စုန့်ယွိချီ

ဝီကီပီးဒီးယား မှ


စုန့်ယွိချီ
Song Yuqi in peach-colored outfit for an photoshoot in 2021
စုန့်ယွိချီ (၂၀၂၁)
မွေးဖွား (1999-09-23) စက်တင်ဘာ ၂၃၊ ၁၉၉၉ (အသက် ၂၄)
ပေကျင်း
အလုပ်အကိုင်
  • တေးရေး
  • တေးဆို
  • တေးထုတ်လုပ်သူ
  • အကပညာရှင်
  • ရုပ်သံတင်ဆက်သူ
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာVocals
တက်ကြွသည့်နှစ်များ2018–present
တေးသံသွင်း ကုမ္ပဏီ
ပူးတွဲ ပါဝင်မှု
တရုတ်အမည်
တရုတ်
Hanyu PinyinSòng Yǔqí
Wade–GilesSung Yü-ch'i
ကိုရီးယားအမည်
ဟန်ဂုလ်
Revised RomanizationSong U-gi
McCune–ReischauerSong Uki
လက်မှတ်

စုန့်ယွိချီ (တရုတ်: 宋雨琦 ကိုရီးယား: 송우기 ၊ ၁၉၉၉ စက်တင်ဘာ ၂၃ ဘွား) သည် အမည်အတိုကောက် အူဂီ (ကိုရီးယား: 우기) ဖြင့် လူသိများသော တရုပ်နိုင်ငံသား တေးရေး၊ တေးဆို၊ တေးထုတ်လုပ်သူနှင့် အကပညာရှင် ဖြစ်သည်။ တရုပ်နိုင်ငံ၌ တကိုယ်တော်အဆိုရှင်အဖြစ် ရပ်တည်သည့်နည်းတူ ကိုရီးယားတွင်လည်း အမျိုးသမီးအဆိုအဖွဲ့ အိုင်ဒီး ( (G)I-dle ) တွင် ပါဝင်သည်။ တရုပ်ပြည်ရှိ ရသစုံရှိုးပွဲ "ဆက်လုပ်ထား" (Keep Running) တွင် ၂၀၁၉ ခု၌၎င်း ၂၀၂၁ ခု၌၎င်း ပါဝင်သည်။ ကိုရီးယား၌လည်း ကာကာအိုတီဗွီ၏ သရုပ်မှန်ရှိုးပွဲ နည်းလမ်းကိုလေ့လာ (Learn Way) တွင် ပင်တိုင်တင်ဆက်သူ ဖြစ်၏။

ငယ်ဘဝ[ပြင်ဆင်ရန်]

အူဂီကို ၁၉၉ ခု၊ စက်တင်ဘာလ ၂၃ ရက်တွင် ပေကျင်း၌ မွေးသည်။ အလယ်တန်းကို ဘေကျင်း (၁၀၁) အလယ်တန်းကျောင်းတွင် တက်ခဲ့သည်။ [၄]

အနုပညာလမ်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၅ ခုတွင် ပေကျင်း၌လုပ်သောကိုရီးယားရှိ ကျူ့ဖျော်ဖြေရေးမှ လူသစ်ရှာသည့် ကျူ့စတား (Cube Star) လူတွေ့စစ်ဆေးပွဲတွင် ယှဉ်ပြိုင်ရာ အောင်မြင်သဖြင့် ကျူ့ဖျော်ဖြေရေး၏ သင်တန်းသူအဖြစ် ရွေးချယ်ခံရသည်။ [၅]

၂၀၁၈-၂၀ ကာလ လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၂၀၁၈ ခု၊ ဧပြီလ ၈ ရက်တွင် အူဂီအား အသစ်ဖွဲ့စည်းသော အမျိုးသမီးအဆိုအဖွဲ့ အိုင်ဒီးတွင် ပါဝင်ရမည်ဖြစ်ကြောင်း လူထုအား ကျူ့ဖျော်ဖြေရေးမှ မိတ်ဆက်ပေးသည်။ [၆] မေလ ၂ ရက်တွင် ၎င်းတို့ ဗွေဆော်ဦးအယ်လဘမ် ငါပါ (I Am) မှ စဦးသီချင်းဖြစ်သော လာတာတာ (라타타) တွင် ဦးဆောင်အဆိုရှင်အဖြစ်၎င်း၊ ခေါင်းစီးအကသမားအဖြစ်၎င်း ပါဝင်သည်။ [၇]

၂၀၁၉ ခုတွင် တရုပ်နိုင်ငံမှ ရုပ်သံရှိုးဖြစ်သော ဆက်လုပ်ထား တွင် ပါဝင်သည်။ [၈]

၂၀၂၁ တကိုယ်တော် ပွဲထွက်ခြင်း[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ မေလ ၆ ရက်တွင် ကျူ့ဖျော်ဖြေရေးမှ အူဂီ၏ တကိုယ်တော်အယ်လဘမ် စာတမျက်နှာ (A Page) ထွက်ရှိလာမည်ဖြစ်ကြောင်း ကြေညာသည်။ မေလ ၁၃ ရက်တွင် ခွေထွက်ရာ ယခင်တပုဒ်ကောင်းအဖြစ် ထုတ်ဝေသည့် အသူရိန် (Giant) နှင့် ဘွန်နီနဲ့ ကလိုက် (Bonnie & Clyde) တို့လည်း ယင်းခွေတွင် ပြန်ပါလာ၏။ [၉]

ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

၂၀၁၆ ခုတွင်မှ ကိုရီးယား ရောက်သော်လည်း အူဂီသည် မြေခြားအနုပညာသမားများအနက် ကိုရီးယားစကား အကျွမ်းကျင်ဆုံးအဖြစ် လူသိများသည်။ [၁၀] ၂၀၂၀ ပြည့်တွင် သူ့ကျွမ်းကျင်မှုကို မှတ်ကျောက်တင်ရန် ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစစ်ဆေးခြင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ အမှတ် ၂၃၀ အနက် ၂၂၂ မှတ် ရသည်။ ကေဘီအက်-၂ မှ ထုတ်လွှင့်သော အတူတူပျော် အတွဲ (၃) (Happy Together season 3) ၌ ယင်းအကြောင်းကို မေးမြန်းရာ ကိုရီးယားဇာတ်လမ်းတွဲများမှ သင်ယူခဲ့ကြောင်း ဆို၏။ [၁၁]

လူမှုရေးရာနှင့် အနုပညာဆိုင်ရာ လှုပ်ရှားမှုတို့တွင် တွေ့မြင်ရသော အူဂီ၏ ဓာတ်ပုံများ
အူဂီ (၂၀၁၈)
အူဂီ (၂၀၁၈) 
Profile of stone face on mountainside, with 3 workers.
PUBG နိုင်ငံတော်ဖလားပြိုင်ပွဲသို့ တက်သည့် အူဂီ (၂၀၁၉ ဩဂုတ် ၉)
PUBG နိုင်ငံတော်ဖလားပြိုင်ပွဲသို့ တက်သည့် အူဂီ (၂၀၁၉ ဩဂုတ် ၉) 

ကိုးကား[ပြင်ဆင်ရန်]

  1. Xiao Caiwei (January 10, 2019)။ 賴冠霖同門「台灣女孩」舒華爆赴陸發展官方微博「個人照」公開 (in zh)။ May 14, 2021 တွင် ပြန်စစ်ပြီး။
  2. Tatiana Cirisano (April 9, 2020)။ K-Pop Girl Group (G)I-DLE Signs With Republic Records in the US။ January 4, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 7, 2021 တွင် ပြန်စစ်ပြီး။
  3. 宋雨琦 (in zh) (April 12, 2021)။ April 19, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 19, 2021 တွင် ပြန်စစ်ပြီး။
  4. "宋雨琦个人资料简介". IJQ.tv. February 15, 2019. Archived from the original on April 24, 2020.
  5. Aiqiyi exclusive interview (G)I-DLE: Chinese, Korean, and Thai three-language hilarious dialogue, July 31, 2018, archived from the original on August 1, 2018,
  6. 큐브 '(여자)아이들', 멤버 미연·우기 프로필 사진..'예쁨 가득'. Sports MK (in Korean). Naver. April 9, 2018. Archived from the original on June 12, 2018.
  7. '데뷔' (여자)아이들, 타이틀곡 'LATATA' MV 티저 영상 공개. Herald Pop (in Korean). May 5, 2018. Archived from the original on May 5, 2018.
  8. Zhang, Yan (February 21, 2019). "全新跑男团首合体!快看看Baby宋雨琦的"仙女组合"生图颜值能打不?". Yangtse Evening News. Archived from the original on May 13, 2021.
  9. Lee Seul (May 6, 2021). (여자)아이들 우기, 13일 싱글 'A page' 발매…데뷔 3년 만에 첫 솔로 [(G)I-dle Yuqi releases single 'A page' on the 13th... First solo after 3 years of debut]. Xports News. Archived from the original on May 6, 2021.
  10. Hong Shinik (July 27, 2020). '퀴즈돌' (여자)아이들 우기, ”한국어 선생님='별그대' 김수현” Archived 13 May 2021 at the Wayback Machine. ['Quiz Doll' (G)I-dle Yuqi, "Korean Teacher ='Star You're Kim Soo-hyun"]. Daily Star. Archived from the original on May 13, 2021.
  11. Park Yong-geun (August 17, 2018). '해피투게더3' 우기 "김수현이 한국어 선생님…'별그대' 보고 배웠다" ['Happy Together 3' Yuqi "Kim Soo-hyun is my Korean teacher..."]. Joy News24. Archived from the original on May 13, 2021.