ဆူပါ ဧရာမကြယ်နီ

ဝီကီပီးဒီးယား မှ

ဆူပါ ဧရာမကြယ်နီ (Red supergiant) ဆိုသည်မှာ ရောင်စဉ်ခွဲခြားမှုအဆင့် K သို့မဟုတ် M အမျိုးအစား ဧရာမ ကြယ်တမျိုးဖြစ်သည်။ ယင်းကြယ်တို့သည် စကြဝဠာတွင် အတောက်ပဆုံးကြယ်များ မဟုတ်ကြသော်လည်း ထုထည် (volume) အားဖြင့် အကြီးမားဆုံး ကြယ်များဖြစ်ကြသည်။ မျက်နှာပြင်အပူချိန် ၄၁၀၀ ကယ်လဗင်အောက်ရှိကြပြီး[၁] နေ၏အချင်းဝက်ထက် ရာဂဏန်းမှ ထောင်ဂဏန်းအထိ ပိုမိုကြီးမားကြသည်။ ဆူပါ ဧရာမကြယ်နီများသည် နေဒြပ်ထု ၁၀ M နှင့် ၄၀ M ကြားတွင် ရှိကြသည်။ အန်တာရစ် နှင့် ဘီတယ်ဂျူးစ်ကြယ်တို့သည် ဆူပါ ဧရာမကြယ်နီအတွက် အကောင်းဆုံး နမူနာပင်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "The Effective Temperature Scale of Galactic Red Supergiants: Cool, but Not as Cool as We Thought" (2005). The Astrophysical Journal 628 (2): 973–985. doi:10.1086/430901. Bibcode2005ApJ...628..973L.