နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်ခြင်း

ဝီကီပီးဒီးယား မှ
Pictures of Egypt Gods
ရှေးဟောင်း အီဂျစ်နိုင်ငံတွင် ကိုးကွယ်ခြင်းခံရသော နတ်ဘုရားတို့၏ ရုပ်ပုံ

နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်ခြင်းဆိုသည်မှာ နတ်များ ၊ နတ်သမီးများဟု ခေါ်ဆိုသည့်များစွာသော ဘုရား များကို ယုံကြည်ခြင်းနှင့် သို့မဟုတ် ကိုးကွယ်ခြင်းတို့ဖြစ်သည်။ ကိုးကွယ်ယုံကြည်သူတို့သည် နတ်ကွန်း များသို့ ပူဇော်ပသမည့် ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်၍သွားရောက် စုရုံးပူဇော်ကြသည်။ သမိုင်း နှင့်ခေတ်ပြိုင်ကာလနှစ်မျိုးလုံးရှိ များစွာသော ယုံကြည်ကိုးကွယ်မှုများတွင် နတ်ဘုရားအမျိုးမျိုးတို့ကို ယုံကြည်ကိုးကွယ်ခြင်းများရှိကြသည်။ ၎င်းတို့ မှာ ရှင်တို ၊ ရှေးခေတ်ဂရိနတ်ဘုရားများ ၊ ရောမနတ်ဘုရားများ ၊ ဂျာမန်နတ်ဘုရားများ ၊ ဆလာဗစ်နတ် ဘုရားများ ၊ တရုတ်ရိုးရာကိုးကွယ်မှုများ ၊ မဟာယာနဗုဒ္ဓဘာသာ ၊ တိဗက်တန်ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ နှင့် လက်သစ်ဘာသာ မဲ့ ယုံကြည်မှုများတို့ဖြစ်ကြသည်။

နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်သူတို့သည် အားလုံးသော နတ်ဘုရားများကို အညီအမျှအစဉ်အမြဲ ကိုးကွယ်လေ့ မရှိပါ။ သို့သော်တစ်ခုတည်းသော နတ်ဘုရားကို ပူဇော်ပသသူတို့ရှိသည်။ အခြားကိုးကွယ်သူများထဲတွင် နတ်ဘု ရားအမျိုးမျိုးကို အချိန်အခါအလိုက် ပုံမှန်ကိုးကွယ်နေသူများလည်း ရှိသည်။ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်ခြင်း(တစ်ပါးသို့မဟုတ် တစ်ပါးထက်ပိုသော ဘုရားများကို ယုံကြည်ခြင်း)သည် ကိုးကွယ်မှု ပုံစံတစ်ခုဖြစ်ပြီး တစ်ဆူတည်းသောဘုရား ကိုသာ ကိုးကွယ်မှုနှင့်ဆန့်ကျင်လျက်ရှိသည်။ ယနေ့ကမ္ဘာပေါ်ရှိ ယုံကြည်မှုလွှမ်းမိုးထားခြင်း တစ်ခုဖြစ်သည်။ အချို့ဘာသာများတွင် ဝိက ကဲ့သို့သော နတ် ဘုရားအမျိုးမျိုးတို့သည် ကြီးမားသော ဘုရားသခင်မှ ဆင်းသက်လာသည့် နတ်ဘုရားများဟု မြင်ထားကြ သည်။

ဘုရားများနှင့် မြင့်မြတ်ခြင်း[ပြင်ဆင်ရန်]

Eain Twin Nat Nha Ma Taw
မြန်မာနိုင်ငံ ပုဂံမြို့ရှိ သရဘာဂိတ်ဝ၌ တွေ့မြင်နိုင်သော မင်းမဟာဂီရိ အိမ်တွင်းနတ်မင်း၏ နှမတော်နတ်ကွန်းစင်

နတ်ဘုရား ၊ ဘုရား (နတ်သား) နှင့် နတ်သမီးများ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်သောဘာသာများ၏ နတ်ဘုရားများသည် ဒဏ္ဍာရီတွင် ကိုယ်စားလှယ်တော်များ ဖြစ်ကြ သည်။ ဒဏ္ဍာရီထဲတွင် ၎င်းတို့သည် ကြီးမားသော သို့မဟုတ် လျော့နည်းသောအနေအထားများဖြင့် မျိုးစုံသော အရေးပါမှုများကို ပုံဖော်ထားကြသည်။ ၎င်းတို့တွင် တစ်ဦးချင်းအလိုက် ကျွမ်းကျင်မှုများ ၊ လိုအပ်မှုများ ၊ ဆန္ဒများနှင့် သမိုင်းများရှိသည်။ ဤဘုရားများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးစရိုက်လက္ခဏာများတွင် တစ်ခါတစ်ရံလူများနှင့် အသွင်သဏ္ဌာန်တူသည်ဟု မြင်တွေ့ရသည်။ သို့သော် ၎င်းတို့တွင် တစ်ဦးချင်းအ လိုက်တန်ခိုးများ ၊ စွမ်းရည်များ ၊ ဉာဏ်ပညာသို့မဟုတ် အကြားအမြင်များရှိကြသည်။

နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှုသည် များစွာသော ရိုးရာကိုးကွယ်မှုများတွင် ပါဝင်ကြသော သဘာဝ သစ်ပင်တောတောင်များကို ကိုးကွယ်သည့် ယုံကြည်မှုများနှင့် ပြတ်သားစွာ ခွဲခြား၍မရပါ။ နတ်ဘုရားအမျိုးမျိုးများကို ကိုးကွယ်မှု၏ ဘုရားများသည် များစွာသော ကိစ္စရပ်များတွင် သဘာဝလွန်ပုဂ္ဂိုလ်များ သို့မဟုတ်ဝိညာဉ် များ၏ စဉ်ဆက်မပြတ်ရှိနေသော အမြင့်ဆုံးအစီအစဉ်များဖြစ်သည်။ ၎င်းတို့တွင် ဘိုးဘွားစဉ်ဆက်များ၊ မကောင်းဆိုးဝါးများ၊ ဖန်ဆင်းထားသူများနှင့် အခြားသောပုဂ္ဂိုလ်များ တို့ပါဝင်သည်။ အချို့သော ကိစ္စရပ်များတွင် ထိုဝိညာဉ်များကို ကောင်းကင်သို့မဟုတ် မြေကမ္ဘာအောက်ဟူ၍ အမျိုးအစားများခွဲခြားထား ပြီး ယင်းဝိညာဉ်များ အားလုံးတည်ရှိနေခြင်းကို ယုံကြည်ခြင်းသည် ယင်းတို့အား ကိုးကွယ်သည်ဟု အဓိပ္ပာယ်သက် ရောက်ခြင်းမဟုတ်ပါ။

နတ်ဘုရားအမျိုးအစားများ[ပြင်ဆင်ရန်]

နတ်ဘုရားများ၏ ပုံစံအမျိုးမျိုးကို နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှုများတွင် ရံဖန်ရံခါတွေ့ရသည်။

  1. မိုးကောင်းကင် ဘုရား (ကောင်းကင်နှင့်ဆိုင်သော
  2. မရဏနတ်ဘုရား (မြေကမ္ဘာအောက်နှင့်ဆိုင်သော)
  3. မိခင်နတ်သမီး
  4. အချစ်နတ်သမီး
  5. ဖန်ဆင်းရှင်နတ်ဘုရား
  6. လိမ်ညာလှည့်စားသော နတ်ဘုရား
  7. ရှင်ခြင်း ၊ သေခြင်း ၊ ပြန်လည်မွေးဖွားခြင်း နတ်ဘုရား
  8. ယဉ်ကျေးမှု သူရဲကောင်း

ဘာသာရေးနှိုင်းယှဉ်လေ့လာချက်[ပြင်ဆင်ရန်]

တစ်ဆူတည်းသော ဘာသာရေး ကိုးကွယ်မှုတွင် ဘုရားသည်တစ်ဆူတည်းသာရှိသည်ဟု ယုံကြည်ခြင်း ဖြစ်၍ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှုနှင့် ဆန့်ကျင်လျက်ရှိသည်။ နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်မှုနှင့် တစ်ဆူတည်းသောဘုရားကို ကိုး ကွယ်မှုသည် ကိုးကွယ်မှုများဖြစ်ပြီး ဝါဒများနှင့်ဆန့်ကျင်ခြင်းမရှိပါ။ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှုတွင် ဖွဲ့စည်းမထားသော စည်းမျဉ်းများသည် “ဘုရားသခင်များ (သို့မဟုတ်) နတ်ဘုရားများ”နှင့် မည်သည့်ပတ် သက်မှုကိုမျှ လိုအပ်စွာထင်ဟပ်မှုမရှိပါ။ ဥပမာအားဖြင့် တစ်ဆူတည်းဝါဒသည် တိကျစွာတစ်ခုတည်း အဓိက စုစည်းနေသည့် မည်သည့်စနစ်ကိုမဆို သုံးစွဲသည့် ဝေါဟာရဖြစ်ပြီး ၎င်းတစ်ခုတည်းမှ အခြားသောအရာများ အားလုံးထွက်ပေါ်လာရသည်။

ကမ္ဘာ့ဘာသာများထဲမှ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှု[ပြင်ဆင်ရန်]

ရှေးခေတ်ဂရိတို့၏ နတ်ဘုရားအမျိုးမျိုးတို့ကို ကိုးကွယ်မှု (Hellenic polytheism)

ရှေးခေတ်ဂရိတို့သည် အဓိက ဘုရားများနှင့်နတ်သမီး (၁၃)ပါး တို့ကိုအသိအမှတ်ပြုလက်ခံခဲ့ကြသည်။ ၎င်းတို့ ၏ အမည်မှာ ဇူးဇ် ၊ ေဟဒီစ်၊ ပိုဆိုက်ဒွန် ၊ အပိုလို ၊ အာတီးမစ် ၊ အေးဖရိုဒိုက် ၊ အေရီစ် ၊ ဒီုင်အိုနီးဆီယပ် ၊ ဟပ်ဖေးစတပ် ၊ အေသီနာ ၊ ဟာမက်စ် ၊ ဒီမီတာ နှင့် ဟက်စ်ရှာ တို့ဖြစ်သည်။ သို့သော်လည်း အမျိုးမျိုးသော ဘုရားငယ်များကိုလည်း ကိုးကွယ် ကြသည်။ မြို့များ မတူညီသလို မြို့အလိုက် ကိုးကွယ်သည့်နတ်ဘုရားများလည်း မတူညီကြပါ။ တစ်ခါတစ်ရံတွင် အရည်အသွေးဂုဏ်ပုဒ်အလိုက် ဒေသသဘာဝများကို ခွဲခြားသတ်မှတ်ထားသည်။ ရှေးခေတ်ဂရိတို့၏ နတ်ဘုရားအမျိုးမျိုးများကို ကိုးကွယ်မှုသည် ဂရိတိုင်းပြည်ကိုကျော်လွန်၍ ပျံ့နှံ့သွားခဲ့ရာ အာရှမိုင်းနား ရှိ အိုင်အိုနီးယား ကမ်းခြေများနှင့် ကျွန်းများသို့လည်းကောင်း ၊ မက်နာဂရေစီယာ (စစ္စလီကျွန်းနှင့် အီတလီတောင်ပိုင်း)သို့လည်းကောင်း ၊ ရောက်ရှိသွားပြီး၊ မြေထဲပင် လယ် အနောက်ဘက်ခြမ်းမှ ဂရိ၏ကိုလိုနီနယ်ပယ်များဖြစ်သော မာဆေး ကဲ့သို့သော နေရာများအထိ ပျံ့နှံ့သွားသည်။ ဂရိဘာသာရေးသည် Etruscan (အီတလီနိုင်ငံ ၏ အနောက်ဘက်ရှိ ရှေးဟောင်းဒေသ)ကိုးကွယ်ခြင်းနှင့် ယုံကြည်မှု ကို နောက်ပိုင်း ရောမဘာသာရေးဖြစ်လာရန် ပုံသွင်းဆောင်ရွက်ခဲ့သည်။

အိန္ဒိယဘာသာရေးများ[ပြင်ဆင်ရန်]

ဟိန္ဒူအယူဝါဒ

၁။ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်မှုအပေါ် ဟိန္ဒူအမြင်။ ဘာသာရေးဟိန္ဒူအယူဝါဒသည် ကျယ်ပြန့်သည့်အကြောင်းအရာ တစ်ခုဖြစ်ပြီး ၊ တစ်ဆူတည်းသောဘုရားကို ကိုးကွယ်မှု နှင့် နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်မှုတို့၏ အမှီသဟဲပြုမှုများနှင့် နှစ်မျိုးစလုံးတို့၏ အမျိုးမျိုးကွဲပြား နေခြင်းများနှင့် ရောထွေး နေခြင်းတို့ကို ဖုံးအုပ်လွှမ်းခြုံထားသည်။ ထို့ကြောင့် သာမန်ကိုးကွယ်မှုသည် နတ်ဘုရားအမျိုးမျိုးတို့ကိုကိုးကွယ်မှုများဖြစ်ပြီး ၊ ထို အချိန်မှာပင် ဟိန္ဒူတွေးခေါ်ပညာရှင်များနှင့် ဘာသာရေးဆရာများသည် တစ်မျိုးတည်းသော နတ်ဘုရားအနှစ် သာရပါပြီး ၊ လူသားထက်ကျော်လွန် စိတ္တဇဆန်သော ရုပ်ပစ္စည်းများကိုးကွယ်ခြင်းကို အကြောင်းပြထောက်ခံထား သည်။ ဤနတ်ဘုရားအနှစ်သာရသည် ဗြဟ္မာ သို့မဟုတ် အတ်မန် တို့ကို အမြဲရည် ညွှန်းထားသည်။ သို့သော် ဤပြည့်စုံ သော နတ်ဘုရားအနှစ်သာရ၏ သဘာဝကိုနားလည်သိမြင်ခြင်းသည် ဝိဒါန်တ (Vedanta) ကဲ့သို့သော ဟိန္ဒူအတွေးအခေါ်ဓလေ့ထုံးတမ်းများကို တစ်တန်းတစ်စားတည်း သိမြင်ခြင်းဖြစ်သည်။ များစွာသော ဟိန္ဒူများသည် ဗြဟ္မာကြီးမှဆင်းသက်လာသည့် အမျိုးမျိုးသောနတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြ သည်။ အများစုသည် နတ်ဘုရားတစ်ပါးပါးကို ပုဂ္ဂိုလ်ရေးယုံကြည်မှုအရဖြစ်စေ ၊ ရိုးရာအစဉ်အလာကြောင့်ဖြစ်စေ၊ ဗြဟ္မာကြီး၏ ကိုယ်စားအဖြစ် ကိုးကွယ်ကြသည်။

ဟိန္ဒူအယူဝါဒကို ဆမတ်ထ (Smartha) ၏ အမျိုးတူအလိုက်ခွဲခြားပြရာတွင် ၊ ရှန်ကာရာ (Shankara) ရှင်းပြဖွင့်ဆိုထားသည့် အတ်ဝိတ်တ (Advaita) အတွေးအခေါ်သည် အရေအတွက်များစွာသော နတ်ဘုရားများ ကို ရိုသေခြင်းပြုရာတွင် ဗြဟ္မာကြီး၏တန်ခိုးတော်များဖြစ်သည်မှလွဲ၍မရှိဟု နားလည်သဘောပေါက်ခြင်းကို ခွင့်ပြုထား သည်။ ထိုကြောင့် ရှန်ကာအပါအဝင်မျိုးစုံသော ဝိဒါန်တ ကျောင်းများ၏အဆိုအရ ဟိန္ဒူအယူဝါဒတွင် အရေအတွက် များစွာသော နတ်ဘုရားများရှိသည်။ ၎င်းတို့မှာ ဗိဿနိုး ၊ သီဝ ၊ ဂနက်ရှ ၊ ဟာနူမန် ၊ လက်ချမီး နှင့် ကာလီ တို့ဖြစ်ကြသည်။ သို့သော် နတ်ဘုရားများ သည် ဗြဟ္မာကြီး၏ပုံစံအမျိုးမျိုးကို ခွဲခြားဖော်ပြထားသော နတ်ဘုရားများဖြစ်သည်။ သို့သော်လည်း များစွာသော ဝိဒါန်တတွေးခေါ်ပညာရှင်များကလည်း အားလုံးသော နတ်ဘုရားများအား အတ်မန် ပုံစံဖြစ်သော ဗြဟ္မာကြီး၏တန်ခိုးတော်ဖြင့် တစ်စုတစ်စည်းတည်းရှိစေသည်ဟု တွေးခေါ်ညွှန်ပြထားသည်။

စမတ်သာ ဘာသာရေးအုပ်စုနှင့်ခြားနားချက်တွင် ဝိတ်ရှန်အယူဝါဒ ၊ ရှိုက်ဗိုက် အယူဝါဒ နှင့် ရှက်အယူဝါဒ တို့သည် ရေမြေတောတောင်တိရစ္ဆာန်များ ကို စောင့်ရှောက် သည့် နတ်ဘုရားတစ်ဆူတည်း ကိုးကွယ်မှုကဲ့သို့ ပုဂ္ဂိုလ်ရေးနတ်ဘုရား ယုံကြည်မှုကို လိုက်နာကျင့်သုံးကြသည်။ သို့သော်လည်း ၎င်းတို့၏ ဗြဟ္မာကြီးအပေါ် နားလည်သဘောပေါက်မှုများသည် ကွဲပြားခြားနားလျက်ရှိ သည်။ ဝိတ်ရှနအယူဝါဒီတစ်ဦးသည် ဗိဿနိုး သို့မဟုတ် ကရစ်ရှနား နတ်ဘုရားသာ ကိုးကွယ်ထိုက်သည်ဟု လက်ခံယုံကြည်ထားပြီး အခြားသော နတ်ဘုရားများကိုးကွယ်မှုသည် နိမ့်ကျသည့် ကိုးကွယ်မှု သို့မဟုတ် ဗြဟ္မာကြီး၏ ချဲ့ထွင်ခြင်းများ သွင်ပြင်များတို့ကို ကိုးကွယ်ရန် တိုက်တွန်းပြောဆိုမှုများဟု မှတ်ယူထားသည်။ များစွာသော ဝိတ်ရှနအယူဝါဒီတို့သည် သီဝနတ်ဘုရားကို ဗိဿနိုး နတ်ဘုရားအား ထိပ်ဆုံးမှ ကိုးကွယ်သူအဖြစ် မှတ်သားထားသည်။ ဆဒတ်ရှစ် (Sadashiv) နှင့် ရောထွေးရန်မလို ပါ။ ဆဒတ်ရှစ်ကို ဗိဿနိုး၏ချဲ့ထွင်ထားသူ တစ်ဦးဖြစ် မှတ်ယူသည်။ ရှိက်ဗိုက် ကိုးကွယ်သူများ၏ အနေအထား သည် ဝိတ်ရှနအယူဝါဒနှင့် များသောအားဖြင့် ဆင်တူသည်ဆိုသော်လည်း သီဝနတ်ဘုရားကို အထွတ်အမြတ်ကိုး ကွယ်ကြသည်။

အရှေ့အာရှ ဘာသာရေးများ[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာနှင့် ရှင်တို (Shinto)

၁။ ဗုဒ္ဓဘာသာဘုရား ၊ ဒေဝါနှင့်ဘုရားနှင့် ဗုဒ္ဓဘာသာထဲမှ ကိုးကွယ်ရာမဲ့သူများ။ ဗုဒ္ဓဘာသာတွင် အဆင့်မြင့်ပုဂ္ဂိုလ်များရှိနေကြပြီး ၎င်းတို့ကို သာမန်အားဖြင့် ဘုရားများ ၊ ဒေဝါများ ဟု သုံးနှုန်းပြောဆိုကြသည်။ သို့သော်လည်း ဗုဒ္ဓဘာသာအနှစ်သာရတွင် မည်သည့်ဒေဝါ ၊ မည်သည့်ဘုရား(များ) ကိုမျှ ကိုးကွယ်ခြင်း၊ဆုတောင်းခြင်းပြုလုပ်ရန် သွန်သင်ပြောဆိုထားခြင်းမရှိပါ။ ဒေဝါများသည်ယေဘုယျအားဖြင့် လူသားများထက် အတိတ်ဘဝက ကောင်းမှုကုသိုလ်ကံများ ပိုမိုများပျားခဲ့ကြသူများဖြစ်သည်။ သူတို့၏သက်တမ်းသည်လည်း နောက်ဆုံးတွင် ကုန်ဆုံးကြရသည်။ သူတို့၏ သက်တမ်းကုန်ဆုံးခဲ့လျှင် တစ်ဖန်ဒေဝါအဖြစ် မွေးဖွားနိုင်သည် သို့မဟုတ် အခြားဘုံသို့ ရောက်ရှိသွားသည်။ သူတို့၏အကုသိုလ်ကံများ စုံပုံများပျားလာလျှင် လူ့ဘုံသို့လည်းကောင်း ၊ ထို့ထက်နိမ့်ကျသည့် အောက်ဘုံများသို့ လည်းကောင်း ရောက်ရှိသွားသည်။ လူသားများနှင့် အခြားသော သတ္တဝါတို့သည်လည်း ကောင်းမှုကုသိုလ်များ ပြုလုပ် ခဲ့လျှင် နောင်ဘဝတွင် ဒေဝါများအဖြစ်ပြန်လည်မွေးဖွား နိုင်သည်။ သို့သော်လည်း ကံသေ ကံမထောက်ခံထားသည် မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် နိုင်ငံမျိုးစုံတို့တွင် တိုးတက်ပြန့်ပွားသွားခဲ့သည်။ အချို့သော နိုင်ငံတို့တွင် နတ်ဘုရားအမျိုးမျိုးတို့ကိုကိုး ကွယ်သည့် ရိုးရာဘာသာရေးများရှိနှင့်ပြီးဖြစ်နေသည်။ ဗုဒ္ဓဘာသာသည် မတူညီသောအခြားဘာသာများနှင့် ပေါင်း စည်းရလွယ်ကူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် ရှိနှင့်ပြီးသော ရိုးရာဓလေ့ကိုးကွယ်မှုများနှင့် ပေါင်းစပ် သွားပြီး အမျိုးမျိုးသော ကိုးကွယ်မှုများဖြစ်ပေါ်လာသည်။ ထိုနည်းတူစွာ ကိုးကွယ်ရာမရှိများလည်းဖြစ်ပေါ်လာ သည်။ ဥပမာ အားဖြင့် ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာသည် ရှင်တို နှင့် ရောစပ်သွားသည်။ ရှင်တိုကိုးကွယ် ခြင်းသည် ကာမီ သို့မဟုတ် ကာမီဂါမီ (kamigami) (ကာမီ၏အများဆိုင်နာမ်)နတ်များကို ကိုးကွယ်ခြင်း ဖြစ်ပြီး ၊ ရှင်တိုကိုးကွယ်ခြင်းကို ဗုဒ္ဓဘာသာကိုးကွယ်ပုံ ဓလေ့ထုံးတမ်းအဖြစ်သို့ ပြုပြင်ပုံသွင်းထားသည်။ ထို့အတွက် နောက်ပိုင်း ဗုဒ္ဓဘာသာပုံစံအချို့တွင် ဘုရားများကို ဝတ်ပြုကိုးကွယ်သည့် အခြေခံတရားများပါရှိလာခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]