မာတိကာသို့ ခုန်သွားရန်

ဆိုက်ဘေးရီးယားကတိုးကောင်

ဝီကီပီးဒီးယား မှ
ဆိုက်ဘေးရီးယား ကတိုးကောင်
(Siberian musk deer)
Moschus moschiferus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Moschidae
မျိုးစု: Moschus
မျိုးစိတ်:
M. moschiferus
ဒွိနာမ
Moschus moschiferus
Range of the Siberian musk deer

ဆိုက်ဘေးရီးယား ကတိုးကောင် (Siberian Musk Deer) ကို အာရှတိုက်အရှေ့မြောက်ဘက်ရှိ တောင်ပေါ်တောအုပ်များတွင်တွေ့ရသော ကတိုးကောင်တစ်မျိုး ဖြစ်လေသည်။ သိပ္ပံအမည်မှာ မော့စ်ချက်စ် မော်ချီဖားရက်စ် ဖြစ်သည်။ ယင်းတို့ကို ဆိုက်ဘေးရီးယား တောင်ပိုင်းရှိ အဖျားချွန်သောအရွက်များရှိသည့်အပင်များပေါက်သောတောအုပ်များတွင် တွေ့ရလေသည်။ သို့သော်လည်း ယင်းတို့ကို မွန်ဂိုလီးယားအတွင်းမွန်ဂိုလီးယားမန်ချူးရီးယား (တရုတ်ပြည်အရှေ့မြောက်ပိုင်း) နှင့် ကိုရီးယားကျွန်းဆွယ်တို့၏ အစိတ်အပိုင်းတချို့တွင်လည်း တွေ့ရလေသည်။ အချိန်တွင်သာ အများဆုံးကျက်စားတတ်လေသည်။ ရာသီအလိုက် ခရီးတိုများ ရွှေ့ပြောင်း ကျက်စားတတ်သည်။ မီတာ၂၆၀ဝအထက် မြင့်သောအရပ်တွင်သာ ကျက်စားသည်။ အရွယ်ရောက်ပြီးသော ကတိုးကောင်များသည် သေးငယ်ပြီး ကိုယ်အလေးချိန်သည် ၇ မှ ၁၇ ကီလိုဂရမ်သာ လေးလေသည်။

ဆိုက်ဘေးရီးယားကတိုးကောင်ကို အိုင်ယူစီအန်က မျိုးပြုန်းတီးနိုင်သည့်မျိုးစိတ်အဖြစ် သတ်မှတ်ထားလေသည်။ ယင်းတို့ ၏ ကတိုးကျိတ်ကိုအလိုရှိမှုကြောင့် အမဲလိုက်ခံကြရသည်။ ကတိုးသည် တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၄၅၀ဝ၀ တန်လေ သည်။ အရွယ်ရောက်ပြီးသောအဖိုတစ်ကောင်ထံမှ ကတိုးဂရမ် ဆယ်ဂဏန်း အနည်းငယ်ကိုသာ စစ်ထုတ်ရယူနိုင်လေ သည်။ ကတိုးကောင်ကို မသတ်ဘဲလျက် ကတိုးကျိတ်ကို ဖယ်ရှားယူနိုင်ခြေ ရှိလေသည်။ သို့သော်လည်း မည်သူမှ ဤကဲ့သို့ မလုပ်ဆောင်ကြချေ။

ဆာခါလင်ကျွန်းတွင် မျိုးစိတ်ခွဲတစ်မျိုး ကျက်စားလေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. Nyambayar, B. (2008). "Moschus moschiferus". IUCN Red List of Threatened Species 2008. IUCN.  Database entry includes a brief justification of why this species is of vulnerable.
  2. Huffman, Brent. "Species profile: Moschus moschiferus, Siberian musk deer". www.UltimateUngulate.com. Archived from the original on 2010-02-17. Retrieved 2010-02-17.