ဆီးမမလက

ဝီကီပီးဒီးယား မှ
ဆီးမမလက
සීමා මාලකය
ဆီမမလက (မေလ ၂၀၁၆)
ဆီးမမလက သည် Central Colombo တွင် တည်ရှိသည်
ဆီးမမလက
Central Colombo အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာBeira Lake, Sir James Pieris Mawatha, Colombo
ကိုဩဒိနိတ်6°55′3.4428″N 79°51′11.7252″E / 6.917623000°N 79.853257000°E / 6.917623000; 79.853257000ကိုဩဒိနိတ်: 6°55′3.4428″N 79°51′11.7252″E / 6.917623000°N 79.853257000°E / 6.917623000; 79.853257000
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နတ်ဘုရားBuddha
smaller shrines dedicated to Guanyin, Kataragama deviyo, Vishnu, Shiva and Ganesha
နိုင်ငံSri Lanka
ဝက်ဘ်ဆိုဒ်gangaramaya.com
ဗိသုကာ
တည်ထောင်သူHikkaduwe Sri Sumangala Thera,
Devundera Sri Jinaratana Nayake Thera
ပြီးစီး၁၉ ရာစုနှောင်းပိုင်း

ဆီးမမလက (: සීමා මාලකය) သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်တော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်ကို ဝတ်ပြုခြင်းထက် တရားထိုင်ခြင်း၊ နားနေခြင်း စသည်တို့အတွက် ပိုမို၍ အသုံးပြုသည်။ ကျောင်းတော်သည် ဘေရာကန် (Beira lake) တွင် တည်ရှိသည်။ ကျောင်းတော်ကို မူလတည်ဆောက်ခဲ့သည်မှာ ၁၉ ရာစုနောက်ပိုင်းမှ ဖြစ်သည်။[၁][၂][၃] ဆီးမလက သည် ဂန်ဂရာမယကျောင်းတော်၏ အစိတ်ပိုင်းတစ်ခုဖြစ်ပြီး အရှေ့ဘက် မီတာ ရာအနည်းငယ်အကွာတွင် တည်ရှိသည်။[၄][၅][၆]

သမိုင်း[ပြင်ဆင်ရန်]

ဆီးမမလက ကို မူလတည်ဆောက်ခဲ့သည်မှာ ၁၉ ရာစုနှောင်းပိုင်း ဖြစ်သည်။ မူလအဆောက်အဦသည် ၁၉၇၀ ခုနှစ်တွင် ရေထဲသို့ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် သီရိလင်္ကာဗိသုကာပညာရှင်ဖြစ်သူ Geoffrey Bawa သည် ကျောင်းတော်ကို တည်ဆောက်ရန်နှင့် ပြန်လည်ပြင်ဆင်ရန် ဝယ်ယူခဲ့သည်။ ထို၎င်းပြင်ဆင်ထားသည့်ပုံစံသည် ယနေ့အချိန်မြင်တွေ့နေရသည့် ပုံစံဖြစ်သည်။ [၄][၇][၈]ပြန်လည်တည်ဆောက်မှုများကို ထောက်ပံ့ပေးသူမှာ သီရိလင်္ကာနိုင်ငံသား မူဆလင်စီးပွားရေးသမားဖြစ်သူ S. H. Moosajee နှင့် ၎င်း၏ ဇနီးတို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် သားဖြစ်သူ Ameer S. Moosajee အမှတ်တရအနေဖြင့် ထောက်ပံ့ခြင်း ဖြစ်သည်။[၅][၉]

ဆောက်လုပ်ခြင်း[ပြင်ဆင်ရန်]

ကျောင်းတော်သည် ၁၉၇၆ ခုနှစ်နောက်ပိုင်းတွင် နစ်မြုပ်သွားခဲ့သည်။ ထို့နောက်တွင် Geoffrey Bawa သည် ပြန်လည်ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့သည်။ ကျောင်းတော်သည် ဘေရာရေကန်၏ အလယ်တွင် တည်ရှိပြီး အနုရာဒပူရနှင့် ရိတိဂလ ရှိ ရှေးခေတ်ကျောင်းတော်များကို ထင်ဟပ်ကာ ဒီဇိုင်းဆွဲခဲ့သည်။[၄][၅][၇]

ကျောင်းတော်တည်ရှိရာနေရာသို့ တံတားများဖြင့် ချိတ်ဆက်ထားကြသည်။ ရေပေါ်မှ ကျောင်းတော်သို့ ဖြတ်သွားရာ ထိုလမ်းသည် သုံးခုရှိသည်။ အမိုးသည် အပြာရောင်အုတ်ကြွပ်ပြားများဖြင့် မိုးထားသည်။ တိုင်များ၊ လက်ရန်းများစသည်တို့သည် သစ်သားဖြင့် ပြုလုပ်ထားသည်။ ဗိသုကာပညာရှင်၏ စိတ်ကူးမှာ ကျောင်းတော်သည် Kandyan ခေတ်ကို အမှတ်ရစေရန် ဖြစ်သည်။ လူကူးလမ်းသုံးခုတွင် မုဒြာပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဗုဒ္ဓရုပ်ပွားတော်များစွာ တည်ရှိသည်။ အဓိက (အလယ်ရှိ) လူကူးလ်းသည် သစ်သားဖြင့် ပြုလုပ်ထားသည် တရားအားထုတ်ရာအဆောက်အဦတစ်ခု ပါဝင်သည်။ ဘေးနားရှိ လူကူးလမ်းတွင် ဗောဓိပင်တစ်ပင် ရှိသည်။ ထိုအပင်သည် အနုရာဒပူရရှိ မဟာဗောဓိပင်၏ အကိုင်းမှ ကြီးထွားလာသည့် အပင်ဖြစ်သည်။ [၂][၄][၅][၉][၁၀]လူကူးလမ်းများ၏ ထောင့်လေးထောင့်တွင် သေးငယ်သည့် နတ်နန်းများတည်ရှိပြီး ၎င်းတို့သည် Shiva, Vishnu, Kataragama deviyo and Ganesha တို့ကို ရည်ရွယ်သည်။ ကျောင်းတော်သို့ အဝင်တွင် ကွာရင်မယ်တော်နတ်နန်းတည်ရှိပြီး အခြားသော ကွာရင်မယ်တော်ရုပ်တုတစ်ခုကိုလည်း ကျောင်းတော်ပရဝုဏ်တွင် တွေ့ရသည်။

တည်နေရာ[ပြင်ဆင်ရန်]

ဆီမမလကသည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဘေရာရေကန်တွင် တည်ရှိသည်။ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တောင်ဘက် ၃၄ ကီလိုမီတာ (၂၁ မိုင်) နှင့် Galle Face Green မှ အရှေ့တောင်ဘက် ၂ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် တည်ရှိသည်။[၁၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. "About us"၊ Gangaramaya Temple website။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 18 May 2016။ 
  2. ၂.၀ ၂.၁ "Seema Malaka Buddhist Temple"၊ visitcolombo.com။ 19 May 2016 တွင် ပြန်စစ်ပြီး 
  3. "Seema Malakaya Meditation Centre"၊ Lonely Planet။ 9 Aug 2016 တွင် ပြန်စစ်ပြီး 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ "The Seema Malaka & Gangaramaya Temples"၊ My Sri Lanka Holidays။ 19 May 2016 တွင် ပြန်စစ်ပြီး 
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ "The Rough Guide to Sri Lanka"၊ 2 November 2015။ 9 Aug 2016 တွင် ပြန်စစ်ပြီး 
  6. "Sri Lanka 2014 Carnet de voyage Petit Futé (avec avis des lecteurs)"၊ 24 March 2014။ 9 Aug 2016 တွင် ပြန်စစ်ပြီး 
  7. ၇.၀ ၇.၁ "The Work Of Geoffrey Bawa"၊ Geoffrey Bawa official website။ 9 Aug 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 16 August 2016။ 
  8. "36 Hours in Colombo, Sri Lanka"၊ The New York Times။ 9 Aug 2016 တွင် ပြန်စစ်ပြီး 
  9. ၉.၀ ၉.၁ "The Seema Malaka Lake Temple"၊ musukaikai.com။ 19 May 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 5 June 2016။ 
  10. "A Place Rich In History"၊ The Sunday Leader။ 9 Aug 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 11 September 2015။ 
  11. "Location"၊ Google Maps။ 19 May 2016 တွင် ပြန်စစ်ပြီး