ဆပ်ပြာကျင်းရွာ၊ မြင်းမူမြို့နယ်

ဝီကီပီးဒီးယား မှ
ဆပ်ပြာကျင်း
ရွာ
ဆပ်ပြာကျင်းရွာ
ဆပ်ပြာကျင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဆပ်ပြာကျင်း
ဆပ်ပြာကျင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°02′15″N 95°33′07″E / 22.0374908447266°N 95.551902770996°E / 22.0374908447266; 95.551902770996ကိုဩဒိနိတ်: 22°02′15″N 95°33′07″E / 22.0374908447266°N 95.551902770996°E / 22.0374908447266; 95.551902770996
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်စစ်ကိုင်းခရိုင်
မြို့နယ်မြင်းမူမြို့နယ်
ကျေးရွာအုပ်စုဆပ်ပြာကျင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဆပ်ပြာကျင်းရွာ (အင်္ဂလိပ်: Satpyarkyin)သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းခရိုင်မြင်းမူမြို့နယ်ဆပ်ပြာကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၁၉၃ ဖြစ်သည်။ [၁]ကျေးရွာသည် ထီးဆောင်း-အရာတော် ကားလမ်းမကြီး၏အနောက်ဘက်တမိုင်ခန့်အကွာတွင်တည်ရှိသည်။ မြောက်ဘက်တွင် ခွက်ခွင်းစံပြကျေးရွာ တောင်ဘက်တွင်ကန်တော်ကျေးရွာ အနောက်ဘက်တွင် ကန်ဆွယ်ကျေးရွာ အရှေ့ဘက်တွင် ကန်ဖျားကျေးရွာတို့တည်ရှိသည်။ ကျေးရွာတွင် အိမ်ထောင်စု၃၄၀ခန့်ရှိပြီး လူဦးရေ၁၆၀၀ခန့်ရှိသည်။လူဦးရေအများစုသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။



ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။