ဂန်ဂရာမယကျောင်းတော်
ဂန်ဂရာမယကျောင်းတော် | |
---|---|
ගංගාරාම විහාරය | |
Gangaramaya Temple | |
အချက်အလက်များ | |
တည်နေရာ | 61 Sri Jinarathana Rd, Colombo, Colombo, 00200 |
ကိုဩဒိနိတ် | 6°54′59″N 79°51′23″E / 6.91639°N 79.85639°Eကိုဩဒိနိတ်: 6°54′59″N 79°51′23″E / 6.91639°N 79.85639°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
နိုင်ငံ | Sri Lanka |
ဝက်ဘ်ဆိုဒ် | gangaramaya.com |
ဗိသုကာ | |
တည်ထောင်သူ | Hikkaduwe Sri Sumangala Thera, Devundera Sri Jinaratana Nayake Thera |
ပြီးစီး | Late 19th century |
ဂန်ဂရာမယကျောင်းတော် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် အရေးအပါဆုံးကျောင်းတော်များထဲမှ တစ်ခုဖြစ်သည်။ ကျောင်းတော်သည် ယဉ်ကျေးမှုအမြင်နှင့် ယခုခေတ်ဗိသုကာလက်ရာများကို ပေါင်းစပ်ထားသည်။ ဘေရာရေကန်တွင် တည်ရှိသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့သည်။
ထင်ရှားသည့် ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]ကျောင်းတော်တွင် စာပေတွင်ကြေပွန်တတ်မြောက်ကြသည့်သူများဖြစ်ကြသည့် Ratmalana Sri Dharmarama Thero, Waskaduwa Sri Subhuti Thero, Weligama Sri Sumangala Thero, Welivitiye Dhammaratna Thero, and Pandit Batuwantudawe တို့သည် သီတင်းသုံးနေထိုင်ခဲ့ကြသည်။
ဗိသုကာ
[ပြင်ဆင်ရန်]ကျောင်းတော်၏ ဗိသုကာသည် သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် စသည့်လက်ရာများကို ရောနှောကာတည်ဆောက်ထားသည်။[၁]
ကျောင်းတော်တွင် အဆောက်အဦများစွာ ပါဝင်သည်။ ၎င်းသည် ဘေရာရေကန်မှ သိပ်မဝေးသည့်နေရာတွင် တည်ရှိသည်။ ကျောင်းတော်တွင် ဝိဟာရများ (ကျောင်း)၊ စေတိယများ (ဘုရား)၊ ဗောဓိပင်၊ Mandiraya ဝိဟာရ၊ ဆီးမမလက (ရဟန်းများစုဝေးရာခန်းမ)နှင့် ဓာတ်တော်တိုက်တို့ ပါဝင်သည်။ ထို့အပြင် ပြတိုက်တစ်ခု၊ စာကြည့်တိုက်တစ်ခု၊ နားနေခန်း၊ အထပ်သုံးထပ်ပါသည့် ပရိဝေန၊ စာသင်ကြားရ ခန်းမများ၊ ဒါနပြုရာအခန်း စသည်တို့လည်း ကျောင်းပရဝုဏ်တွင် ပါဝင်ကြသည်။
လာရောက်လည်ပတ်သူအများစုသည် ဆီးမမလက၏ ဗိသုကာကို ကြည့်ရှုလေ့လာရန် လာရောက်ကြသည်။ ၎င်းကျောင်းတော်သည် မူဆလင်ဘာသာဝင် ထောက်ပံ့သူဖြစ်သည့် Geoffrey Bawa ၏ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသည်။
သမိုင်း
[ပြင်ဆင်ရန်]လက်ရှိလုပ်ဆောင်မှုများ
[ပြင်ဆင်ရန်]ကျောင်းတော်တွင် ဗုဒ္ဓဘာသာဝတ်ပြုခြင်း စသည်တို့သာမကပဲ သင်ကြားရေးနေရာတစ်ခုအဖြစ် လုပ်ဆောင်လျက်ရှိသည်။ ကျောင်းတော်တွင် သက်ကြီးရွယ်အိုများအတွက် ဂေဟာ၊ အသက်မွေးဝမ်းကြောင်းသင်ကြားရာကျောင်း၊ မိဘမဲ့ကလေးဂေဟာ အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ကျောင်းတော်သည် မတူညီသည့်ဒေသများမှ ဝတ်ပြုသူများကို မတူထူးခြားစွာ ဆွဲဆောင်လျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Gangaramaya Temple
- Gangaramaya, More Than A Temple 9 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Podi Hamuduruwo: On The Path Of Virtue 24 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- For The Greater Good 13 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Supatipanno Bhagavato Savaka Sango: A Life By Example 11 May 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Gangaramaya Podi Hamuduruwo - Monk with a Purpose 22 January 2013 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး
- Gangaramaya Nawam Maha Perahera 2013 9 April 2013 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး
- Navam Maha Perahera
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gangaramaya Temple။ John Keells Hotels Group။ 10 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 May 2021 တွင် ပြန်စစ်ပြီး။