဖြစ်သည်။ ကိုလေးညွန့်၊ ဗိုလ်ကလေး ဦးတင့်အောင်နှင့် ဂီတလုလင် မောင်ကိုကိုတို့ရေးသားသော ရုပ်ရှင်နောက်ခံသီချင်းများကို သီဆိုခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ပေဖူးလွှာ မဂ္ဂဇင်း (၂၀၀၉-ခု၊ အောက်တိုဘာလ)