ဆဲလ်မာ လော့ခ်ဂေလော့ဖ်

ဝီကီပီးဒီးယား မှ
Selma Lagerlöf
Selma Lagerlöf, 1909
မွေးဖွားSelma Ottilia Lovisa Lagerlöf
(1858-11-20)၂၀ နိုဝင်ဘာ၊ ၁၈၅၈
Mårbacka, Värmland, Sweden
ကွယ်လွန်၁၆ မတ်၊ ၁၉၄၀(1940-03-16) (အသက် ၈၁)
Mårbacka, Värmland, Sweden
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုးဆွီဒင်လူမျိုး
ရရှိသည့်ဆုများစာပေနိုဘယ်ဆု
၁၉၀၉

ဆဲလ်မာ လော့ခ်ဂေလော့ဖ် (အင်္ဂလိပ်: Selma Lagerlöf) ဆိုသူမှာ ဆွီဒင်နိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဗယ်ဆုကို ပထမဦးဆုံးရရှိသော အမျိုးသမီးစာရေးဆရာမဖြစ်သည်။ ထို့ပြင် ဆွီဒင်ပညာတံခွန်အသင်း၏ အဖွဲ့ဝင်အဖြစ် ပထမဆုံးရွေးကောက်ခံရသော အမျိုးသမီးလည်းဖြစ်သည်။ လော့ခ် ဂေလော့ဖ်ကို The Wonderful Adventures of Nils စာအုပ်ဖြင့် လူသိများသည်။ ထိုစာအုပ်သည် ကလေးစာပေ ဆိုင်ရာစာအုပ်ဖြစ်သည်။

လော့ခ်ဂေလော့ဖ်ကို ၁၈၅၈ ခုနှစ်တွင် အနောက်ဆွီဒင်တွင် ၁၈၅၈ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် မွေးဖွားသည်။ သူမ၏ဖခင်မှာ ကြည်းတပ်မှ စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ငယ်စဉ်က ကျန်းမာရေးချို့တဲ့ခဲ့သည်။ စာဖတ်ခြင်းကို ချစ်မြတ်နိုးခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တတ်သည့် ကလေးတစ်ဦးဖြစ်ခဲ့သည်။ လော့ခ်ဂေလော့ဖ်သည် ငယ်စဉ်က စတော့ဟုမ်းမြို့တွင် ပညာသင်ယူပြီးလျှင် ၁၈၈၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ဆရာဖြစ်သင်ကျောင်းသို့ တက်ရောက်သည်။ ကျောင်းဆရာမအလုပ်ကို ၁၈၈၅ ခုနှစ် မှ ၁၈၉၅ ခုနှစ်အထိ ၁၀ နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ဆရာဖြစ်သင်တန်း အောင်ပြီးသည့်နောက် ၁၈၈၅ မှ ၁၈၉၅ ခုနှစ်အထိ ၁ဝ နှစ်ပတ်လုံး ဆွီဒင်နိုင်ငံတောင်ပိုင်းရှိ လန်စကရိုနာမြို့ ကလေးတွင် ကျောင်းဆရာမအဖြစ်လုပ်ကိုင်ခဲ့သည်။

ထိုအတွေ့အကြုံများသည် သူမ၏စာပေရေးသားမှုများကို အထောက်အကူပြု ခဲ့သည်။ သူမ၏ ပထမဆုံးဝတ္ထုမှာ Gosta Berling’s Saga ဖြစ်သည်။ ယင်းဝတ္ထုကို ကျောင်းဆရာမဘဝတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ဤပထမဆုံး ဝတ္ထုဖြင့်ပင် ဆယ်မာလော့ခ်ဂေလော့ဖ်သည် နာမည်ရလာ၍ ဝတ္ထုမှာလည်း ထင်ရှားကျော်ကြားခဲ့ပေသည်။ အထူးသဖြင့် ဤဝတ္ထုကြောင့်ပင် ၁၉ဝ၉ ခုနှစ်၌ နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ဆွီဒင် ပညာ့တံခွန်အသင်းတွင်လည်း အဖွဲ့ဝင်အဖြစ် ၁၉၄၁ ခုနှစ်၌ ရွေးကောက် တင်မြှောက်ခြင်း ခံရလေသည်။[၁] စာပေစတင်ရေးသားချိန်တွင်ပင် သူမသည် အောင်မြင်မှု ရရှိခဲ့သည်။ စာပေရေးသားနိုင်ရန် ငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ဆိုဖီရာ အဲလ်ခမ်း ဆိုသူ စာရေးဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ စာပေလုပ်ငန်းများကို အတူလက်တွဲ လုပ်ကိုင်ခဲ့သည်။ အဲလ်ခမ်း၏ စာပေဩဇာသည် လော့ခ်ဂေလော့ဖ်၏ စာပေလက်ရာများအပေါ် လွမ်းမိုးခဲ့သည်။

အဲလ်ခမ်းနှင့်အတူ အီတလီ၊ ပါလစ်စတိုင်း အစရှိသည့် ဒေသများသို့ သွားရောက်ခဲ့သည်။ ၁၉၀ဝ ပြည့်နှစ်တွင် ဂျေရုဆလင်သို့ သွားရောက်ခဲ့ပြီး ဂျေရုဆလင်အမည်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ လော့ခ်ဂေလော့ဖ်သည် ဂျာမနီနိုင်ငံဖွား၊ နိုဘယ်ဆုရစာရေး ဆရာမ နယ်လီ ဆစ်ခ်နှင့် ရင်းနှီးသူဖြစ်သည်။ နယ်လီ ဆစ်ခ်သည် စာပေနိုဘယ်ဆုရသည့် အမျိုးသမီးများထဲတွင် ပါဝင်ပြီး ၆ ဦး မြောက်စာပေနိုဘယ်ဆုရရှိထားသူဖြစ်သည်။ နယ်လီ ဆစ်ခ်သည် ၁၉၄၀ ခုနှစ်တွင် ချွေးတပ်စခန်းသို့မိခင်နှင့်အတူ ပို့ဆောင်ခံခဲ့ရသည်။ ထိုချွေးတပ်စခန်းမှလွတ်မြောက်ရန် လော့ခ်ဂေလော့ဖ်က ကူညီပြီး ဆွိဒင်နိုင်ငံသို့ ခေါ်ယူခဲ့သည်။

လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၀၉ ခုနှစ် တွင် ရရှိခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုများကို ဆွိဒစ်အကယ်ဒမီက ရွေးချယ်ပေးအပ်လေ့ရှိသည်။ စာပေနိုဘယ်ဆုရရှိအပြီး ၁၉၁၄ ခုနှစ် တွင် လော့ခ်ဂေလော့ဖ်သည် ဆွိဒစ်အကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည်။ လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာနိုဘယ်ဆုကို ပထမဦးဆုံးရရှိသည့် အမျိုးသမီးဖြစ်သကဲ့သို့ ဆွိဒစ်အကယ်ဒမီ၏ ပထမဦးဆုံးအမျိုးသမီးအဖွဲ့ဝင်လည်းဖြစ်သည်။

လော့ခ်ဂေလော့ဖ်သည် စာပေဆိုင်ရာဆုအပြင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များကိုလည်း ရရှိခဲ့သည်။ ဒုတိယကမ္ဘာစစ် စတင်ချိန်တွင် သူမ၏နိုဘယ်ဆုတံဆိပ်ကို အစိုးရထံသို့ ပေးပို့ကူညီခဲ့သည်။ ဆိုဗီယက်ယူနီယံကိုတိုက်ခိုက်ရာတွင် အစိုးရအနေဖြင့် ငွေကြေးအထောက်အကူရရန် လော့ခ်ဂေလော့ဖ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ စစ်ပွဲအပြီးတွင် ဆုတံဆိပ်ကို လော့ခ်ဂေလော့ဖ် ထံ အစိုးရက ပြန်လည်ပေးပို့ခဲ့သည်ဟု ဆိုသည်။ သူမသည် ၁၉၄၀ ခုနှစ်၊ မတ် ၁၆ ရက်၊ အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)